“ရာသီဖွားများနဲ့သူငယ်ချင်းစိတ်ဓာတ်”

Astrology
“ရာသီဖွားများနဲ့သူငယ်ချင်းစိတ်ဓာတ်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ရာသီဖွားများနဲ့သူငယ်ချင်းစိတ်ဓာတ်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ရာသီဖွားများနဲ့သူငယ်ချင်းစိတ်ဓာတ်”

Aries (မိဿရာသီဖွား)မတ် ၂၁ ရက်မှဧပြီ ၂၀

လူတိုင်းနဲ့ ခင်တတ်တယ်။ သူငယ်ချင်းတွေကို သူ့ကြောင့်ဒုက္ခတွေပေးမိမှာကို အရမ်းစိုးရိမ်တတ်တယ်။ သူ့အပေါ်မကောင်းတဲ့ သူငယ်ချင်းမျိုးဆိုရင်တော့ စကားမပြောဘဲမေ့ထားတတ်တယ်။သဘောကောင်းပြီး အားပေးတတ်တဲ့ သူငယ်ချင်းကောင်း စိတ်ဓာတ်ရှိတယ်။

Taurus (ပြိဿရာသီဖွား)ဧပြီ ၂၁ ရက်မှမေ ၂၀

သူငယ်ချင်းများနဲ့ပွင့်ပွင့်လင်းလင်းပဲ ပေါင်းသင်းတတ်တယ် ။ များသောအားဖြင့်သူငယ်ချင်းများအပေါ်တွင် ကူညီတတ်ပြီးအမြင်မတော်တာရှိရင်လည်း စေတနာနဲ့ဝင်ပြောတတ်တယ်။ အပေါင်းအသင်းခင်ပြီး စိတ်မြန်ကိုယ်မြန်ရှိတဲ့ သူငယ်ချင်းမျိုးဖြစ်တယ် ။

Gemini(မေထုန်ရာသီဖွား) မေ၂၁ရက်မှဇွန် ၂၀

မိတ်ဆွေတွေနဲ့အတူအချိန်ဖြုန်းရတာ သဘောကျတယ်။ သူ့နဲ့အတူ ခဏခဏ အချိန်ဖြုန်းပေးတဲ့သူငယ်ချင်းကို အရမ်းခင်တွယ်တယ်။
အကြံညဏ်ပေးရာတွင်လည်း တော်ပြီး သူငယ်ချင်းများကို လမ်းပြပေးနိုင်တဲ့အစွမ်းရှိတယ်။ တန်ဖိုးရှိတဲ့သူငယ်ချင်းမျိုးဖြစ်တယ်။

Cancer(ကရကဋ်ရာသီဖွား)ဇွန်၂၁ရက်မှဇူလိုင်၂၀

အပေါင်းအသင်းအခင်တတ်ဆုံး ဖြစ်တယ်။ သူငယ်ချင်းများကို အရမ်းအလေးအနက်ထားပြီး ဂရုစိုက်တတ်တယ်။ တစ်ခုခုဖြစ်ရင်လည်းသူငယ်ချင်းဆီကိုပဲ ရင်ဖွင့်ချင်သူဖြစ်တယ်။ သူငယ်ချင်းများရဲ့ပြဿနာတွေကိုလည်းအချိန်ပေးပြီး နားထောင်ပေးတဲ့ အပေးသမား သူငယ်ချင်းတစ်ယောက်ဖြစ်တယ်။

Leo (သိဟ်ရာသီဖွား)ဇူလိုင် ၂၁ရက်မှသြဂုတ် ၂၁

အပြင်မှာ ခပ်တည်တည်နေပေမယ့် သူငယ်ချင်းများနှင့်တွေ့ရင်တော့လွတ်လွတ်လပ်လပ် ခပ်ပျော်ပျော်နေတတ်တယ်။ သူတတ်နိုင်တာရှိရင်အလွယ်တကူအကူအညီပေးပြီးသူလိုတာရှိရင်လည်း အားနာပါးနာနဲ့ တောင်းတတ်တယ်။ သစ္စာရှိပြီး ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းဖြစ်တယ်။

Virgo(ကန်ရာသီဖွား)သြဂုတ်၂၂ရက်မှစက်တင်ဘာလ၂၂

သူငယ်ချင်းများကို သူတတ်နိုင်သလောက် အမြဲနားလည်မှုပေးတယ်။ ပျော်ပျော်နေပြီး များသောအားဖြင့် တကိုယ်တည်းရပ်တည်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူ့အတွင်းစိတ်ထဲမှာတော့ သူငယ်ချင်းကောင်းတစ်ယောက်ကို အမြဲလိုအပ်နေတယ်။ အဓိပ္ပာယ်ရှိတာတွေဆွေးနွေးပြီး အတူအချိန်ဖြုန်းလို့ အရမ်းကောင်းတဲ့သူငယ်ချင်း တစ်ဦးဖြစ်တယ်။

Libra (တူရာသီဖွား)စက်တင်ဘာ ၂၃ ရက်မှအောက်တိုဘာ ၂၂

ဖော်ရွှေပြီး တည်ငြိမ်တဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။တခါတလေ အပြောအဆိုမတတ်သဖြင့် အသိများအကြားအထင်လွဲခြင်းကိုခံရတတ်တယ်။
သူငယ်ချင်းများနှင့်တိုင်ပင်ဆွေးနွေးပြီးလုပ်ရတာကိုလည်း သဘောကျသူဖြစ်တယ်။တခုခုဆို ပူးပေါင်းလုပ်ကိုင်လို့အဆင်ပြေပြီးလုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်လိုခင်လို့ရသောသူငယ်ချင်းကောင်း တစ်ယောက်ဖြစ်တယ်။

Scorpio (ဗြိစ္ဆာရာသီဖွား)အောက်တိုဘာ ၂၃ရက်မှ နိုဝင်ဘာ ၂၂

သူငယ်ချင်းပေါပေမဲ့ တကယ်ခင်တဲ့သူရှားတယ်။ တစ်ယောက်ယောက်နှင့်ပိုခင်လေထိုသူကို ပိုဂရုစိုက်လာလေဖြစ်တယ်။ သူငယ်ချင်းများအပေါ်တွင် သံယောဇဉ်ကြီးတယ်။အစပိုင်းမှာသူ့အကြောင်းတွေကိုဖုံးကွယ်ထားပေမယ့် တကယ်ရင်းနှီးပြီဆိုလျှင်လျို့ဝှက်ချက်တွေအကုန်ဖွင့်ပြောပြီး ထာဝရခင်မင်သွားတတ်တဲ့သူငယ်ချင်းကောင်းဖြစ်တယ်။

Saggitarius(ဓနုရာသီဖွား)နိုဝင်ဘာ၂၃ရက်မှဒီဇင်ဘာ ၂၀

သူငယ်ချင်းများကိုတန်ဖိုးအထားတတ်ဆုံးသူဖြစ်တယ် ။ သူငယ်ချင်းများဘက်မှ အမြဲရပ်တည်ပြီး သူ့သူငယ်ချင်းတွေကို လာထိလျှင်လုံး၀ သည်းမခံသူဖြစ်တယ်။ ခင်မင်လျှင် အစွမ်းကုန်ပေးဆပ်ပြီး သစ္စာဖောက်သောသူငယ်ချင်းများကိုတော့
ရန်လိုတတ်တယ်။ သူငယ်ချင်းများနှင့် အမြဲပျော်ပျော်ပါးပါးနေချင်ပြီးသူငယ်ချင်းအပီသဆုံးသူ တစ်ဦးဖြစ်တယ်။

Capricorn (မကာရရာသီဖွား) ဒီဇင်ဘာ၂၁ရက်မှဇန်နဝါရီ ၁၉

ပုံမှန်အေးဆေးစွာ ခင်မင်တတ်သောအကျင့်ရှိတယ်။ သူငယ်ချင်းများနှင့်စနောက်ပြီး အတူအချိန်ဖြုန်းရတာကို ကြိုက်နှစ်သက်သူဖြစ်တယ်။ သူငယ်ချင်းများက သူ့အပေါ်ထင်မြင်ချက်များကိုလည်း အရမ်းအလေးထားသူဖြစ်တယ်။ သာမန်အချိန်များတွင် သူ့သူငယ်ချင်းစိတ်ဓာတ်မှာ သိပ်မသိသာပင်မယ့်အရေးကြုံလာလျှင်အစွမ်းကုန်ကူညီပေးတတ်သော သူငယ်ချင်းမျိုးဖြစ်တယ်။

Aquarius(ကုမ်ရာသီဖွား)ဇန်နဝါရီ၂၀ရက်မှဖေဖော်ဝါရီ ၁၈

အတိုင်ပင်ခံအကြံပေးနှင့်တူသောသူငယ်ချင်းမျိုးဖြစ်တယ်။ သူ့သူငယ်ချင်းများရဲ့ ပြဿနာတိုင်းကို ရှုထောင့် အမျိုးမျိုးမှ ကြည့်ပြီး အကြံညဏ်တွေပေးဖို့ အမြဲအသင့်ရှိနေတတ်တယ်။ မဆီမဆိုင်တာတွေလျှောက်ပြောပြီးသူငယ်ချင်းများကိုလည်းရယ်အောင်လုပ်တတ်တယ်။နွေးထွေးစွာဆက်ဆံပြီး ခင်မင်မှုကော၊ လမ်းညွှန်မှုပါပေးနိုင်တဲ့ သူငယ်ချင်းလေးဖြစ်တယ်။

Pisces (မိန်ရာသီဖွား)ဖေဖော်ဝါရီ ၁၉ရက်မှမတ်လ ၂၀

နားလည်ပေးနိုင်စွမ်းအမြင့်ဆုံးရှိသောသူငယ်ချင်းတစ်ယောက်ဖြစ်တယ်။ ပါးစပ်ကအမြဲထုတ်ဖော် မပြောပေမယ့်သူငယ်ချင်းများကို မကြာခဏသတိရတတ်တယ်။ ဝါသနာတူသူငယ်အချင်းချင်းဆိုရင် တသက်လုံးခင်မင်သွားတတ် သူလည်းဖြစ်တယ် ။ အနေအေးသောကြောင့် တခါတရံ စိမ်းသွားသယောင်ရှိပင်မယ့် သူ့စိတ်ထဲမှာတော့ သူငယ်ချင်းများကို အမြဲအရင်လိုခင်မင်လျှက်ရှိသော သူတစ်ဦးဖြစ်တယ်။

အားလုံးဘဲ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ကြပါစေ။

ရေးသားသူ – kiki emoticon

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။