သူ့ယောကျာ်းကိုthetတဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အချစ်နဲ့မြှားပြီး လက်စားချေခဲ့သူ

International News
သူ့ယောကျာ်းကိုthetတဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အချစ်နဲ့မြှားပြီး လက်စားချေခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့ယောကျာ်းကိုthetတဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အချစ်နဲ့မြှားပြီး လက်စားချေခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့ယောကျာ်းကိုthetတဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အချစ်နဲ့မြှားပြီး လက်စားချေခဲ့သူ

ကိုလံဘီယာမှာ ဖြစ်သွားတဲ့ဖြစ်ရပ်တစ်ခုက လျှို့ဝှက်သည်းဖို ဟောလိဝုဒ်ဇာတ်ကားတစ်ကား ကြည့်ရတဲ့အတိုင်းပါပဲ။ သူ့ယောကျာ်းကို thetခဲ့တဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အမျိုးသမီးတစ်ယောက်က လက်စားချေခဲ့တာပါ။

ဟွမ်ချိုလို့ လူသိများတဲ့ အမျိုးသားကို အများစုက ဘုရား တရားသမား၊ သူတော်ကောင်းကြီးလို့ ထင်ထားကြတာပါ။ ဒါပေမဲ့ သူက နောက်ကွယ်မှာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး အမေရိကန်နဲ့ ဗဟိုအမေရိကနိုင်ငံတွေထံ မူးယစ်ဆေးဝါးတွေ တင်ပို့နေသူပါ။ ဟွမ်ချိုက ရက်စက်ပြီး လူthet၊ ငွေညှစ်ဖို့လည်း တပည့်တွေကို ခိုင်းစေလေ့ရှိပါတယ်။

သူ့ယောကျာ်း အthetခံရပြီးနောက်မှာ အမျိုးသမီးက ဘယ်သူ thetတာလဲဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားရင်း ဟွမ်ချိုရဲ့ အတွင်းစည်းထဲ တစိမ့်စိမ့် ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက်မှာ ဟွမ်ချိုကို အယုံသွင်း၊ ချစ်ဟန်ဆောင်ခဲ့ပါတယ်။

ဟွမ်ချိုက ဒီအမျိုးသမီးကို ချစ်မိသွားပြီး သူ့ရဲ့ အတွင်းရေးကိစ္စတွေ ပြောပြခဲ့တာပါ။ ကိုလံဘီယာ ရဲတပ်ဖွဲ့ကလည်း ဟွမ်ချိုကို ၂၀၂၀ ပြည့်နှစ်လောက်ကတည်းက သံသယရှိသူစာရင်းမှာ ထည့်သွင်းခဲ့ပေမဲ့ သူ့ကို စွဲချက်တင်နိုင်မယ့် အထောက်အထားတွေ မရှာနိုင်ခဲ့ဘူး။

တစ်ရက်မှာတော့ တခြားဒုစရိုက်သမားတွေနဲ့ မွန်တီရီယာမြို့မှာ အစည်းအဝေးလုပ်မယ့်အကြောင်း ဟွမ်ချိုက အမျိုးသမီးကို ပြောပြခဲ့ပါတယ်။ အမျိုးသမီးက ဒီအကြောင်းကို ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့ပြီး ကိုလံဘီယာ အမျိုးသားတပ်ဖွဲ့က အထူးစစ်ဆင်ရေးမစ်ရှင်နဲ့ ဝင်စီးခဲ့ရာမှာ ဟွမ်ချိုကို ဖမ်းမိခဲ့ပါတယ်။

ဟွမ်ချိုကို ဖမ်းမိအောင် ကူညီပေးပြီး စွဲချက်တင်နိုင်မယ့် အထောက်အထားတွေ စုဆောင်းပေးခဲ့တဲ့အမျိုးသမီးကတော့ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ ဟွမ်ချိုကတော့ ထောင်ဒဏ် ၂၂ နှစ် ချခံခဲ့ရပါတယ်။ လုံခြုံရေးအခြေအနေအရ အမျိုးသမီးရဲ့နာမည်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။