အမှန်တရားကို ချစ်မြတ်နိုးတဲ့ မင်းသားကြီး အန်ကယ်လေး (ခေါ်) လူမင်း ရဲ့ ဘ၀ဇာတ်ကြောင်း

Celebrity
အမှန်တရားကို ချစ်မြတ်နိုးတဲ့ မင်းသားကြီး အန်ကယ်လေး (ခေါ်) လူမင်း ရဲ့ ဘ၀ဇာတ်ကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ မင်းသားကြီး အန်ကယ်လေး (ခေါ်) လူမင်း ရဲ့ ဘ၀ဇာတ်ကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှန်တရားကို ချစ်မြတ်နိုးတဲ့ မင်းသားကြီး အန်ကယ်လေး (ခေါ်) လူမင်း ရဲ့ ဘ၀ဇာတ်ကြောင်း

မြန်မာနိုင်ငံ ရုပ်ရှင် ဉက္ကဌ တစ်ယောက်ဖြစ်ခဲ့ပြီး “အန်ကယ်လေး” လို့ ရုပ်ရှင်လောကသားများ ခေါ်တွင်ကြသော ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ လူမင်း ရဲ့ ဘဝအကြောင်းကို ဖော်ပြ‌ပေးသွားမှာပဲ ဖြစ်ပါတယ်။ လူမင်းကို (၁၉၇၀)ခုနှစ်၊ မေလ(၅)ရက်နေ့တွင် အဖ ဦးသိန်းလှိုင် နှင့် အမိ ဒေါ်ရီရီလှိုင် တို့မှ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ ၌ မွေးဖွားခဲ့ပါတယ်။

အမည်ရင်းမှာ မောင်မင်းမင်းလှိုင်ဖြစ်ပါတယ်။ (၂၀၀၄)ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ခင်စံပယ်ဦး(ခင်စံပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်)၊ သီဟတင်စိုးနှင့် စည်သူတင်စိုးတို့၏ ညီမနှင့် လက်ထပ်ခဲ့ပါတယ်။ ဧရာဝတီလူမင်း အမည်ရှိသော သမီးလေးနှင့် ဧဝရတ်လူမင်း အမည်ရှိသော သားလေးတို့ ထွန်းကားခဲ့ပါတယ်။

လူမင်းဟာ (၁၉၉၅) ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ဝင်‌ရောက်လာကာ (၂၀၀၂) ခုနှစ်တွင် “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ လက်ရှိတွင် လူမင်းဟာ “အမျိုးသား ဇာတ်ဆောင်ဆု” (၂) ဆု၊ အမျိုးသား ဇာတ်ပို့ဆု (၂) ဆု နဲ့ “ရုပ်ရှင်ဇာတ်ကားဆု” (၁)ဆုကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်သည်။

(၂၀၀၂)ခုနှစ်တွင် ရိုက်ကူးခဲ့သော “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း၊ (၂၀၀၅) ခုနှစ်တွင် ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော “ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း “အမျိုးသား ဇာတ်ဆောင်ဆု” ကိုရရှိခဲ့ပါတယ်။ “ အမျိုးသား ဇာတ်ပို့ဆု” ကိုတော့ (၂၀၁၆) ခုနှစ်တွင် ရိုက်ကူးခဲ့သော “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာ တာတေ”၊(၂၀၁၉) ခုနှစ်တွင် ရိုက်ကူးခဲ့သော “ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားများဖြင့် ဆွတ်ခူး ရရှိခဲ့ပါတယ်။

လူမင်းဟာ မြန်မာ့အနုပညာလောက မှာ အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ (၂၀၀၅) ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာ လုပ်၍ ရိုက်ကူးခဲ့သော “ကျန်စစ်သား” ဇာတ်ကားဖြင့် “ရုပ်ရှင်ဇာတ်ကားဆု” ရရှိခဲ့ရုံသာမက ထိုဇာတ်ကားကို မလေးရှား၊ စင်္ကာပူ၊ သြစတေးလျ နှင့် တရုတ်နိုင်ငံတို့တွင် ရုံတင်ပြခဲ့သည်။

လူမင်း၏ ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကားများမှာ (၂၀၀၅)ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော မင်းသားကြီး ညွန့်ဝင်း၊ မင်းသမီး ထက်ထက်မိုးဦးနှင့် မေသန်းနု တို့ နဲ့အတူ ပါဝင်ခဲ့သော “ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားကြီး၊(၂၀၀၅) ခုနှစ်ထဲမှာပဲ ဒါရိုက်တာ စင်ယော်မောင်မောင် ရိုက်ကူးခဲ့သော မင်းသား ညွန့်ဝင်း၊ လွင်မိုး၊ မင်းသမီး စိုးမြတ်နန္ဒာ တို့ နဲ့အတူ ပါဝင်ခဲ့သော “လျှို့ဝှက်သောနှင်း” ရုပ်ရှင်ဇာတ်ကားကြီး၊ (၂၀၁၄) ခုနှစ်တွင် ထုတ်ဝေခဲ့သော မင်းသား နေတိုး၊ မြင့်မြတ်၊ ပြေတီဦးတို့ ပါဝင်သော “ကိုတင့်တို့ စူပါရပ်ကွက်” ရုပ်ရှင်ဇာတ်ကားကြီး၊ (၂၀၁၈) ခုနှစ်တွင် လူမင်း ကိုယ်တိုင် ဒါရိုက်တာလုပ်၍ မင်းသမီး ဝတ်မှုန်ရွှေရည်၊ အိန္ဒြာကျော်ဇင်၊ ပတ်ထရစ်ရှာ၊
ထွန်းအိန္ဒြာဗိုလ်တို့ပါဝင် သရုပ်ဆောင်ထားသော “ရောင်ပြန်” ရုပ်ရှင် ဇာတ်ကားကြီး အစရှိသည်တို့ဖြစ်သည်။

လူမှုကွန်ရက်တွင် လူမင်း၏ ဒိုင်ယာလော့ စာသား မှားခဲ့၍ သူ့ပုံနှင့် လူတော်တော် များများက Trollခဲ့ခြင်းနှင့် ပတ်သက်၍လည်း ရိုက်ကူးစဉ်က အမှန်တကယ်မှားခဲ့သောကြောင့် စိတ်မဆိုးပါဘူး ဟု ပြောကြားခဲ့ကြောင်းသိရသည်။

လူမင်းဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဉက္ကဌ အဖြစ်လည်း (၂၀၁၃) ခုနှစ်၊ ဇွန်လမှ (၂၀၁၇)ခုနှစ်အထိ လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဉက္ကဌ လုပ်ခဲ့တဲ့(၄)နှစ်တာ ကာလမှာတော့ အနုပညာအလုပ်တွေ လျော့လုပ်ကာ အများအကျိုးအတွက် မိမိ၏တာဝန်များကို စိတ်အားထက်သန်စွာ လုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ စီးပွားရေး လုပ်ဖြစ်ခဲ့လျှင်လည်း အနုပညာနဲ့ ပတ်သက် တဲ့ စီးပွားရေးမျိုးကိုသာ လုပ်မယ်လို့လည်း သိရပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။