နိမိတ်ကိုမယုံကြည်သောသူ(သို့)အနော်ရထာမင်း

Astrology
နိမိတ်ကိုမယုံကြည်သောသူ(သို့)အနော်ရထာမင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိမိတ်ကိုမယုံကြည်သောသူ(သို့)အနော်ရထာမင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိမိတ်ကိုမယုံကြည်သောသူ(သို့)အနော်ရထာမင်း

ပုဂံခေတ် သက္ကရာဇ် ၄၃၉ (အေဒီ-၁၀၇၇)ခုနှစ်၌ ကျောက်ဆည်နယ် လယ်တွင်းဆယ့်တစ်ခရိုင်ဒေသ၌ဆည် မြောင်း ကန် ချောင်း တူးမြောင်းများကို ပြုစုတော်မူပြီးနောက် တဲတော်၌စံနေတော်မူစဉ် တဲတော်အောက်ခြေ မြေထဲမှ ဖားအော်သံကြားရ၏။အနော်ရထာမင်းကြီးလည်း ဖားငယ်မြည်သောအကြောင်းကို ဟူးရားဖြူဟူးရားညို တို့အားမည်သို့နိမိတ်ဖြစ်ကြောင်း မေးမြန်းတော်မူသည်။

ပုဏ္ဏားတို့က မကောင်းသောနိမိတ်ဖြစ်ကြောင်းဖားဖိုthay၍ ဖားမက ၎င်းဖားthayကို ပိုး၍ဖားလင်ကောင်ပိုးလျှက် ငိုနေသံဖြစ်သည်ဟု လျှောက်တင်သည်။

ထိုအခါ တဲတော်အောက်မြေကြီးတွင်းအား တူးဖော်ကြည့်စေရာ ဟောသည့်အတိုင်းပင် ဖားမ၊လင်ကောင်ပိုးလျှက် မြည်နေသည်ကို တွေ့ရသည်။

မင်းကြီးလည်း ဤအကြောင်းကားမည်သို့သောနိမိတ်နည်းဟုမေးမြန်းသောအခါ ဘုန်းတော်ကြီးသောအရှင်သည် နေပြည်တော်သို့မရောက်ခင် ရန်သူ့လက်တွင် အပျက်မြင်၍ နတ်ပြည်စံတော်မူလတ္တံ့ဟု နားတော်လျှောက်၏။ အနော်ရထာမင်းကြီးလည်း
“ငါသို့သောမင်းအား ဤသို့လျှောက်စကားလျှောက်ဝံ့ချေသည်။ရှိစေဦး။ထိုဟောပြောချက် မမှန်မှthetမည်”ဟုမိန့်ပြီးလျှင် ထိုဗေဒင်တတ်ပုဏ္ဏားတို့ကို သံခြေကျင်းခတ်ပြီးလျှင် နှောင်အိမ်ဖြင့်ထားလေသည်။

ယင်းသို့မှ စစ်အင်္ဂါလေးပါးနှင့်တကွဆင်တော်သန်မြန်စွာကို စီးတော်မူ၍အမတ်သူရဲကောင်းခုနှစ်ထောင် ဝန်းရံကာ နေပြည်တော်ပေါက္ကာရာမသို့ပြန်ခဲ့၏။

နေပြည်တော်သရပါတံခါးမှဝင်လုဆဲအခါတွင် မုဆိုးတစ်ယောက်ရောက်လာ၍အောင်သာ မြစ်ခြေအရပ်(ပခုက္ကူနယ်)၌ စက္ခုပါလဟူသော ကျွဲရိုင်းသည် လူသူမသွားလာဝံ့အောင် ရန်ပြုလျှက်ရှိကြောင်းလျှောက်တင်သည်။

အနော်ရထာမင်းကြီးလည်း ပြုဖူးသောကုသိုလ်ကံအပြီးသို့ရောက်ပြီဖြစ်၍ သရပါတံခါးဝင်ပြီးမှ ပြန်လှည့်ထွက်၍ “ထိုကျွဲကို ငါဆင်နှင့်တိုက်တော်မူမည်”ဟူ၍မြစ်ခြေအောင်သာသို့ချီတက်တော်မူသည်။ရောက်သော် ကျွဲရိုင်းကိုမြင်တော်မူလျင် ဆင်ကိုချွန်းဖွင့်၍ လွှတ်တော်မူသည်။

ကျွဲရိုင်းသည် ပကတိကျွဲမဟုတ်ပဲ ရှေးကပြုဖူးသောအကုသိုလ်ကံကြောင့်ဖြစ်ရသော ကျွဲဖြစ်၍ ဆင်တော်ထက်မှာကို တည့်တည့်လှမ်းခတ်မိလေရာ အနိစ္စ ရောက်တော်မူလေ၏။ကျွဲရိုင်းအကြောင်းမှာကား ရှေးဘဝကရန်သူဖြစ်ဖူးသော သူတစ်ယောက်သည် လိမ်ပင်တွင် လိမ်ပင်စောင့်နတ်ဖြစ်လေသည်။

အနော်ရထာမင်းတရုတ်ပြည်သို့ချီသောအခါ “ငါသို့သောမင်း လာသည်ကို လိမ်ပင်ပေါ်ကမဆင်းကိုယ်ထင်ပြ၍ နေရသည်လောဟူ၍ ကျန်စစ်သားကို အရိန္ဒမာကြိမ်လုံးဖြင့်ခတ်စေ၏။

ထိုနတ်လည်း သိကြားပေးသောကြိမ်လုံးဖြစ်၍မကာကွယ်နိုင် ကြောက်ရွံ့စွာခုန်ဆင်းပြေးရသည်ကိုအညှိုးထား၍ အနော်ရထာမင်း ပျက်စီးရာအမြဲကြံစည်လျှက် အကုသိုလ်ကံအခွင့်ရလျှင် ကြံနိုင်လေ၍ ကျွဲယောင်ဆောင်ကာ လက်စားချေသဖြင့် အနိစ္စရောက်ရလေသည်။

အနော်ရထာမင်း လယ်တွင်းအရပ်၌ဖားမလင်ကောင်ပိုးကို တွေ့ရှိသော တဲတော်ရာနေရာ၌ ဖားလင်ကောင်ပိုးဘုရားစေတီတည်ထားလျှက် ယခုအခါ စဉ့်ကိုင်မြို့မြောက်ဘက်ဆီးတောကျောင်းတိုက်ဝင်းအတွင်း တည်ရှိသည်။

၎င်းဘုရား၏ အနောက်မြောက်ဘက်၌ ဟူးရားဖြူ ဟူးရာညို ပုဏ္ဏားတို့ကို ဖမ်း၍ thetမည်ဟုခြံခတ်လှောင်ထားရာအရပ်တွင် ယခုအခါ “ပုဏ္ဏားခြံရွာ”တည်ရှိပြီး ယနေ့တိုင် ပုဏ္ဏားအနွယ်များနေထိုင်ကြ၏။

ထို့နောက် ဟောပြောချက်မှန်သဖြင့် ပုဏ္ဏားများအသက်ဘေးမှ လွတ်ရသောအခါ အထိမ်းအမှတ်ပြုတည်ထားသော သက်လွတ်ဘုရားမှာ စဉ့်ကိုင်မြို့အနောက်ဘက်၌တည်ရှိသည် ဟူ၍ အမျိုးသားပညာဝန်ဦးဖိုးကျား၏ခေတ်မီမြန်မာရာဇဝင်အကျဉ်းတွင် ဖော်ပြထားပါသည်။

“အနော်ရထာမင်းကျွဲခတ်သော​ဗေဒင်ကိန်း”

မိမိရဲ့ လက်ရှိ ရောက်ဆဲ အသက်ထဲကို (၂ )ပေါင်းထည့်ပါ ။ ပြီးရင် ရရှိလာတဲ့ ဂဏန်းကို (၈) နဲ့ {÷} ပါ ။

(၁)ကြွင်းပါက အရှေ့အရပ်ကို အသွား
အလာရှောင်ပါ ။

(၂)ကြွင်းပါက အနောက်မြောက်ထောင့်
အရပ်ကို အသွားအလာရှောင်ပါ ။

(၃)ကြွင်းပါက အနောက်အရပ်ကို အသွားအလာရှောင်ပါ ။

(၄)ကြွင်းပါက မြောက်အရပ်ကို အ
သွားအလာရှောင်ပါ ။

(၅)ကြွင်းပါက အရှေ့မြောက်ထောင့်
အရပ်ကို အသွားအလာရှောင်ပါ ။

(၆)ကြွင်းပါက အရှေ့တောင်ထောင့်
အရပ်ကို အသွားအလာရှောင်ပါ ။

(၇)ကြွင်းပါက တောင်အရပ်ကို အ
သွားအလာရှောင်ပါ ။

(၀)ကြွင်းပါက အနောက်တောင်အရပ်
ကို အသွားအလာရှောင်ပါ ။

ဤသို့ ရှောင်သင့်သည့်အရပ်ကို မရှောင်ပဲ စစ်တိုက်ရန် သွားခဲ့သောကြောင့် အနော်ရထာမင်းသည် နတ်ရွာစံကံတော် ကုန်ခဲ့လေသည် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။