ဧပြီလအတွက် ဟောစာတမ်း Part – 3

Astrology
ဧပြီလအတွက် ဟောစာတမ်း Part – 3

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဧပြီလအတွက် ဟောစာတမ်း Part – 3 ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဧပြီလအတွက် ဟောစာတမ်း Part – 3
“Sagittarius”

ဧပြီအတွင်းမှာ အသာရတဲ့သဘောလေးတွေရှိနေတာ Sagittarius တွေအတွက် အားသာချက်လို့ ပြောရမယ် ။ အသာရတယ်ဆိုတဲ့သဘောက အဆိုးဖက်မြင်ရင်တော့ ဖိအားလေးတွေ ၊ ပြိုင်ဆိုင်မှုလေးတွေရှိနေမယ် ။ ဒါပေမယ့် အဆုံးမှာကိုယ်အနိုင်ရတယ် ၊ အကျိုးအမြတ်ရတယ် ၊ Career အရဖြစ်ဖြစ် Growth အရဖြစ်ဖြစ် ပိုပြီး Advanced ဖြစ်လာနိုင်ပါလိမ့်မယ် ။

အချိန်ကာလလေးနဲ့ပြောမယ်ဆို ဧပြီလအစမှာ အငြိမ်မရှိတဲ့သဘောလေးတွေ ကြုံရတတ်တယ် ။ ခရီးသွားရတာ ၊ လက်ရှိ Plan ထားတာကို နောက်တစ်မျိုးပြောင်းလဲချဥ်းကပ်ရတာမျိုးရှိမယ် ။ ဒီလအတွင်း Life Goal နဲ့ပတ်သက်လို့ပြန်ချိန်ဆရတာ ၊ အနည်းအများ Adjust ပြန်လုပ်ရတာလေးတွေ သေချာပေါက်ရှိမယ် ။ ပိုကောင်းဖို့ဖြစ်လာတာပါ ။

ဧပြီရဲ့အဓိက Focus က ဘဝရည်မှန်းချက်/လုပ်ငန်းပိုင်း Risk ယူချင်တာလေးတွေ စောစောစီးစီးယူလိုက်ပြီး ဧပြီတတိယအပတ်ဝန်းကျင်မှာတော့ ရေလိုက်ငါးလိုက်လေး ပြန်နေစေချင်ပါတယ် ။ ယုံကြည်မှုလည်းအားသာနေလို့ လုပ်ရဲကိုင်ရဲပုံစံလေး ဖြစ်နေမယ်လို့ခန့်မှန်းမိတယ် ။

နှလုံးသားရေးနဲ့လူမှုရေး တအားကြီး Perfect မဟုတ်ပေမယ့် အဆင်ပြေတဲ့ဖက်ရှိပါတယ် ။ ကတောက်ကဆလေးတွေတော့ မျှော်လင့်ထားသင့်တယ် ။ ကိုယ့် Personality ကပိုပြီး Strong ဖြစ်နေတာ ၊ စိတ်မြန်နေတာမျိုးရှိလို့ ကိုယ့်ဖက်အလွန်ဖြစ်မလာဖို့တော့ ဂရုစိုက်ပါ ။ အထူးသဖြင့် ဖခင် ၊ အထက်လူကြီး ၊ အိမ်ထောင်ဖက်နဲ့ပတ်သက်လို့ ပါဝါပြိုင်တာမျိုးပေါ့ ။

ဧပြီဟာ Emotional နဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက်လေးရှိပေမယ့် အပျော်များတတ်သလို အလုပ်လည်း Productive ဖြစ်မယ့်လတစ်လပါ ။ တိုးပွားမှုအရလည်း အားကောင်းတယ် ။ ငွေနဲ့ပတ်သက်လို့ ဆန္ဒပြည့်ရဖို့ရှိတယ် ။ များများသုံးချင်သူတွေ များများသုံးနိုင်မယ် ။ ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုဖက်တိုးမလား ၊ စုဆောင်းတဲ့ဖက်တိုးမလား ကိုယ်ယူတဲ့ Focus အလိုက် ပုံပေါ်လာစေပါလိမ့်မယ် ။

“Capricorn”

ဧပြီရဲ့အဓိကအားသာချက်ကတော့ တက်လမ်းပိုင်းအရဖြစ်ပါလိမ့်မယ် ။ ဒီနေရာမှာ Catch တစ်ခုတော့ရှိတယ် ။ ခနပြေလည်ဖို့ ၊ အကျိုးအမြတ်မြန်မြန်ရဖို့ကိစ္စတွေထက် အနည်းဆုံးသုံးလကနေ ခြောက်လ,တစ်နှစ်စသဖြင့် ရေရှည်အတွက်ချမှတ်တဲ့ Plan တွေမှာ ပိုပြီးအားကောင်းစေလိမ့်မယ် ။ အနာဂတ်မှာ အသီးအပွင့်ရလာစေမယ့် ပညာရေးကိစ္စတွေ ၊ ရင်းနှီးမြုပ်နှံမှုတွေအားပေးပါတယ် ။

လူမှုရေးပိုင်းအရ မိတ်ဆွေနဲ့ပတ်သက်ပြီး အပြန်အလှန်အကျိုးရတတ်တယ် ။ Win-Win Situation သဘောလေးတွေပေါ့ ။ သဘောက ကိုယ်ကူပေးနိုင်တာလေး လိုက်ကြည့်ပြီးကူညီလိုက်ပါ ၊ ကိုယ့်အခက်အခဲကိုလည်း အလိုလိုလေးပြေလည်သွားတာ ၊ အကူအညီပြန်ရတာမျိုးလေး ရှိလိမ့်မယ် ။

ဧပြီအတွင်း အဓိကအားထုတ်ဖို့လိုတဲ့ကိစ္စကတော့ ကိုယ့်ကိုကိုယ် Limit ထားဖို့ပါ ။ ဒီထက်ပိုလုပ်နိုင်တယ် ၊ ဒီထက်ပိုပြည့်စုံနိုင်တယ်ဆိုတာကိုလျော့ပြီး လုပ်နိုင်တာလေးကို မှန်မှန်အပြီးဖြတ်နိုင်ဖို့လိုတယ် ။ အလုပ်များများပြီးမြောက်နိုင်ပါတယ် ၊ ဒီအတွက် စိတ်တိုင်းမကျမချင်း ကွန့်နေတာ ၊ ပြင်နေတာမျိုးထက် အကောင်းဆုံးအားထုတ်ပြီးရင် စိတ်ဖြတ်လိုက်နိုင်ဖို့လိုမယ် ။

နှလုံးသားရေးမှာလည်း ဒီအတိုင်းပဲ ။ ကိုယ်လုပ်ပေးနိုင်တာလေး တာဝန်ကြေအောင်လုပ်ပေး ၊ သွားနိုင်တဲ့ခရီးထက်ပိုသွားပေးတာမျိုးတော့ သိပ်အားမပေးဘူး ။ ပြင်ပဖိအားလေးတွေ ရှိနေတတ်လို့ နှလုံးသားရေးမှာ Sensitive ဖြစ်နေနိုင်ပါတယ် ။ စိတ်တိုလွယ်တာ ၊ စိတ်ပျက်လွယ်တာ ၊ ရှင်းပြရင်အဆင်ပြေနိုင်တာကို ရှင်းပြဖို့အားမထုတ်ချင်တာ ၊ စိတ်လွတ်လက်လွတ် တစ်ယောက်ထဲနေပစ်လိုက်ချင်တာ ဒါလေးတွေဖြစ်ဖို့မြင်တယ် ။

Career ရယ် Finance ပိုင်းရယ်မှာအပေါင်းလက္ခဏာပြသလို ကျန်းမာရေး ၊ လူမှုရေး ၊ အချစ်ရေးမှာတော့ အကောင်းအဆိုးဒွန်တွဲနေတဲ့ကာလပါ ။ ငွေဝင်များပါလိမ့်မယ် ၊ ငွေသုံးရတာလည်း များဖို့မြင်တယ် ။ တစ်ကိုယ်ထဲအချိန်အတ္တဆန်ဆန်ရှာနေတတ်သလို အနားကလူတွေအပေါ်အချိန်ပေးဖို့ ၊ စိတ်ရှည်နိုင်ဖို့ကြိုးစားပါ ။ ခံစားချက်ပိုင်းပိုပြီးပွင့်လင်းဖို့ ၊ ညှိနှိုင်းဖို့လိုမယ့်လတစ်လ ဖြစ်ပါလိမ့်မယ် ။

“Aquarius”

Aquarius တွေအတွက် ဧပြီမှာစောင့်ကြိုနေတဲ့ Energy ကတော့ အသစ်အဆန်းဖြစ်တဲ့အရာတွေလို့ နာမည်တပ်ချင်ပါတယ် ။ လူအသစ် ၊ နေရာအသစ်တွေ ကိုယ့်ဘဝထဲရောက်လာဖို့ အားသာနေတယ် ။ စိတ်မွန်းကြပ်တဲ့ပတ်ဝန်းကျင်က ဖောက်ထွက်သွားတာ ၊ Break ယူသွားတာမျိုးရှိပြီး အသက်ရှုဝမှုကို ကိုယ်တိုင်လည်းတကူးတကရှာဖွေလိမ့်မယ် ။

ဒီအတွက် စိန်ခေါ်မှုလေးတွေကတော့ ရှောင်လို့မရနိုင်ဘူး ။ လိုအပ်လို့ရော အပျော်အပါးနဲ့ပတ်သက်လို့ ငွေသုံးရတာလည်းများတတ်တယ် ။ ဧပြီပိတ်ရက်အတွင်း ခရီးသွားလာဖို့အားသာနေသလို ခရီးသွားဖို့စီစဥ်ပါလို့လည်း တိုက်တွန်းချင်တယ် ။ ဒီကတဆင့် ကိုယ်လိုအပ်တဲ့ စိတ်အားထက်သန်မှု ၊ ယုံကြည်ချက်တွေပြန်ရမယ် ။

ဧပြီအတွင်း ကျန်းမာရေးကိစ္စလေးတွေတော့ အနှောင့်အယှက်ရှိတတ်တယ် ။ ကြီးကြီးမားမားရယ်တော့ မဟုတ်ဘူး ၊ တရှောင်ရှောင်သဘောလေးတွေ မျှော်လင့်ထားသင့်တယ် ။ ဧပြီက တစ်ကိုယ်ကောင်းဆန်ဆန် အောင်မြင်တဲ့လပါ ။ ဒါက အကုန်လုံးကိုအဆက်အသွယ်ဖြတ်ပါ ၊ တစ်ယောက်ထဲနေပါလို့ ပြောတာမဟုတ်ဘူးနော် ။

ကိုယ့်ကိုဘယ်လိုအရာက စိတ်ပျော်စေသလဲ? ပေးချင်တဲ့သူတွေ ပေးခွင့်ရမယ် ၊ ပျော်စေချင်သူတွေ ပျော်အောင်ထားနိုင်မယ် ။ ဒီလိုပဲ Negative ဖြစ်တဲ့သူတွေအတွက် တကူးတကအချိန်ပေးဖို့ မမြင်မိဘူး ။ ကိုယ်အကောင်းဆုံးဖြည့်ဆည်းတယ် ၊ အဆင်ပြေရင်နေ အဆင်မပြေရင်မနေနဲ့ဆိုတဲ့ ခပ်ချေချေသဘောလေးတော့ ဖြစ်နေလိမ့်မယ် ။

နှလုံးသားရေးမှာတော့ ဒါနဲ့ပတ်သက်လို့တော့ Tension လေးတချို့ရှိလာတတ်တယ် ။ တစ်ဖက်လူကိုဖြည့်တွေးပေးဖို့ ရုန်းကန်ရတတ်တယ် ။ ဧပြီလမှာ ကိုယ်နောက်ကောက်ကျထားသမျှကို အရှိန်ပြင်းပြင်းနဲ့ပြေးတက်ဖို့ပဲ စိတ်အားထက်သန်နေဖို့ရှိတယ် ။ ဒါက ကောင်းပါတယ် ။ ကိုယ့်အနားကလူတွေအပေါ် စိတ်ရှည်ပါ ၊ တွဲခေါ်ပါလို့တော့ အကြံပေးချင်ပါတယ် ။

“Pisces”

ရာသီခွင်ဆယ့်နှစ်ခုထဲ ဧပြီလအတွင်း Struggle လေးအများဆုံးဖြစ်ရတတ်တာ Pisces လို့ပဲပြောရမယ် ။ စီးပွားရေးသမား ၊ ဝန်ထမ်းတွေအနေနဲ့ ဝင်ငွေများပြားလာတတ်တာ ၊ အကျိုးအမြတ်ပေါ်တာလေးရှိတယ် ။ ဒါပေမယ့် ဖိအားများရတတ်တယ် ။ စုဆောင်းမိဖို့တော့မလွယ်သေးဘူး ၊ ငွေလှည့်နေရဖို့ရှိတယ် ။ ကိုယ်နဲ့တန်းတူ (သို့) ကိုယ့်ထက်သာလွန်တဲ့ လုပ်ဖော်ကိုင်ဖက် ၊ အတိုက်အခံ ၊ အပြိုင်အဆိုင်ကောင်းပေါ်လာတတ်တယ် ။

ဧပြီအတွက်အဓိက Focus က မျှတအောင်နေဖို့ပါ ။ Risk ကြီးကြီးယူရမှာတွေ ဧပြီထဲမလုပ်သေးရင်ပိုကောင်းတယ် ။ မလုပ်လို့မရတာဆိုရင်လည်း တအားကြီးတော့ စိတ်ပူမနေစေချင်ဘူး ။ စပ်တူတို့ ငွေချေးပေးတာမျိုးဆိုလည်း ကိုယ့်ဖက်ကလုပ်နိုင်တဲ့ Background Check လုပ်တာ ၊ စာရွက်စာတမ်းကိစ္စဆိုလည်း သေချာလေးစစ်ဆေးပေးတာမျိုး အကြံပေးချင်တယ် ။

သိသာမှုအနေနဲ့ Emotion ပိုင်းလေးတွေ ပြသနာရှိတယ် ။ မိသားစုပြသနာများတတ်ပါတယ် ။ နှလုံးသားရေးလည်း လက်တွေ့ဆန်ဆန် Mutual Respect ရှိရှိသွားနေတဲ့ဆက်ဆံရေးမျိုးတော့ စိတ်အေးအေးသာသာနေပါ ။ အဆင်မပြေတာကို ပြေပါတယ်ဟန်လုပ်ထားတာ ယုံကြည်ထားတာမျိုးမှာ ရုန်းထွက်ဖို့ဖြစ်စေမယ့်တွန်းအားမျိုး ကြုံလာတတ်တယ် ။

ကျန်းမာရေးဂရုစိုက်သင့်ပါတယ် ။ အအိပ်အစားမှန်အောင်နေပါ ။ စိတ်/တွေးပူခြင်းနဲ့သက်ဆိုင်တာ ၊ အဆုတ်နဲ့ပတ်သက်တာ ၊ ရင်ခေါင်းနဲ့ပတ်သက်တာမျိုး မပေါ့ဆသင့်ဘူး ။ အကုန်အကျများရတဲ့လမို့ ကျန်းမာရေးအတွက်လည်း ငွေကုန်ရတတ်ပါတယ် ။ အဆိုးလေးတွေဆိုဖော့ရေး ၊ အကောင်းလေးတွေရှာကြံရေးပေးလေ့ရှိပေမယ့် Pisces General Energy အရတော့ အတော်လေးအားရဖို့မရှိဘူးလို့ပဲ ပြောချင်တယ် ။

ငါးလေးတွေအတွက်ဧပြီကတော့ ကြီးကြီးမားမားခုန်ဖို့ထက် တစ်ဆင့်ချင်းသွားပါ ။ ရေလိုက်ငါးလိုက်လေးပေါ့ ။ စီးပွားရေးကိစ္စ ပိုက်ဆံအဝင်အထွက်လေးတွေ စာရင်းနဲ့ဇယားနဲ့လုပ်ပေးတာ ပိုကောင်းတယ် ။ ကံသည်အလုပ်လို့ဆိုတဲ့အတိုင်း အကောင်းမြင်စိတ်လေးထား ၊ ဘာသာရေးလေးအာရုံစိုက်ပေးတာမျိုး အားပေးပါတယ် ။ အကုသိုလ် ရောပြီးအကျိုးပေးစေမယ့်နေရာ ၊ စိတ်ကိုညစ်နွမ်းစေတဲ့ပတ်ဝန်းကျင်ကို ခွာပါ ။ တစ်ယောက်ထဲကျော်ဖြတ်ဖို့ထက် ရင်ဖွင့်ဖော်မိတ်ဆွေမျိုး လက်တစ်ကမ်းမှာရှိထားတာ အများကြီးအထောက်အကူပေးပါလိမ့်မယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။