နိမိတ်ဗေဒင်များမယုံကြည်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ရာဇဝင်ထဲမှနာမည်ကျော်များ

Astrology Knowledge
နိမိတ်ဗေဒင်များမယုံကြည်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ရာဇဝင်ထဲမှနာမည်ကျော်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိမိတ်ဗေဒင်များမယုံကြည်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ရာဇဝင်ထဲမှနာမည်ကျော်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိမိတ်ဗေဒင်များမယုံကြည်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ရာဇဝင်ထဲမှနာမည်ကျော်များ

“နိမိတ်ကို မယုံလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အိမ်ရှေ့စံ”

နိမိတ် ကို မယုံလို့ အသက်ဆုံးရှုံးခဲရသော အိမ်ရှေ့စံ ဆိုသည်မှာ စက်မှုမြန်မာနိုင်ငံကိုတည်ထောင်ရန် ကြိုးစားခဲ့သူ မင်းတုန်းမင်းတရားကြီး၏ညီတော် ကနောင်မင်းသားကြီးဖြစ်သည်။

ကနောင်မင်းသားကြီးသည် မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန်ဘုရား (ကုသိုလ်တော်ဘုရား) ပရိဝုဏ်အတွင်းတွင် နောင်တော်ဘုရားနှင့် အမတော်ဘုရားတို့ ပိဋကတ်တော်ကျောက်ထက် အက္ခရာတင်ရေးကိစ္စကို ကြီးကြပ်ရန်ရောက်ရှိနေမည် ဖြစ်သဖြင့် ထိုနေရာသို့ နံနက်စောစောသွားရန် ခပ်သုတ်သုတ်ပြင်ဆင်ခဲ့သည်။

ပြင်ဆင်ပြီး အိမ်တော်မှအဆင်း အိမ်တော်အောက်ဘက်သို့ ရောက်သည်နှင့် လှိုင်ထိပ်ခေါင်တင်မင်းသမီးက “မောင်တော်ဘုရား ဒီကိစ္စအတွက် မသွားပါနဲ့လား” ဟူ၍ လက်အုပ်ချီ၍ လျှောက်သည်။ အိမ်ရှေ့စံကနောက်လိုက်နောက်ပါများရှေ့တွင်ဖြစ်၍
“လှိုင် သတိထားလေ ၊ ဘယ်လိုကြောင့် ခုလိုတားဆီးနေရတာလဲ” ဟု အမေးတော် ရှိလိုက်သည်။

ထိုအခါ လှိုင်မင်းသမီးက…
“နှမတော်ရဲ့ အိပ်မက်ထဲမှာ မောင်တော့်ဗောင်းတော် ပြုတ်ကျတယ်လို့ မြင်ပါတယ်။ ပြီးတော့မောင်တော့် ဦးခေါင်းတော်ရိပ်ကိုလည်း မမြင်ပါ။
အတိတ်နိမိတ်မကောင်း၍ မသွားဖို့ တားရခြင်းဖြစ်ပါတယ် ဘုရား” လို့ ပြန်လျှောက်သော် …

ကနောင်မင်းသားလည်း” နှမတော် ညကမအိပ်နိုင်လို့ အမြင်တွေမောက်မှားနေတာ ဖြစ်မှာပါ။ စိတ်အေးအေးထားပါနှမတော်။ မောင်တော်ဘာမှ မဖြစ်နိုင်ပါဘူး ။ နောင်တော်ဆီကို မောင်တော်မသွားလို့ မဖြစ်ဘူး ။ လှိုင်လည်း အိမ်ပေါ်တက်တော့ ၊ မောင်တော်လည်း ဆင်တော်ပေါ်တက်တော့မယ်။ မောင်တော့်ကို လုပ်ကြံ thetဖြတ်နိုင်မယ့်သူ မမွေးသေးဘူးသာမှတ်” ဟူ၍ ပြောဆိုကာ ကြွမြန်းလာခဲ့ပါသည်။

တစ်ဖက် လမ်းခုလတ်ရှိ ချောင်းတစ်ချောင်းကို ဖြတ်ကူးရာ ဗောင်းတော်ကျွတ်ကျသဖြင့် လိုက်ပါလာသော ပညာရှိအမတ်တို့က “ကိုယ်တော်ကြီးဘုရား ဗောင်းတော်ကျွတ်ကျသည်မှာ မကောင်းသော ပုဗ္ဗနိမိတ်ဖြစ်ပါသည်။ရှေ့ဆက်သွားရန် မသင့်တော်ပါ ။ နောက်သို့သာ ပြန်လှည့်သင့်ပါသည်ဘုရား” ဟူ၍ ဝိုင်းဝန်းလျှောက်တင်ကြ၏။

သို့ရာတွင် ကနောင်မင်းသားကြီးမှာ ယုံကြည်မှုမရှိဘဲ တားသည့်ကြားမှ သွားဖြစ်အောင်သွားခဲ့သောကြောင့် ကြိုတင်ကြံစည်ထားသော မြင်ကွန်း -မြင်းခုံတိုင်တို့၏ လက်ချက်ဖြင့် ခေါင်းဖြတ်လုပ်ကြံ thetဖြတ်ခြင်းကို ခံခဲ့ရရှာသည်။

ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးမှာ ဇမ္ဗူဒီပါ လကျာ်တောင်ကျွန်းဖြစ်သည်”ဟု မှတ်သားရပါသည်။ “ဇဗ္ဗူဒိပ် နိမိတ်ထွန်း”ဟူသော စကားနှင့်အညီ နိမိတ် ၊တဘောင် ၊ စနည်း ၊ဘဝေါ တို့မှာ ရှေးအစဉ်အဆက် သာဓကများ ရှိခဲ့ပေရာ မယုံလို့လည်း မရ။

ရှေ့ပြေးကြိုတင် ထင်မြင်လာသော ပုဗ္ဗနိမိတ်သည်ကား မှန်ပဲ မှန်နိုင်လွန်းလေစွတကား။

မသွားသင့်သောအရပ်သို့သွားမိသဖြင့်မင်းရဲကျော်စွာthayဆုံးခြင်း

မြန်မာရာဇဝင်မှာ ထင်ရှားတဲ့ မင်းရဲကျော်စွာဟာ မွန်ဘုရင် ရာဇဓိရာဇ်နဲ့ စစ်ထိုးရင်း ဒလအရပ်မှာ ကျဆုံးခဲ့ပါတယ်။

စစ်ရေးအမြင်အရတော့ လက်အောက် ငယ်သား ပညာရှိမှူးမတ်သေနာပတိတွေနဲ့ တိုင်ပင်နှီးနှောခြင်းမရှိလို့ သောက်စားမူးယစ်ပျော်ပါးနေလို့ မိမိရဲ့နောက်ပိုင်းလက်အောက်ငယ်သားတွေကို စုံစမ်းမေးမြန်းခြင်းမပြုလို့ ရဲမာန်အားကိုးပြီး အလောတကြီးပြုမှုလို့ ဆိုပြီးပြောကြတာပဲ။

ဒါက စစ်ရေးနိုင်ငံရေးအမြင်ပါ။ ကျွန်တော်တို့ ဗေဒင်အမြင်နဲ့ ကြတော့ အသက်ဆုံးစေတဲ့အရပ်ဒေသကို သွားလို့ ၊ရှောင်သင့်တဲ့အရပ်ကိုမရှောင်ဘဲသွားလို့ လို့ပဲမြင်ပါတယ်။

ဘယ်သူမဆို မိမိရဲ့မွေးနံကိုတည် (၁) ခု နုတ်၊ အသက်နဲ့ပေါင်းရမယ်။

ရလာဒ်ကို (၇) နဲ့ စား၊ ကြွင်းတဲ့ ဂဏန်းကို နောက်ကထားပြီး၊ မိမိမွေးနံ ရှေ့ကထားရမယ်။

အဲဒီအရပ် မသွားရဘူး၊ သွားရင် ချက်ချင်းthayဆုံးတတ်ပါတယ်။ဒါဟာ ကျွန်တော့်ရဲ့ မူပိုင်ဟောကိန်း မဟုတ်တာကြောင့် ယုံချင်ယုံ ၊ မယုံချင်နေနိုင်ပါတယ်။ ရှေးဗေဒင်ပညာရှိကြီးတွေရဲ့ ပညာရပ်သာ ဖြစ်ပါတယ်။ မတိမ်ကော မပျောက်စေရန် ဗဟုသုတအလို့ငှါ ချပြခြင်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မနှစ်သက်ကြပါက အပြစ်မပြောဘဲ ကျော်ဖတ် သွားကြစေလိုပါတယ်။

မင်းရဲကျော်စွာဟာ စနေသား၊ သူကျဆုံးတဲ့ အချိန်မှာ အသက် (၂၆) နှစ် ၊မွေးနံ စနေ ကို ကိန်းပြောင်းတော့ (၇)၊ အဲဒီထဲက (၁)ခု နုတ်တော့ (၆)၊ အသက် (၂၆)နှစ်နဲ့ + တော့(၃၂)၊ အဲဒီ (၃၂)ကို (၇) နဲ့ ÷ တော့ (၄)ကြွင်းတယ်။ သူ့မွေးနံ စနေ(၇) အကြွင်းက(၄)၊ (၇၄)အရပ် တနသာင်္ရီ (ဝါ) ဒလ (ဝါ) ထားဝယ် ဆိုတဲ့အရပ်တွေပါပဲ။

မင်းရဲကျော်စွာဟာ သက္ကရာဇ် ၇၇၈ ခုနှစ် တန်ခူး လဆန်း (၄) ရက် ဗုဒ္ဓဟူးနေ့ ည သုံးချက်တီးကျော်အချိန်မှာ ဒလမှာ ကျဆုံးတော်မူခဲ့တယ်၊

အဲဒါကို ရှေးပညာရှိကြီးတွေက”မွေးနံပျက်ပြုန်းအသက်ဆုံးချိန်”လို့ ပြောကြပါတယ်။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။