မြေအောက်ခန်းနံရံကို ဖြိုချရာမှ တွေ့ရှိခဲ့တဲ့ ဧရာမမြေအောက်မြို့တော်

International News Knowledge
မြေအောက်ခန်းနံရံကို ဖြိုချရာမှ တွေ့ရှိခဲ့တဲ့ ဧရာမမြေအောက်မြို့တော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြေအောက်ခန်းနံရံကို ဖြိုချရာမှ တွေ့ရှိခဲ့တဲ့ ဧရာမမြေအောက်မြို့တော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြေအောက်ခန်းနံရံကို ဖြိုချရာမှ တွေ့ရှိခဲ့တဲ့ ဧရာမမြေအောက်မြို့တော်

Derinkuyu: the ancient underground city, once home to 20,000 people

တူရကီအမျိုးသားတစ်ယောက်ဟာ သူ့အိမ်ကို ပြင်ဆင်ရင်း မြေအောက်ခန်းနံရံကို ဖြိုချလိုက်ချိန်မှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ဧရာမမြေအောက်မြို့တော်ကြီးကို တွေ့ရှိခဲ့ပါတယ်။ လူ ၂၀၀၀၀ ဝန်းကျင် နေထိုင်ခဲ့ဖွယ်ရှိတဲ့ မြေအောက်မြို့တော်ကို ၁၉၆၃ ခုနှစ်က တူရကီနိုင်ငံ အလယ်ပိုင်း ကက်ပါဒိုစီယာဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါရင်ကူယူမြေအောက်မြို့ဟာ တချို့နေရာတွေမှာ ၁၈ ထပ်အထိရှိပြီး ပေ ၂၈၀ အထိ နက်ပါတယ်။ ဘီစီ ၂၀၀၀ လောက်က အဲဒီဒေသတစ်ဝိုက်မှာ နေထိုင်တဲ့ ဟစ်တီတက်စ်တွေက မြေအောက်မြို့တော်ကို စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုကြသလို တချို့ကျတော့လည်း ဘီစီ ၇၀၀ မှာ ရှေးဟောင်းဖရိုင်ဂီယာဒေသ(အာရှမိုင်းနားဒေသ)မှာ နေထိုင်သူတွေက စတင်တည်ဆောက်ခဲ့တာလို့ ဆိုကြပါတယ်။

မြေအောက်မြို့တော်မှာ ဘာသာရေးကျောင်းတွေ၊ ဘုရားကျောင်းဆောင်တွေ၊ မြင်းစောင်းတွေ၊ ထမင်းစားခန်းတွေလည်း ရှိပါတယ်။ မြေအောက်မြို့တော်ကြီးရဲ့ ဂိတ်တံခါးမှာတော့ အဖွင့်၊ အပိတ်လုပ်လို့ရတဲ့ ဧရာမကျောက်တုံးကြီး တပ်ဆင်ထားပါတယ်။ လေဝင်ပေါက် ဒါဇင်ပေါင်းများစွာ ဖောက်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်ချိန်မှာ အသုံးပြုဖို့ ရေလှောင်ကန်ကြီးလည်း ရှိပါတယ်။


၁၉၆၉ ခုနှစ်မှာတော့ မြေအောက်မြို့တော်ကို လူတွေ လာရောက်ကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။