ငွေမက်တဲ့ မိန်းမကို တကွက်ပြလိုက်တဲ့ ဟာကီမီ

Celebrity International News Sports
ငွေမက်တဲ့ မိန်းမကို တကွက်ပြလိုက်တဲ့ ဟာကီမီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေမက်တဲ့ မိန်းမကို တကွက်ပြလိုက်တဲ့ ဟာကီမီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေမက်တဲ့ မိန်းမကို တကွက်ပြလိုက်တဲ့ ဟာကီမီ

မုဒိမ်းမှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ရင်ဆိုင်နေရတဲ့ ပီအက်စ်ဂျီနောက်ခံလူဟာကီမီကို ဇနီးဖြစ်သူက ကွာရှင်းခွင့်တောင်းခံပြီး ပိုင်ဆိုင်မှုတဝက်ကို ရယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးကတဆင့် သူမကို အကြောင်းပြန်ခဲ့ရာမှာတော့ ဟာကီမီမှာ ဘာပိုင်ဆိုင်မှုမှမရှိဘဲ ဘဏ်အကောင့်ထဲမှာဆိုလည်း ငွေကြေးမရှိသလောက်ကို နည်းပါးတယ်လို့ ဆိုပါတယ်

အကြောင်းရင်းကတော့ ဟာကီမီဟာ သူရရှိတဲ့ ငွေကြေးတွေနဲ့ အခြားအဖိုးတန်အရာမှန်သမျှကို မိခင်ဖြစ်သူ နာမည်နဲ့သာ ထားရှိခဲ့ပြီး မိခင်ရဲ့ ဘဏ်အကောင့်ထဲကိုသာ ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ်ထားတာကြောင့်လို့ သိရပါတယ်။ ပီအက်စ်ဂျီက ရတဲ့ လစာငွေရဲ့ ၈၀% ကို မိခင်ဖြစ်သူ အကောင့်ထဲကို ဟာကီမီက ထည့်ခဲ့ပြီး ၂၀% ကိုသာ သူ သုံးစွဲဖို့ ယူခဲ့တာပါ။

ပီအက်စ်ဂျီမှာ တလကို ပေါင်သန်းနဲ့ချီကာ ဝင်ငွေရနေတဲ့ ဟာကီမီဆီကနေ ပိုင်ဆိုင်မှုထက်ဝက်ရဖို့ မျှော်လင့်ခဲ့တဲ့ ဇနီးသည်အဖြစ်ကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ အခုတော့ ဟာကီမီကို ကွာရှင်းဖို့ကလည်း လုပ်ထားပြီးပြီဖြစ်လို့ မဖြစ်မနေ ကွာရှင်းရတော့မှာဖြစ်ပြီး ပိုင်ဆိုင်မှုထက်ဝက်ရဖို့ဆိုတာကလ်ညး အိပ်မက်သဖွယ်ဖြစ်သွားခဲ့ပါပြီ။

ရေးသားသူ – Big Boss 999

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။