“သင့်ချစ်သူအိမ်ထောင်ဘက်ဘယ်လိုလူလဲ”

Astrology
“သင့်ချစ်သူအိမ်ထောင်ဘက်ဘယ်လိုလူလဲ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “သင့်ချစ်သူအိမ်ထောင်ဘက်ဘယ်လိုလူလဲ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“သင့်ချစ်သူအိမ်ထောင်ဘက်ဘယ်လိုလူလဲ”

တနင်္ဂနွေ

အလွန်ဂျစ်ကန်ကန်နိုင်သည် ။စိတ်ကောက်လွယ်သည် ။မိမိစိတ်ထင်ရာကို’စွပ်စွဲတတ်သည်:။အချစ်ရေးမှာ ဆုံးဖြတ်ချက်တွေ မှားယွင်းတတ်သည် ။

တနင်္လာ

စိတ်ထက်သည် ။ ဒေါသကထစ်နဲဆိုထွက်လို့တစ်ဖက်သားစိတ်ညစ်တတ်သည်။သူ့အပေါ်ကောင်းရင်ကောင်းသလို၊ဆိုးရင် ပြန်ဆိုးမည်ဆိုတဲ့သူတွေများသည်။

အင်္ဂါ

ဒေါသကြီးသည်။ဒေါသထွက်ရင်ဘာကိုမှမမြင်၊အကုန်ပြောပြီးပြီးမှနောင်တရနေတတ်သည်။စိတ်ကောက်ပြီးရင်ပြန်ချော့ရင်ပြေသည်။သို့သော် စ”ခေါ်ရန်မူ နှောင့်နှေးနေတတ်သည်။

ဗုဒ္ဓဟူး

သ၀န်တိုလွယ်သည်။အလွန်စိတ်မချ။ တစ်ကောက်ကောက်လိုက်မယ် ဆိုတဲ့ချစ်သူမျိုး၊ အလွန်တွယ်တာတတ်သည်။အရမ်းချစ်သလောက် မုန်းရင် အရမ်းမုန်းတတ်တယ် ဆိုတဲ့သူမျိုး။

ကြာသပတေး

စိတ်မရှည်တတ်ဘူး။စိတ်ဆိုးစိတ်ကောက်လွယ်တယ်။အားနည်းချက်အနေနဲ့အယုံလွယ်တယ်။ယုံကြည်မှုကိုအလွဲသုံးစားမကြာခဏအလုပ်ခံရသည်။ပွေရှုပ်တာကိုမုန်းသလို သစ္စာတရားကို တန်ဖိုးထားသည်။

သောကြာ

စိုးရိမ် ထိတ်လန့်လွယ်တယ်။နူးညံ့သိမ်မွေ့စွာအချစ်ကိုခံစားတတ်တယ်။
ကိုယ့်ကိုဂရုစိုက်တာ၊နားလည်မှုပေးတာကို အရမ်းမျှော်လင့်တတ်ကြတယ်။အချစ်ရေးမှာ အပေးသမားတွေပဲဖြစ်တတ်တယ်။ပေးဆပ်ခြင်းကိုအချစ်လို့သတ်မှတ်ပြီးကိုယ်ပဲ အရှုံးခံလိုက်တဲ့သူတွေ။

စနေ

မာနအလွန်ကြီးတယ် ။ ချစ်တာကိုချစ်တယ်လို့မဖော်ပြတတ်ဘူး။အချစ်ရေးမှာအရမ်းချစ်ရက်သားနဲ့ပာန်ဆောင်နေတတ်တဲ့သူမျိုးတွေပေါ့။သူတို့အတွက်အရမ်းချစ်ပေမယ့်
ချစ်တာကိုမဖော်ပြတတ်လို့ချစ်သူက မချစ်ဘူးထင်ပြီး အထင်လွဲတတ်တယ်။
ဒါပေမယ့်… ချစ်သူအတွက်ဆိုအရာရာကို အခြားသူတွေထက် ပေးဆပ်ရဲတဲ့သူတွေ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။