ဘိန်းမုန့်ကိုရှာလကာရည် လောင်းရသော ယတြာဆန်း

Astrology
ဘိန်းမုန့်ကိုရှာလကာရည် လောင်းရသော ယတြာဆန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘိန်းမုန့်ကိုရှာလကာရည် လောင်းရသော ယတြာဆန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘိန်းမုန့်ကိုရှာလကာရည် လောင်းရသော ယတြာဆန်း


တစ်နေ့တွင် ကျွနု်ပ်၏မိတ်ဆွေ ကိုတင်မြင့်ဆိုသူ ကျွနု်ပ်ထံသို့ ရောက်လာပြီးလျှင်…
“ဆရာရေ လုပ်ပါဦး ၊ သစ်တွေက ဆိပ်ကမ်းကို ရောက်နေပြီ ။ သင်္ဘောတင်ဖို့စရိတ်စက လိုနေ တယ် ။ လိုနေတာက သိန်း ၇၀ လောက်လိုနေတယ် ။

အဲဒါ မနက်ဖြန် ၁၂ နာရီထိုးလို့မှ ကျွန်တော့်ဘက် က မပေးနိုင်ရင် အရှက်ကွဲပါပြီ ။ အရှက်ကွဲတာထက် ကျွန်တော် ဒီတစ်သက် ကုန်သည်လုပ်စားလို့ မရတော့ဘူး ။
ဘယ်သူမှလည်း ကျွန်တော့်ကို ယုံမှာ မဟုတ်တော့ ဘူး ။ ဆရာ့ပညာနဲ့ ကယ်ပါဦး”ဟုဆိုကာ အပူကပ် လေတော့၏ ။

Stream အဘ မင်းသိင်္ခ ရှစ်​​လေးလုံးအ​ရေး​တော်​ပုံကြီးတွင်​ ​ဟော​ပြောခဲ့​သော  အသံဖိုင်​ by Ko Py, Yan | Listen online for free on SoundCloud

ကျွနု်ပ်သည် ကောင်းကင်ဆီသို့ မျက်နှာမော့ထား ပြီးလျှင် မျက်စိကို မှိတ်ထားလိုက်လေ၏ ။ ထိုသို့ မှိတ်ထားလိုက်စဉ်၌ လင်ဗန်းအသေးစားအရွယ်ခန့်ရှိ ဘိန်းမုန့်တစ်ချပ်ကို အာရုံတွင် တွေ့မြင်ရလေ၏ ။

ဘိန်းမုန့်ကြီးမှာ နီညိုရောင်ကြီးဖြစ်၏ ။ ဘိန်းစေ့ များလည်း အပြည့်ပါ၏ ။ ထိုဘိန်းမုန့်ကြီးကို ကျွနု်ပ်၏ မိတ်ဆွေ ကိုတင်မြင့်ဆိုသူသည် မြေကြီးပေါ်တွင် ချခင်းပြီးလျှင် ပုလင်းတစ်လုံးမှရေဖြင့် လောင်းချ နေသည်ကို တွေ့ရလေ၏ ။

ထိုပုလင်းတွင်လည်း ရှလကာရည်ဟု ရေးထား သည်ကို ထင်ရှားစွာ တွေ့ရလေ၏ ။ အာရုံ၌ တွေ့မြင်ရလေ၏ ။ ထို့ကြောင့် ကျွနု်ပ်က –
“ဒီမှာ ကိုတင်မြင့် .. ဘိန်းမုန့်ကြီးကြီး တစ်ချပ်၀ယ် ဗျာ ။ ပြီးတော့ မြေကြီးမှာချပြီး ရှာလကာရည်နဲ့ လောင်းပေတော့ ။ ခင်ဗျား လိုချင်တဲ့ငွေတွေ ရလိမ့် မယ်”ဟု ပြောလိုက်မိလေ၏ ။

ထိုအခါ ကိုတင်မြင့်က -“မလုပ်ပါနဲ့ ဆရာရယ် ..စားတဲ့သောက်တဲ့ဟာကြီးကို မြေကြီးပေါ်ချပြီး ရှာလကာရည် လောင်းရမယ် လို့ ။ ရယ်စရာကြီးဗျာ ။ တခြားလူတွေမြင်ရင်လည်း ကျုပ်ကို ဒီအတိုင်းထားမှာမဟုတ်ဘူး ။ ဝိုင်းပြီး ရိုက်ကြလိမ့်မယ်”ဟု ပြောလေတော့၏ ။

ထို့ကြောင့် ကျွနု်ပ်က -“ယတြာကတော့ အာရုံထဲမှာ အဲဒါပဲတွေ့ တယ်ဗျာ ။ ခင်ဗျား လုပ်ချင်လည်း လုပ် ၊ မလုပ်ချင်လည်း နေဗျာ”ဟု ပြောလိုက်ရာ ကိုတင်မြင့်လည်း ဂွတ္တလိတ် မြလမ်းရှိ ဘိန်းမုန့်ဆိုင်တွင် ရောင်းသော ဘိန်းမုန့်ကြီး တစ်ချပ်နှင့် ရှာလကာရည်တစ်ပုလင်းကို ၀ယ်၍ ကားဖြင့်ထွက်သွားပြီး လူရှင်းသော လမ်း ဘေးတစ်နေရာ၌ချကာ ရှာလကာရည်ဖြင့် လောင်း လေတော့၏ ။

ထိုသို့ လောင်းပြီး ကျွနု်ပ်ထံသို့ ရောက်လာပြန်၏ ။ ထိုသို့ ရောက်လာပြီးနောက် –
“ကျွန်တော် လောင်းခဲ့ပြီဆရာ ၊ တစ်ခုတော့ ပြောရဦးမယ်နော် ။ ဒီအလုပ်က ကျွန်တော်ရော ကျွန် တော့်မိန်းမရော စပ်တူလုပ်တာဆိုတော့ မိန်းမရော လောင်းဖို့ လိုသေးလား”ဟုမေးလေ၏ ။

ထိုအခါ ကျွနု်ပ်က – “မလိုပါဘူးဗျာ ။ အာရုံထဲမှာ ခင်ဗျားကိုပဲမြင်တာဆိုတော့ ခင်ဗျားမိန်းမ လောင်းဖို့မလိုပါဘူး”ဟု ပြောမိလေ၏ ။
“ဘယ်ကနေ ဘယ်လိုငွေရမှာလဲ ဆရာရယ်… ဟောစမ်းပါဦး”ဟုဆိုလေ၏ ။

ထို့ကြောင့် ကျွနု်ပ်လည်း တဲရော့ကို ချိုးလိုက်ရာ ဘုရင်မ ကတ်ပြားကိုရသဖြင့်…
“မြန်မာပြည်မှာ ဘုရင်မလို့ လူသိများတာက ရှင်စောပုပဲဗျ ။ ရှင်စောပုလမ်းကလည်း စမ်းချောင်းမှာ ရှိတယ် ။ စမ်းချောင်း ရှင်စောပုလမ်းက ရလိမ့်မယ်ထင်တယ်” ဟုပြောမိလေ၏ ။

ညပိုင်းသို့ ရောက်သောအခါ ၎င်းကိုတင်မြင့် ကျွနု်ပ်ထံသို့ ရောက်လာပြီး ကျွနု်ပ်အတွက် ၀ယ်လာ သော ပန်းသေး ခေါက်ဆွဲတစ်ထုပ်အား လှမ်းပေးရင်း –

“ဘိန်းမုန့်နဲ့ လုပ်တဲ့ယတြာကတော့ စွမ်းပြီဗျို့။ ညနေကပဲ သိန်း ၇၀ ရခဲ့ပြီ ။ ကျွန်တော့်ကို သိန်း ၇၀ ထုတ်ပြီး ချေးတဲ့လူကတော့ ရှင်စောပုလမ်းက မမြင့် တဲ့ ။
ဒါပေမဲ့ ပိုက်ဆံကတော့ သူ့ပိုက်ဆံမဟုတ် ဘူး ။ သူ့အမေ ဒေါ်ပုရဲ့ ပိုက်ဆံပဲ ။ ရှင်စောပု ပိုက်ဆံပေါ့ ဗျာ”ဟု ပြောလေတော့၏ ။

ရေးသားသူ – မင်းသိင်္ခ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။