အသက်လေးဆယ်ကျော် နောက်ပိုင်း အရွယ်တင်အောင် နေထိုင်နည်း

Health
အသက်လေးဆယ်ကျော် နောက်ပိုင်း အရွယ်တင်အောင် နေထိုင်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက်လေးဆယ်ကျော် နောက်ပိုင်း အရွယ်တင်အောင် နေထိုင်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက်လေးဆယ်ကျော် နောက်ပိုင်း အရွယ်တင်အောင် နေထိုင်နည်း

သင်သည် အသက်သုံးဆယ် ဝန်းကျင် နှင့် လေးဆယ်နားကပ်နေပြီဆိုလျှင် သင့်ကိုယ်ခန္ဓာတွင် သိသာသော ပြောင်းလဲမှုများ စတင် ခံစားလာရမည် ဖြစ်သည်။ သင် အိပ်ရာနိုးလာချိန် ရုတ်တရက် မှန်ကြည့်မိသောအခါ သင့်မျက်နှာပေါ်တွင် အရေးအကြောင်း များကို စတင်သတိထားမိ လာရသည်။

သင်ဝတ်နေကျ အဝတ်အစားများ နှင့် ဝတ်၍မတော် ဖြစ်လာသည်ကို သတိထားမိလာသည်။ လူလတ်ပိုင်းမှ လူကြီးပိုင်းသို့ ကူးပြောင်းခြင်း ဖြစ်စဉ်သည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအတွက်ရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြင်ဆင်မှုအတွက်ရော အသားကျရန် အချိန်ယူပါသည်။ အသက်လေးဆယ်ကျော်ပိုင်း ရောက်ရှိလာသူများ အနေဖြင့် ငယ်ရွယ်ခြင်း ကျန်းမာခြင်းကို ထိန်းသိမ်းထားနိုင်ပါတယ်။ အောက်ပါ အလေ့အကျင့်များကို ဂရုတစိုက် ပြုလုပ်နိုင်ပါသည်။

သင့် ခန္ဓာကိုယ်၏ တိုးတက်မှု အပေါ် အမြဲသတိပြုပါ

နေ့စဉ် ပုံမှန် ရိုးရှင်းသော အားကစား၊ လေ့ကျင့်ခန်းများကို လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းပေးသင့်ပါသည်။ ခန္ဓာကိုယ်၏ ကြွက်သားများကို ကျစ်လစ်အောင် လေ့ကျင့်ပေးခြင်းဖြင့် အရေပြားတွဲခြင်းကို ကာကွယ်နိုင်သလို ကိုယ်ခံအားကိုလဲ ကောင်းမွန်စေပါသည်။ ကြွက်သားလှုံ့ဆော်မှု နှင့် ကိုယ်ခံအား ကောင်းမွန်နေသောကြောင့် သင်အသက်ကြီး နေပြီဟူသော အသိ ခံစားချက်ကိုပင် ဦးနှောက် နှင့် ခန္ဓာကိုယ်မှ တိုက်ထုတ်နေသည့် သဘောဆောင်သည်။

စိတ်ဖိစီးမှုများကို ဖယ်ရှားပါ

စိတ်ဖိစီးမှုကပင် အသက်အိုမင်း ရင့်ရော်စေသော အကြောင်းအရင်း ဖြစ်သည်။ သင် စိတ်ဖိစီးသော အခါတွင် သင်၏ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်သောကြောင့် ကျန်းမာရေးနှင့် မညီညွှတ်သော ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များ ဖြစ်ပေါ်စေတတ်သည်။ စိတ်ဖိစီးနေချိန်တွင် ဦးနှောက်သို့ အောက်စီဂျင် အရောက်နည်းကာ တွေးခေါ်ရာတွင် နှောက်နှေးစေသည် ဟုဆိုသည်။ ထို့အပြင် cortisol hormone ထုတ်လုပ်မှုများကာ collagen ကိုလျော့နည်းစေသည်။ collagen သည် သင်၏ အသားအရေကို ပြန်လည်အားဖြည့်ပေးသော ဓာတ်တစ်မျိုးဖြစ်သည်။ ထိုအရာများကြောင့် စိတ်ဖိစီးမှုများခြင်းသည် သင့်ကို အိုသည်ဟု ခံစားစေရပြီး၊ အသားအရေများ အိုမင်းလာခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် ဖယ်ရှားနေထိုင်ရန် လေ့ကျင့်သင့်သည်။

သင့်၏ မျက်နှာ အရေးပြား ကျန်းမာရေးကို ဂရုစိုက်ပါ

သင့်အရေပြားက သင့်၏အသက်ကို တိုက်ရိုက်ထုတ်ဖော်ပြောနိုင်သည်။ အသက်လေးဆယ်ကျော် နောက်ပိုင်းတွင် အရေးအကြောင်းများ စတင်ရှိလာသော အရေပြားဖြစ်သည့်အတွက် လိုအပ်သော ရေဓာတ်၊ collagen အစရှိသည်များကို သင်၏ အစားအစာများ၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ၊ သဘာဝ အသားအရေ ထိန်းသိမ်းပေးသော ပစ္စည်းများ၊ ကုထုံးများဖြင့် ထိန်းသိမ်းပေးသင့်သည်။

ပျော်ရွှင်စရာ အခိုက်အတန့်များကို ဖန်တီးပါ

အသက်လေးဆယ်တွင် ကျန်းမာပျော်ရွှင်နေစေရန်မှာ စိတ်ပျော်ရွှင် ကျန်းမာရန်က အဓိကအရေးပါလှသည်။ စိတ်အေးချမ်းမှု နှင့် ပျော်ရွှင်မှုရှိစေရန် သင်နှစ်သက် ဝါဿနာပါသော ကိစ္စများကို ဦစားပေး လုပ်ဆောင်သင့်သည်။ ဥပမာ သက်တူရွယ်တူ မိတ်ဆွေများ နှင့် နှစ်ကြိုက်ရာ အားကစား သို့မဟုတ် လေ့ကျင့်ခန်းများ စုပေါင်းလုပ်ခြင်း၊ မိမိဝါဿနာပါရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ စာဖတ်ခြင်း၊ အကြောင်းအရာ အသစ်တစ်ခုအား လေ့လာသင်ယူခြင်း အစရှိသည်တို့ဖြင့် ပျင်းရိ အထီးကျန်မှုကို ဖယ်ရှားပေးနိုင်သည်။ တစ်နေ့ကို ခြောက်နာရီ မှ ရှစ်နာရီ အထိ အပြည့်အဝ အိပ်သင့်သည်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။