ရန်ကုန်မြို့မှာ မေ့ဆေးအုပ်ပြီးကားပေါ်ဆွဲတင်ခံရမလို ဖြစ်ခဲ့တဲ့ကိုယ်တွေ့ဖြစ်ရပ်

Local News
ရန်ကုန်မြို့မှာ မေ့ဆေးအုပ်ပြီးကားပေါ်ဆွဲတင်ခံရမလို ဖြစ်ခဲ့တဲ့ကိုယ်တွေ့ဖြစ်ရပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်မြို့မှာ မေ့ဆေးအုပ်ပြီးကားပေါ်ဆွဲတင်ခံရမလို ဖြစ်ခဲ့တဲ့ကိုယ်တွေ့ဖြစ်ရပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ မေ့ဆေးအုပ်ပြီးကားပေါ်ဆွဲတင်ခံရမလို ဖြစ်ခဲ့တဲ့ကိုယ်တွေ့ဖြစ်ရပ်
A terrified young woman held captive by a man with his hand over her mouth

“ကောင်မလေးတွေ ညဘက် အပြင်တွေဘာတွေသွားရင် spray ဘူးတို့ ကျင်စက်တို့ ဆောင်သွားစေချင်ပါတယ်
ဒီနေ့ ကိုယ်တိုင်ကြုံလာရတာမို့ပါ ကံကောင်းပြီး ရုန်းနိုင်ခဲ့လို့ လွတ်လာခဲ့တာပါ ဒီနေ့ည‌နေ 7 ခွဲလောက်ပါ bus ကားမှတ်တိုင်ကနေ အိမ်ကို ပြန်လာရင်းဖြစ်တာပါ
ဖြစ်တာက ဗဟန်း လင့်လမ်းမှတ်တိုင် နားက ဘုန်းကြီးကျောင်းတွေရှိတဲ့ လမ်းကြားမှာပါ

ဖြစ်ချင်တော့ ညီမ တို့ ရပ်ကွက်က မီးပျက်နေပါတယ် မီးပျက်နေတော့ တစ်လမ်းလုံးမှောင်မဲနေတာပါ လူအသွားအလာကလဲ ပျက်နေပါတယ် ညီမ လဲ အော် ပြန်နေကျလမ်းဘဲ ဆိုတော့ ခါတိုင်းလိုဘဲ အေးအေးဆေးဆေးဘဲပေါ့

အဲ့မှာ လမ်းဘေးမှာ ကားတစ်စီး ရပ်ထားပါတယ် အော် ကားရပ်ထားတယ်ပေါ့
ဆိုပြီး ပုံမှန်ဘဲ ဘေးကနေ ဖြတ်လျှောက်လိုက်တာပေါ့ အဲ့ချိန်မှာ ကားတံခါးကို ရုတ်တရက်ဖွင့်ပြီး ညီမကို ကားပေါ် အတင်းဆွဲတင်ပါတယ် ညီမက ရုတ်တရက်ကားတံခါးဖွင့်လိုက်တာဆိုတော့ သတိ၀င်ပြီး သူ့ကို တွန်းပြီး ပြေးပါတယ် သူက နောက်ကနေ အတင်းပြေးလိုက်ပြီး မေ့ဆေးနဲ့ လှမ်းအုပ်ပါတယ်။

ကံကောင်းချင်တော့ ညီမက မျက်နှာလွှဲလိုက်တော့နှာခေါင်းကို မအုပ်မိဘဲ မျက်မှန်ကိုဘဲထိပြီးကျိုးထွက်သွားပါတယ် အဲ့တာနဲ့ ညီမလဲသူ့ကို ကန်ပြီး အားကုန်ပြေးပြီး လွတ်လာခဲ့တာပါ။

ညီမက လူကောင်နည်းနည်းထွားလို့ ရုန်းနိုင်ခဲ့တာပါညီမနေရာမှာသာ ကောင်မလေး သေးသေးလေးတွေဆို မတွေးရဲစရာပါဘဲ ကားကိုစက်ပါနိုးထားပြီး အဆင်သင့် စောင့်နေတာပါ အကွက်ကျကျ စီစဉ်ထားပုံပါဘဲ တကယ်တကယ် ကံကောင်းလို့
လွတ်လာခဲ့တာပါ သတိထားပြီးသွားလာကြပါနော်”

ရေးသားသူ – Sonia’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။