ချစ်ခင်ပွန်းရဲ့သားသမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပုံနှင့်တကွပြသလိုက်တဲ့ “ပိုးကြာဖြူခင်”

Celebrity
ချစ်ခင်ပွန်းရဲ့သားသမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပုံနှင့်တကွပြသလိုက်တဲ့ “ပိုးကြာဖြူခင်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်ခင်ပွန်းရဲ့သားသမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပုံနှင့်တကွပြသလိုက်တဲ့ “ပိုးကြာဖြူခင်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်ခင်ပွန်းရဲ့သားသမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပုံနှင့်တကွပြသလိုက်တဲ့ “ပိုးကြာဖြူခင်”

သရုပ်ဆောင် ပိုးကြာဖြူခင် ကတော့ “ဝင်္ဂပါစံအိမ်”၊ “ကြယ်ကလေးရဲ့ကောင်းကင်”၊”မိုးကောင်းကင် အိမ်မက်”၊ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောင်ရင်း ပရိသတ် အားပေးမှု ကို ရရှိထားသူဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ အခုဆိုရင် သူမရဲ့ ကြင်စဦး အိမ်ထောင်သည် ဘဝလေးကို ဖြတ်သန်းနေထိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင် ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဖက်ဟာ ကလေးသုံးယောက်အဖေ မုဆိုးဖို ဖြစ်နေတာကြောင့် သူမရဲ့ အိမ်ထောင်ရေးဟာ အစပိုင်းမှာ ဝေဖန်မှုတွေခံခဲ့ ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုးကြာဖြူခင်ဟာ ကလေးတွေရဲ့ မေမေသစ်အဖြစ် မိသားစုဘဝလေးကို အကောင်းဆုံး တည်ဆောက်ထားကြောင်း သူမရဲ့ဖေ့စ် ဘုတ်စာမျက်နှာ Story မှာ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင် ကတော့ သူမနဲ့ သွေးသားတော်စပ်ခြင်းမရှိ ပေမယ့် ခင်ပွန်းဖြစ်သူ ဆီကပါလာတဲ့ ကလေးတွေကို သားသမီးအရင်းသဖွယ် စောင့်ရှောက်ခြင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်တို့ မိသားစုလေး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။