အိမ်ငှားဘ၀မှ အိမ်ပိုင်ရှင်ဘ၀သို့.

Astrology
အိမ်ငှားဘ၀မှ အိမ်ပိုင်ရှင်ဘ၀သို့.

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ငှားဘ၀မှ အိမ်ပိုင်ရှင်ဘ၀သို့. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ငှားဘ၀မှ အိမ်ပိုင်ရှင်ဘ၀သို့.

ဗေဒင်မိတ်ဆွေတွေ အိုးပိုင်အိမ်ပိုင်နဲ့ နေလိုတယ်လို့ လာလာ ပြောကြတာရှိတယ် ။ အဲလိုလာပြောရင်တော့ အောက်ကယတြာတွေကို လုပ်ခိုင်းလိုက်ပါတယ် ။ အောက်ပါအတိုင်းလည်းလုပ်ပါ ။ ကိုယ်တိုင်လည်း လုံ့လစိုက်ပေးကြပေါ့ဗျာ ။

နံပါတ်(၁)ယတြာကတော့ အုန်းသီးအခွံနှင့် စာကလေးအိမ် ဆောက်လုပ်ပေးရပါမယ် ။ အပြင်ကတော့ အုန်းဆံကြိုးနဲ့ ချည်နှောင်ပြီး အိမ် တံစက်မြိတ်မှာ တွဲလောင် ချည်ထားပေးပါဗျာ ။ မကြာမီမှာ စာအိမ်လေးထဲကို စာကလေးတွေ လာရောက်နေထိုင်ကြပါလိမ့်မယ် ။ နေ့စဥ္ နေ့တိုင်းတော့ အဲဒီငှက်အိမ်လေးတွေမှာ လာနေကြတဲ့ စာငှက်ကလေးတွေကို အစာကျွေးပေးရပါမယ် ။အစာကျွေးပေးရင်းနဲ့ “ကျွနု်ပ်သည်လည်း အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေထိုင်နိုင်ရပါစေ” လို့ ဆုတောင်းပေးပါ ။ ဒါက နံပါတ်(၁) ယတြာပဲ ။

နံပါတ်(၂)ယတြာက ညောင်ပင်ကြီးကြီး တစ်ပင်ကို ရှာပါ ။ တွေ့ပြီဆိုရင် အဲဒီ ညောင်ပင်မှာသွားပြီး သန့်ရှင်းရေးတွေ ဘာတွေလုပ်ပါ ။ ပြီးရင် နောက်နေ့ကျရင် အဲဒီညောင်ပင်ကြီးမှာ ရုက္ခစိုးစင် သွားရောက် ဆောက်လုပ်လှူဒါန်းရမယ် ။ လှူတဲ့ ရုက္ခစိုးစင်မှာလဲ မကြာမကြာသွားပြီးကောက်ညှင်းပေါင်းတို့ ဖယောင်းတိုင်တို့ အမွှေးတိုင်တို့ ပန်းတို့ တတ်နိုင်သလောက် သွားလှူပြီးရင် ရုက္ခစိုးနတ်မင်းဆီမှာ”အိုးပိုင် အိမ်ပိုင်တစ်လုံးနဲ့ အမြန်နေရပါလို၏” လို့ ဆုတောင်းရပါမယ် ။ ပြီးရင် အောက်က ဂါထာကို (၃၇)ခေါက် နေ့စဉ်ရွတ်ပေးပါ ။

ရုက္ခဇိုးဂါထာတော်

အာကာသဋ္ဌာန ဘူမဋ္ဌာစ
ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ ။
ဣဒ္ဓိမန္တော စ ယေ ဒေဝါ ။
မံ ပါပတေု ပတိစ်ဆိတံ ။

အားလုံးလည်း ကိုယ်ပိုင်အိုးအိမ်များနဲ့ အဆင်ပြေစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ် ခင်ဗျာ ။

ရေးသားသူ – မြန်မာ့ရိုးရာ ဗေဒင်ပညာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။