မိုးလေဝသ သတင်းအလိမ်တွေတင်ပြီး မြန်မာပြည်သူတွေဆီက လိမ်စားနေတဲ့ စုစုစံ Page အကြောင်း

Local News
မိုးလေဝသ သတင်းအလိမ်တွေတင်ပြီး မြန်မာပြည်သူတွေဆီက လိမ်စားနေတဲ့ စုစုစံ Page အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုးလေဝသ သတင်းအလိမ်တွေတင်ပြီး မြန်မာပြည်သူတွေဆီက လိမ်စားနေတဲ့ စုစုစံ Page အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုးလေဝသ သတင်းအလိမ်တွေတင်ပြီး မြန်မာပြည်သူတွေဆီက လိမ်စားနေတဲ့ စုစုစံ Page အကြောင်း
မိုးလေဝသစုစုစံက လူအစစ်လား အတုလား

အမေရိကန်မှာနေတယ်ဆိုပြီး အလှူခံတာမြင်ကတည်းက တမျိုးကြီးပဲ အဆန်းကြီးလို့ ထင်မိတယ်။ အချက်အလက်ဝယ်ဖို့ဆိုတာလည်း အမေရိကားက အလုပ်နဲ့အကိုင်နဲ့လူက သူ့ပိုက်ဆံနဲ့သူ ဝယ်လို့ရနေတာပဲ။ ဝင်ငွေအရ သိပ်အပန်းမကြီးလောက်ဘူး အလှူခံနေစရာ မလိုလောက်ဘူး ထင်မိတယ်။ သူ့ပေ့ချ်တွေက သူကိုယ်တိုင်လား ဂျူ းနာမည်နဲ့ ပေ့ချ်တွေလိုမျိုး သူ့နာမည်သုံးပြီးတော့ သူနဲ့မဆိုင်ဘဲ သူများက လုပ်နေတာလား မပြောတတ်ဘူး။ ပရိုဖိုင်ကတော့ အက်ဒ်မင်တစ်ယောက်ပဲရှိတယ်။

ဗမာပြည်ကနေ ကိုင်နေတာ။ အမေရိကားက မဟုတ်ဘူး။ ပေ့ချ်တစ်ခုကတော့ အက်ဒ်မင် သုံးယောက်။ သုံးယောက်လုံး ဗမာပြည်ကချည်းပဲ။ အမေရိကားက အက်ဒ်မင် လုံးဝမတွေ့ပါဘူး။ သူ့အကောင့်အစစ်ရဲ့cover ပုံက ကွန်ပျူတာစားပွဲက ဗမာပြည်က စားပွဲပါ။ ဘေးက ကျွန်းစားပွဲခုံကြီးက ပိုသိသာတယ်။

ပလပ်ပေါက်တွေက ဗမာပြည်ကနဲ့ တူတယ်။ ပါဝါဘန့်အားသွင်းထားတာ တွေ့ရပြီး UPS သုံးနေတာ တွေ့ရတယ်။ အမေရိကားက မိုးလေဝသ စားပွဲ ကွန်ပျူတာ ပုံတွေ ပြထားပါတယ်။ ပေ့ချ်ထဲက စုစုစံဆိုတဲ့ ပုံရဲ့အင်္ကျီက ထိုင်း undergrad တက္ကသိုလ်ကျောင်းသူဝတ်စုံနဲ့ တူနေတယ်။ Google image search နဲ့ လိုက်ရှာလို့မရတဲ့အတွက် အင်တာနက်က ယူသုံးထားတဲ့ ပုံတော့ မဟုတ်ဘူး။ ပို့စ်တိုင်း ပို့စ်တိုင်းမှာ ကယ်လီဖိုးနီးယား အမေရိကန်ဆိုတာကြီးပဲ ထပ်ခါတလဲလဲထည့်တင်နေတာ တွေ့ရတယ်။ အမေရိကားကလူက အမေရိကားပါလို့ ထပ်ခါ ထပ်ခါ တင်မနေလောက်ဘူးထင်ပါတယ်။

သတင်းဌာနတွေမှာ ဦးဝင်းနိုင် အင်တာဗျူးတွေတွေ့ပေမဲ့ စုစုစံ အင်တာဗျူးတွေ မတွေ့မိဘူး။ BBC လို သတင်းဌာနကြီးတွေက ဖုန်းနံပါတ်မရရင် မဗျူးပါဘူး။ အမေရိကား ဖုန်းနံပါတ်နဲ့ အင်တာဗျူး အဖြေခံနိုင်ရဲမလား စမ်းကြည့်ဖို့ လိုပါမယ်။ ဖြစ်နိုင်တာက အမေရိကားဆိုရင် လူကြိုက်ပိုများမယ်၊ မိန်းကလေး ချောချောပုံနဲ့ဆို လူထဲကို ပိုရောက်မယ်။ အဲ့ဒါနှစ်ခုသုံးပြီး ပေါက်အောင်လုပ်ထားတာလား စဉ်းစားမိတယ်။ Kpay နံပါတ်က လူနဲ့လိုက်ရင် အဖြေပေါ်နိုင်ပါတယ်။ စုစုစံက အလှူငွေလက်ခံတဲ့အခါ ဦးထွန်းလှအောင်ဆိုတဲ့လူရဲ့နာမည်နဲ့ အကောင့်ဆီကို ငွေထည့်ခိုင်းတာ တွေ့ရပါတယ်။ အခုက ဖော်လိုဝါ 1M အထိ ရထားတာတွေ့ပါတယ်။ ခန့်မှန်းတာ မှန်တယ်လို့ ပြောကြတယ်။

ရွာမှာ ရမ်းကုက ဆေးကုလို့ ရောဂါပျောက်တိုင်း လက်ခံမလား၊ လွှတ်ထားမလား စဉ်းစားဖို့လိုပါမယ်။ အခုနေအခါမှာ စုစုစံ အစစ်လား အတုလား ပြောမိရင် လူတကာက ကိုယ့်ကို ဆဲကြမယ်နဲ့တူတယ်။ မိုးလေဝသလိုဟာမျိုးက တရားဝင်ဌာနဆိုင်ရာတွေ၊ professional တွေကပဲ လုပ်ဆောင်ကြရမှာပါ။ ရမ်းကုမျိုးက အန္တရာယ်များပါတယ်။

မ​နေ့က ကြည့်ကတည်းက တစ်မျိုးကြီးဟ ဆိုပြီး ထင့်​နေတာ။ ည သန်း​ခေါင်​လောက်ကျ​တော့ ထင်တဲ့ အတိုင်း ပို့စ်​တွေ တက်​ရော။
စုစုစံက အတုကြီးပါဆိုတာ။ ၁၀၀% ဖြစ်နိုင်ပါတယ်။
စုစုစံ ဆိုတာ အသက် ၅၀ ​ကျော် သင်္ဘောသားကြီးက ဖန်တီးထားတဲ့ ဇာတ်ရုပ်ဆိုတာ။ ဘာလို့ဆို​တော့ ..

၁။ US မှာ ​နေတဲ့သူက တင်သမျှ ပို့စ်တိုင်း Lives in US ဆိုတာကိုပဲ ထပ်ကာ ထပ်ကာ Location Tag ​နေတယ်။ ဒါ အဓိပ္ပါယ်မရှိဘူး။ ယုံကြည်မှုကို တည်​ဆောက်​နေတာ။ (ဆင်ခြင်တုံတရား နဲတဲ့သူ​တွေကို သား​ကောင်​ရွေးထားတာ)

၂။ ပုံလဲ မတင် ၊ ကိုယ်​ရေးကိုယ်တာလဲ ဘာမှ တင်ထားတာ မ​တွေ့။
Background History ဘာမှ ရှာမ​တွေ့။ CDM လိုလို ၊ ထွက်​ပြေး​နေရသလိုလို ၊ 505 လိုလိုနဲ့ ​ရောချထားတာ။

၃။ Technical Terms ​တွေကို ကူးချ ၊ ​ရောချထားတာ။

၄။ သံသယဖြစ်စရာ အ​ကောင်းဆုံး အချက်က အလှူခံတာပဲ။ US မှာ ​နေတဲ့သူက ဘာကို အလှူခံရမှာလဲ။ မုန်တိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက်​တွေကို ဝယ်သုံးဖို့ အလှူခံရပါတယ်ဆိုပြီး ​ဝါးတားတားနဲ့ ​ရောချထားတယ်။ ဘယ် ဆိုက် ၊ ဘယ် ​​ဒေတာကို ဝယ်သုံးရပါတယ်ဆိုတာကို ဘာမှ ​ပြောမထားဘူး။

၅။ မြန်မာ​တွေ ထုံးစံအတိုင်း လှူရင်း​ကြော်ငြာကြ​လေသတည်း​ပေါ့။ သူ​ရွေးလိုက်တဲ့ target က ​တောဘက်က စာသိပ်မတတ်တဲ့သူ​တွေ ၊ စိုက်ပျိုး​ရေးသမား​တွေ ၊ ​တောသူ​​ဌေး​တွေကို ​ရွေးတာ။

၆။ တင်ထားတဲ့ ကာဗာဖိုတို​တွေကို ကြည့်တာနဲ့တင် မြန်မာပြည်ထဲက ဆိုတာကို အသိသာချည်းပါ။ ​ပေ့ချ်ကို ဝင်စစ်ကြည့်လို့လဲ ရ​နေတာပဲ။ ဒါမယ့် ​တောသား​တွေ အဲ့​လောက် မစစ်တတ်ဘူးဆိုတာ သူသိတယ်။
အ​ရေးထဲ လုပ်စားတဲ့ ဘိုး​တော်နဲ့ ​တွေ့​နေ​သေးတယ်​နော်။

ငိုအားထက် ရယ်အားသန်
​အော် … မင်းဂွတ်သီးကြီး မင်းဂွတ်သီးကြီး ..
ခုဆို သိန်း ၁၀၀ ​လောက်​တော့ ခိုင်သွားပြီ ထင်တယ်..

ရေးသားသူ – William Nay’s facebook, Aung Zaw Htet’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။