ပန်းနာရင်ကျပ် ရာသက်ပန် ပျောက်ဆေးနည်း

Health Knowledge
ပန်းနာရင်ကျပ် ရာသက်ပန် ပျောက်ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပန်းနာရင်ကျပ် ရာသက်ပန် ပျောက်ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပန်းနာရင်ကျပ် ရာသက်ပန် ပျောက်ဆေးနည်း

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက်တစ်သက်လုံးပျောက်ကင်းစေသောဆေးနည်းကောင်းပေးလိုက်မည် ။မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာလူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်နေ့စဉ်စားနေခဲ့သည်။

စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏ ၊ ထို့ကြောင့် အားတက်၍နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံး၀ ပျောက်ကင်းသွားပုံ လက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏ တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည် ။

စားသုံးနည်းမှာ လွယ်ပါ၏ ၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီးဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။

နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည် ။

နောက်တနည်း နတ်ဆေးဂမုန်း

လက်တွေ့ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊ နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်၃ ရက်လှန်းပါ ။

ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊။ ပေါင်း ၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်‌သောက်ပေးပါ ၊

ပန်းနာရင်ကျပ်ရောဂါပျောက်၏ ၊ ဒူလာ မီးယပ်ရောဂါပါ ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝဖြိုးစိုပြည်လာသည်ကို တွေ့ရပါလိမ့်မည် ၊

ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြား သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ
ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။