အိမ်မှာ ကြမ်းပိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက်များ

Knowledge
အိမ်မှာ ကြမ်းပိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်မှာ ကြမ်းပိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်မှာ ကြမ်းပိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက်များ


ကြမ်းပိုးတွေက ဘယ်လိုကူးစက်ရောဂါမျိုးမှ မဖြစ်နိုင်ပေမဲ့ တချို့ကျန်းမာရေးပြဿနာတွေတော့ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် ကြမ်းပိုးကိုက်ခံရရင် အလာဂျစ်ထတာ၊ အနီစက်တွေဖြစ်လာတတ်ပါတယ်။ အိမ်မှာ ကြမ်းပိုးတွေ့ရင် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ သင့်အိမ်မှာ မကြိုဆိုဘဲ ရှိနေတတ်တဲ့ဧည့်သည်တွေထဲမှာ ကြမ်းပိုးလည်းအပါအဝင်ပါပဲ။ ကြမ်းပိုးတွေ အများကြီးမျိုးမပွားခင် ကြမ်းပိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက်တွေကို မျှဝေပေးလိုက်ရပါတယ်။

ယားယံတဲ့အနီစက်တွေ

သင့်ရဲ့မျက်နှာ၊ လက်၊ ခြေထောက်၊ ခါး၊ နောက်ကျော အပါအဝင် ခန္ဓာကိုယ်ရဲ့နေရာတော်တော်များများမှာ အနီစက်တွေတွေ့ပြီး ယားယံနေပြီးဆိုရင် သင့်အနီးနားမှာ ကြမ်းပိုးရှိနေပြီဆိုတဲ့ လက္ခဏာရပ်တစ်ခုပါပဲ။ ကြမ်းပိုးတွေက ကိုက်ပြီး သွေးစုပ်တဲ့အင်းဆက်ပိုးမွှားဖြစ်တဲ့အတွက် အရမ်းယားယံပြီး ကုတ်နေရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ကြမ်းပိုးတွေကို အပြုံလိုက်တွေ့ရသလို အရမ်းကျဉ်းမြောင်းတဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။

သွေးအစွန်းအထင်းတွေ

သင့်အိပ်ရာနဲ့ အဝတ်အစားမှာ အနီရောင်အစွန်းအထင်းတွေရှိမရှိကြည့်ပါ။ သင့်သွေးကို စုပ်တဲ့အခါ သင်က ပိုးကောင်ကို ဖိလိုက်မယ်ဆိုရင် သင့်အဝတ်အစားမှာ အနီစက်တွေ စွန်းထင်းကျန်နေတတ်ပါတယ်။ သံချေးရောင်အစွန်းအထင်းတွေကိုလည်း တွေ့ရနိုင်ပါတယ်။ သင့်အိပ်ရာခင်းပေါ်လည်း ရှာလို့ရသလို ကုတင်ကြားတွေမှာလည်း ရှိနေတတ်ပါတယ်။

အောက်သက်သက်အနံ့

ကြမ်းပိုးတွေက ဖီရိုမုန်း (pheromones) ဆိုတဲ့ ဓာတ်ကို ထုတ်လွှတ်ပေးတဲ့ အနံ့ကလန်းရှိပါတယ်။ အဲဒီဓာတ်များရင် အနံ့က အရမ်းပြင်းပြီး အနံ့အသက်မကောင်းပါဘူး။ သင့်အခန်းမှာ အောက်သက်သက်အနံ့၊ မှိုအနံ့လိုအနံ့မျိုးရရင် ကြမ်းပိုးရှိတာဖြစ်နိုင်ပါတယ်။

ကြမ်းပိုးအပေါ်ယံအခွံ

ကြမ်းပိုးတွေက ကြီးထွားလာတာနဲ့ သူတို့ရဲ့အရေပြားတွေကို ခွာချပါတယ်။ ဒါကြောင့် ပိုးကောင်ပုံစံ အရောင်တောက်တဲ့အပေါ်ယံအခွံကို ရှာကြည့်ပါ။ ခေါင်းအုံး၊ မွေ့ရာ၊ ထိုင်ခုံ၊ ကူရှင်တွေကြား ရှားကြည့်လို့လည်းရပါတယ်။ ဗီရိုနဲ့ အဝတ်အစားတွေကိုလည်း စစ်ဆေးကြည့်ပါ။

ပရိဘောဂပေစ္စည်းတွေမှာ အဖြူရောင်အစက်အပြောက်

သင့်အိမ်ရဲ့ပရိဘောဂတွေမှာ အဖြူရောင်အစက်အပြောက်တွေကို မြင်ရင် အဲဒါတွေက ကြမ်းပိုးဥတွေဖြစ်နိုင်ပါတယ်။ ကြမ်းပိုးဥတွေက ဆန်စေ့လိုပုံစံမျိုးရှိပြီး အဖြူရောင်အဆင်းရှိပါတယ်။ မျက်လုံးနဲ့ သေချာကြည့်မှာ မြင်နိုင်တာကြောင့် ဓာတ်မီး၊ မှန်ဘီလူးတွေနဲ့ သင့်အခန်းကို ရှာကြည့်တာပိုကောင်းပါတယ်။ ကြမ်းပိုးဥတွေကို ပရိဘောဂရဲ့ထောင့်အစပ်တွေ၊ မွေ့ရာကြားတွေမှာ တွေ့ရနိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။