ကမ္ဘာ့အဝိုင်းစက်ဆုံး ရေကန်

International News Knowledge
ကမ္ဘာ့အဝိုင်းစက်ဆုံး ရေကန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အဝိုင်းစက်ဆုံး ရေကန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အဝိုင်းစက်ဆုံး ရေကန်

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ကင်စလေရေကန် (ငွေဒင်္ဂါးရေကန်)ဟာ ကမ္ဘာပေါ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အဝိုင်းစက်ဆုံးရေကန်ပါပဲ။ ကင်စလေရေကန် ဘယ်လောက်ဝိုင်းစက်သလဲဆိုတာ အပေါ်ဘက်က ကြည့်ရင် ပိုသိသာပါတယ်။ ငွေဒင်္ဂါးရေကန်ဆိုတဲ့အမည်ကတော့ ရေကန်ပေါ် ဖြတ်ကျော်ပျံသန်းကြတဲ့ လေယာဉ်မှူးတွေ ချစ်စနိုး ခေါ်ကြတဲ့အမည်ပါ။

အချင်း ၂ မိုင်၊ ကမ်းခြေအရှည် ၅.၅ မိုင်၊ အနက် ပေ ၉၀ ရှိတဲ့ ကင်စလေရေကန်ဟာ ဖလော်ရီဒါပြည်နယ်မှာ အနက်ဆုံးရေကန်တစ်ကန်ဖြစ်ပြီး ကကတစ်ငါး ဖမ်းလို့ အကောင်းဆုံး နေရာတစ်ခုပါ။ ကင်စလေရေကန်ဟာ လူဖန်တီးထားတဲ့ ရေကန်မဟုတ်ဘဲ သဘာဝအတိုင်း ဝိုင်းစက်စွာ ဖြစ်ပေါ်နေတာကြောင့် ထူးခြားတာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။