အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

Health
အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့အမှန်ပါ။အရုပ်ဆိုးတယ်ဆိုတဲ့ရှောက်ဘီလူးသီးလေးက ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။

ရှောက်ဘီလူးသီးဆိုတာသံပုရာသီးအရွယ်အစားလောက်ပဲရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေးမဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။

အချဉ်အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးလို့ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမာ ထည့်သုံးကြတာများပါတယ်။မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်းဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက်ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။

ရှောက်ဘီလူးသီးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ
ရှောက်ဘီလူးသီး စားသုံးမှုက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ခံတွင်းကျန်းမာစေနိုင်တယ်

အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ သွားဖုံးတွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။

သွားတိုက်ဆေးနဲ့အတူရောပြီးတော့လည်း သုံးပေးလို့ရပါတယ်။

သွေးသန့်စေနိုင်တယ်

သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ။ နာတာရှည်သွေးရောဂါတွေခံစားနေရတဲ့ သူတွေနဲ့အထူးသင့်တော်ပါတယ်။သွေးထဲမှာရှိတဲ့pathogensတွေကိုဖယ်ရှားပေးပြီးသွေးသန့်စေနိုင်ပါတယ်။ အသည်းနဲ့ ခန္ဓာကိုယ်တွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

အစာခြေစနစ်ကျန်းမာစေနိုင်တယ်

ရှောက်ဘီလူးသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကနာကျင်ရောင်ရမ်းမှုကိုလျော့ကျစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာ၊ အစာမကြေတာ၊ အစာအိမ်အနာဖြစ်တာ၊ အူမကြီးကင်ဆာ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ သင့်တော်ပါတယ်။

အင်းဆက်တွေကိုနှိမ်နှင်းနိုင်တယ်

အင်းဆက်တွေကို နှိမ်နှင်းပေးနိုင်တဲ့ အာနိသင်ရှိပြီးအင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ အင်းဆက်ကိုက်ခံရတာတွေအတွက်လည်းရှောက်ဘီလူးသီးကို သုံးပေးလို့ရပါတယ်။

အသားအရေအတွက်ကောင်းကျိုးပြုတယ်

ရှောက်ဘီလူးသီးအရည်ကို အလှကုန်ပစ္စည်းတွေနဲ့ တွဲသုံးပေးတာက အသားအရေကို ကြည်ပါတယ်။ အရေပြားကို ကျန်းမာလှပစေမယ့် သဘာဝဆေးတစ်မျိုးပါ။

နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်

အရိုးအဆစ်နာကျင်ရောင်ရမ်းမှု၊ ဂေါက်ရောဂါအပါအဝင် အရိုးအဆစ်ရောင်ရမ်းနာကျင်မှုတွေအတွက် အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကိုသက်သာစေနိုင်တယ်

စိတ်ဖိစီးမှုနဲ့ အာရုံကြောပြဿနာအမျိုးမျိုးအတွက်လည်း ရှောက်ဘီလူးသီးက အစွမ်းထက်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါရှောက်ဘီလူးသီးကို ရှူပေးပါ။ စိတ်ပူပန်မှုသက်သာစေဖို့အတွက်လည်း ရှောက်ဘီလူးသီးကို ရှူပေးလို့ရပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုတိုးတက်စေနိုင်ပါတယ်။ အသားအရေကနေစလို့ ကိုယ်တွင်း အင်္ဂါတွေအထိ ကျန်းမာစေနိုင်ပါတယ်။

ဆံသားကျန်းမာစေနိုင်တယ်

ရှောက်ဘီလူးသီးရဲ့ အရည်ကရော အရွက်ကပါ ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပြီး ဗောက်မထအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားကို အရောင်တောက်စေနိုင်ပြီး လှပနေစေမှာပါ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။