မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေအဖြစ်ကျော်ကြားခဲ့တဲ့ မိုးကုတ်သူမင်းသမီးများ

Celebrity Local News
မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေအဖြစ်ကျော်ကြားခဲ့တဲ့ မိုးကုတ်သူမင်းသမီးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေအဖြစ်ကျော်ကြားခဲ့တဲ့ မိုးကုတ်သူမင်းသမီးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေအဖြစ်ကျော်ကြားခဲ့တဲ့ မိုးကုတ်သူမင်းသမီးများ

၁) ထက်ထက်မိုးဦး

“ကြော်ငြာဘုရင်မ”လို့ တင်စားခဲ့ရတဲ့အထိ အောင်မြင်ကျော်ခဲ့တဲ့ ထက်ထက်မိုးဦးကတော့ မိုးကုတ်မြို့၊ မြို့မရပ်မှာ မွေး ဖွားခဲ့တဲ့မင်းသမီးတစ်ဦးဖြစ်ပါတယ်။ မှုံရွှေရည်ဆိုတဲ့ နာမည်လေးကနေတ ဆင့် အောင်မြင်တဲ့ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်လာခဲ့တဲ့ ထက်ထက်မိုးဦး ကတော့ မိုးကုတ်မြို့ရဲ့ အလှပဂေးလေးပါပဲနော်။ သူမကတော့ ပန်းသခင်၊ သမီးမိုက် အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ၂ ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာ အနုပညာ လောကမှာ အောင်မြင်စွာရပ်တည်နိုင်ခဲ့တဲ့အပြင် လက်ရှိအချိန်ထိ ပရိသတ် တွေကချစ်ခင်အားပေးနေဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

၂) ထွန်းအိန္ဒြာဗိုလ်

အဆိုပိုင်းမှာမက သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗို ကတော့ မိုးကုတ် မြို့ဇာတိဖြစ်ပါတယ်။ နာမည်အရင်းကတော့ မိမိခိုင် ဖြစ်ပါတယ်။ ချစ်စနိုးနဲ့ မခိုင်ကြီး လို့ ခေါ်ကြတဲ့ သူမဟာ နှောင်းတမြေ့မြေ့၊ အမေ့နို့ဖိုး၊ မိုးကုတ် စက်ဝိုင်းကိုကျော်လွန်၍ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီ ဆုကို ပိုင်ဆိုင်ခဲ့တဲ့အပြင် အဆိုတော်တစ်ယောက်အနေနဲ့ တစ်ကိုယ်တော် တေးစီးရီးများအပါအဝင် သီချင်းကောင်းများစွာထွက်ရှိခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပါတယ်။

၃) ဖွေးဖွေး

ဖွေးစိန် လို့ ချစ်စနိုးခေါ် ကြတဲ့ ဖွေးဖွေး ဟာ မိုးကုတ်ဇာတိဖြစ် ပြီး နာမည်အရင်းကတော့ ရွှေရည်ကိုဦး ဖြစ်ပါတယ်။ သူမဟာ တိုင်းသိပြည်သိ ပရိသတ်ချစ်ခင်အားပေးမှု့ကို ရရှိထားတဲ့ မင်းသမီးတစ် လက်ဖြစ်ကာ လက်ပံ၊ ကျွန်မကနှင်းဆီပါမောင်၊ ရွှေကြာ အစရှိတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် လက်ရှိအချိန်ထိ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။

၄) ဝတ်မှုန်ရွှေရည်

ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည် ကတော့ မိုးကုတ်မြို့ဇာတိဖြစ်ပါတယ်။ သူမဟာ မိုးကုတ်မြို့ရဲ့ အောင်မြင် ကျော်ကြားတဲ့အနုပညာရှင်တွေထဲမှာ တစ်ဦးပါဝင်ပြီးတော့ နင်စေရင် ၊ နှလုံးသားဖြင့်ပြုလုပ်သည် အမျိုးသမီးဇာတ်ဆောင်ဆုတစ်ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုတစ်ဆု စုစုပေါင်း ၂ ဆုပိုင်ဆိုင်ခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည် မင်းသမီး ဖွေးဖွေး နဲ့ တစ်ဝမ်းကွဲညီအစ်မကတော်စပ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။