ညဘက်မှာ ငှက်ပျောသီးစားသင့် မစားသင့်

Health Knowledge
ညဘက်မှာ ငှက်ပျောသီးစားသင့် မစားသင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ညဘက်မှာ ငှက်ပျောသီးစားသင့် မစားသင့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ညဘက်မှာ ငှက်ပျောသီးစားသင့် မစားသင့်


ငှက်ပျောသီးက တစ်ကမ္ဘာလုံးကလူတော်တော်များများ စားသုံးကြတဲ့ အသီးတွေထဲက တစ်မျိုးပါပဲ။ မရှိမဖြစ်အာဟာရဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်ဝနေတဲ့ ငှက်ပျောသီးတွေက ကျန်းမာရေး ကောင်းကျိုးတွေရှိတယ်ဆိုတဲ့ သက်သေပြချက်တွေ အများကြီးရှိထားပါတယ်။ ငှက်ပျောသီးက အမျှင်ဓာတ်၊ ပိုတတ်စီယမ်ဓာတ်၊ ကယ်စီယမ်ဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်ဝတာကြောင့် ကိုယ်အလေးချိန်ချတဲ့နေရာမှာ ကူညီပေးတဲ့အပြင် နှလုံးကျန်းမာရေးကိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။

ဒါပေမဲ့ ငှက်ပျောသီး စားသုံးတာနဲ့ပတ်သက်ပြီး အယူအဆအမှားတွေ ရှိနေပါတယ်။ လူတွေအဖြစ်များဆုံးက ညဘက် ငှက်ပျောသီးစားတာပါပဲ။ ညဘက်မှာ ငှက်ပျောသီးစားမယ်ဆိုရင် အအေးမိချောင်းဆိုးခြင်း လက္ခဏာရပ်တွေ ဖြစ်လာနိုင်ပါတယ်။

ငှက်ပျောသီးကို ညဘက်မှာ စားသင့်လား

ညဘက်မှာ ငှက်ပျောသီးစားခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တွေ မရှိပါဘူး။ ဒါပေမဲ့ ဆေးပညာအရ ငှက်ပျောသီးက ချွဲ၊ သလိပ်တွေ ထုတ်ပေးနိုင်ပြီး ညဘက်မှာ ငှက်ပျောသီးကို စားမယ်ဆိုရင် လည်ချောင်းမှာ ဆို့နင်သလိုခံစားရနိုင်ပါတယ်။

ဒါ့အပြင် ငှက်ပျောသီးက အစာအိမ်ကို အစာခြေဖျက်ဖို့ အချိန်တော်တော် ယူရစေပါတယ်။ ညဘက်မှာ ကျွန်တော်တို့ရဲ့ဇီဝဖြစ်စဉ်က လုပ်ဆောင်မှုအနည်းဆုံး ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ညဘက်မှာ ငှက်ပျောသီးစားပေးခြင်းက အစာအိမ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ တချို့လေ့လာချက်တွေမှာတော့ ငှက်ပျောသီးက မရှိမဖြစ်အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်စက်ရတာခက်ခဲတဲ့သူဆိုရင် အိပ်ဆေးသောက်တာထက် ငှက်ပျောသီးကို စားပေးသင့်ပါတယ်။

ညနေ့ခင်းမှာ ငှက်ပျောသီးစားပေးတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် အရမ်းစားဖို့မလိုအပ်ဘူးဆိုရင် ငှက်ပျောသီးကို ညဘက်မစားဘဲ နေသင့်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးကို ညဘက် စားကိုမစားရဘူးလို့ မဖြစ်မနေ ရှောင်ခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ အောက်မှာဖော်ပြပေးတဲ့ အခြေအနေတွေမျိုးမှာဆိုရင်တော့ ညဘက်မှာ ငှက်ပျောသီးစားတာကို ရှောင်ရှားသင့်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။