ခပ်ရိုင်းရိုင်းစာသားတွေပါတဲ့ “ကောက်ရိုးမီး” သီချင်းနဲ့ရေပေါ်ဆီတွေအားလုံးကို ထိမိအောင်ဆိုပြခဲ့တဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ)

Celebrity Local News
ခပ်ရိုင်းရိုင်းစာသားတွေပါတဲ့ “ကောက်ရိုးမီး” သီချင်းနဲ့ရေပေါ်ဆီတွေအားလုံးကို ထိမိအောင်ဆိုပြခဲ့တဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခပ်ရိုင်းရိုင်းစာသားတွေပါတဲ့ “ကောက်ရိုးမီး” သီချင်းနဲ့ရေပေါ်ဆီတွေအားလုံးကို ထိမိအောင်ဆိုပြခဲ့တဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခပ်ရိုင်းရိုင်းစာသားတွေပါတဲ့ “ကောက်ရိုးမီး” သီချင်းနဲ့ရေပေါ်ဆီတွေအားလုံးကို ထိမိအောင်ဆိုပြခဲ့တဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ)

ပရိသတ်ကြီးရေ.. ဖြူဖြူကျော်သိန်းလို့ ဆိုလိုက်တာနဲ့ ဂီတအနုပညာလောကမှာ အောင်မြင်မှုအရရှိဆုံး အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါ တယ်။ ဖြူဖြူကျော်သိန်းဟာ နာမည်ကြီးထိပ်တန်း အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ တိုင်းပြည်ရဲ့အခြေအနေကြောင့် သူမအနေနဲ့ နာမည်ကြီးအဆိုတော်ဆိုတဲ့ဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး သာမာန်သူတစ်ယောက်အဖြစ်ပါ နေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖြူဖြူကျော်သိန်းက သူမ ကိုယ်တိုင် ရေး ဆို တီး ထားတဲ့ သီချင်းသစ်လေးကို မိတ်ဆက်ပေးလာပါတယ်။

ဖြူဖြူကျော်သိန်းက “ခုတလော မြင်နေ တွေ့နေ ကြား နေရတာတွေက အဆင်မပြေလှဘူး။ ပြောပြန်ရင်လည်း “မနာလိုလို့” ဆိုတဲ့ ခပ်ညံ့ညံ့အကွက်နဲ့ ရန်တိုက်ခံရဦး မယ်။ လူများစုကလည်း ယုံလွယ်၊ သနားလွယ်၊ ဖြည့် တွေးလွယ်ရှာလေတော့…ကိုယ့်အိုင်ဒေါတွေကိုကာကွယ်ပေးဖို့ဆိုရင် သူတို့ဘဝနွံနစ်နေတာကိုတောင်သတိ မထားနိုင်ရှာပဲ၊ ထောက်ပြပြောဆိုသူတွေကိုသာ မုန်းတီးရန်လိုကြဦးမယ်။

ဒီလိုနဲ့ပဲ…ပြောချင်တာတွေ ကို မျိုသိပ်ထားရင်း သီချင်းရေးဖို့ စိတ်ကိုထွက်ပေါက် ပေးမိတယ်။ ထွက်လာတဲ့သီချင်းက (ကိုယ့်အတွက် တော့) ဖြူဖြူကျော်သိန်းဘဝမှာ ဆိုဖူး ရေးဖူးသမျှထဲ အ ရိုင်းဆုံးပဲ။ မ ကြိုပြောထားတယ်နော်…နည်းနည်းရိုင်း မယ်လို့။ “ ပြီးတော့မှ “တို့ဖြူဖြူလေး ရိုင်းလှချေလား” ဆိုပြီး လာမပြောနဲ့။

ယူတို့ဖြူဖြူလေး ခုလိုစကားလုံး တွေ ကြမ်းသွားအောင် ဘယ်သူတွေလုပ်လိုက်တာလဲ ဆိုတာပဲ နှလုံးသားနဲ့ခံစားပြီး မြင်အောင်ကြည့်ပါလို့။ သီချင်းနာမည်က အယဉ်ဗားရှင်းဆိုရင် “ကောက်ရိုးမီး”၊ အရိုင်းဗားရှင်းဆိုရင်တော့ Chorus ရဲ့ နောက်ဆုံး စာကြောင်းပဲ။” ဆိုပြီး ပြောလာခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းရဲ့ “ကောက်ရိုးမီး” သီချင်းလေး ကတော့ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေကိုမသိပဲ အသွားအလာ အပျော်အပါးမပျက်တဲ့ ကောက်ရိုးမီး ရေပေါ်ဆီတွေအကြောင်းကို ထိထိမိမိစကားလုံးတွေနဲ့ သီဆိုထားတာပဲဖြစ်ပါတယ်။ Cele Active World ပရိသတ်ကြီးလည်း ဖြူဖြူရဲ့ “ကောက်ရိုးမီး” သီချင်း လေးကို ခံစားနားဆင်နှစ်သက်ကြမယ်ထင်ပါတယ်နော်။

(ရုပ်/သံ)- https://youtu.be/WpuGFvlb-C4

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။