အရွယ်ရောက်လို့ အိမ်ထောင်ကျနေပြီဖြစ်တဲ့ ကမ္ဘာ့အမွေးသန်ဆုံးကောင်မလေး

International News
အရွယ်ရောက်လို့ အိမ်ထောင်ကျနေပြီဖြစ်တဲ့ ကမ္ဘာ့အမွေးသန်ဆုံးကောင်မလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရွယ်ရောက်လို့ အိမ်ထောင်ကျနေပြီဖြစ်တဲ့ ကမ္ဘာ့အမွေးသန်ဆုံးကောင်မလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရွယ်ရောက်လို့ အိမ်ထောင်ကျနေပြီဖြစ်တဲ့ ကမ္ဘာ့အမွေးသန်ဆုံးကောင်မလေး

“ဝံပုလွေကောင်မလေး”၊ “မျောက်မျက်နှာနဲ့ကောင်မလေး” လို့ ရွယ်တူတွေရဲ့စနောက်တာကို ခံခဲ့ရတဲ့ ကောင်မလေးဟာ အခုဆိုရင် အချစ်ကို ရှာဖွေတွေ့ရှိပြီး ပျော်ရွှင်စရာအဆုံးသတ်လေးပိုင်ဆိုင်သွားခဲ့ပါပြီ။ ဆူပါထရာ နက်တီ ဆာဆုဖန်ဆိုတဲ့ ကောင်မလေးက ကမ္ဘာ့အမွေးသန်ဆုံးကောင်မလေးလည်း ဖြစ်ခဲ့ပြီး သူ့ရဲ့အသွင်အပြင်ကြောင့် အတန်းဖော်တွေရဲ့လှောင်ပြောင်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။

၁၉၉၉ ခုနှစ် ဩဂုတ် ၅ ရက်နေ့မှာ ဆူပါထရာကို မွေးဖွားခဲ့တဲ့အချိန် သူ့မိဘတွေက ပျော်ရွှင်မှုနဲ့အတူ အံ့အားသင့်မှုတွေ ရောနှောနေခဲ့တာပါ။ သူတို့ရဲ့ကလေးဟာ အမွေးအမှင်တွေအများကြီးပါနေတယ်လို့ ဆရာဝန်က ပြောခဲ့လို့ပါပဲ။ အစကတော့ ဒါက သာမန်ပဲလို့ ထင်ခဲ့ပေမဲ့ ဖန်ခန်းထဲက သူတို့ရဲ့ကလေးကို မြင်တော့ ထိတ်လန့်အံ့အားသင့်သွားခဲ့ရပါတယ်။ ဆူပါထရာရဲ့အမွေးအမှင်တွေက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါး ဖုံးလွှမ်းနေခဲ့တာပါ။ ထိုင်းနိုင်ငံက ဆရာဝန်တွေကဆို သူ့လို ကလေးမျိုး တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။

နောက်ပိုင်းကျ ဆူပါထရာမှာ Ambras Syndrome လို့ခေါ်တဲ့ ရှားပါးအရေပြားရောဂါရှိနေတယ်လို့ ဆရာဝန်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးရုံမှာ ရှိနေတဲ့အချိန်မှာ ဆူပါထရာရဲ့မိဘတွေက ကလေးကို ထားပြီး ထွက်သွားမှာကို ဆရာဝန်တွေက စိုးရိမ်ခဲ့ရပါသေးတယ်။ အဲဒါကို သိတဲ့ သူ့ရဲ့မိဘတွေက ဘယ်လိုအခြေအနေမှဖြစ်ဖြစ် ကလေးကို ဘယ်တော့မှ မစွန့်ပစ်ဘူးလို့ ပြောခဲ့ရပါတယ်။

ဆူပါထရာက ချစ်စရာမိသားစုမှာ ကြီးပြင်းခဲ့ရပေမဲ့ သူ့ရဲ့အခြေအနေကို လူတိုင်းက နားလည်မပေးနိုင်ခဲ့ဘူး။ သူစိမ်းတွေနဲ့ သက်တူရွယ်တူတွေရဲ့အနိုင်ကျင့်တာကို ခံခဲ့ရတယ်။ သူ အရွယ်ရောက်လာတာနဲ့အမျှ မျက်နှာက အမွေးအမှင်တွေက ပိုပြီးထူလာခဲ့တယ်။ လေဆာနဲ့ကုသတဲ့ နည်းကလည်း အမွေးသန်တာကို ရပ်တန့်မပေးနိုင်ခဲ့ဘူး။ ကျောင်းတက်တဲ့အချိန် အခြားကလေးတွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတယ်။ သူတို့စတာနဲ့ပတ်သက်ပြီး ဆူပါထရာက နားမလည်နိုင်ခဲ့ဘူး။ သူများထက် အမွေးနည်းနည်းထူတဲ့ သာမန်မိန်းကလေးတစ်ယောက်ပဲကိုး ဘာလို့ သူ့ကို စနောက်ကြတာလဲတဲ့။
အစပိုင်းတော့ ကျောင်းတက်ရတာ ခက်ခဲရှိပေမဲ့ နောက်ပိုင်းမှာ သူက အခြားသူတွေလိုပဲဆိုတာကို သက်သေပြနိုင်ခဲ့တယ်။ ကျောင်းစာမှာလည်း အမှတ်ကောင်းပြီး နောက်တော့ ကျောင်းမှာ ရေပန်းအစားဆုံးကလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဆူပါထရာက သူ့ရောဂါအတွက် ကုသနည်းမရှိဘူးဆိုတာကို နားလည်ထားတဲ့အတွက် သူ့ရဲ့အမွေးအမှင်တွေကို ဒီအတိုင်းထားလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆယ်ကျော်သက်တဲ့အချိန်မှာတော့ အခြားနည်းတွေမသုံးဘဲ အမွေးအမှင်တွေကို ရိတ်ရုံပဲရိတ်ခဲ့တာပါ။ သူ အသက်ကြီးလာတော့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုနဲ့ ပင်ကိုယ်စရိုက်က ပိုပြီးအရေးကြီးတယ်ဆိုတာ သိလာခဲ့တယ်။ နောက်ပိုင်းမှာ အချစ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူ့ရဲ့ခင်ပွန်းနဲ့က သူငယ်ချင်းအဖြစ်ကနေ ချစ်သူတွေဖြစ်လာခဲ့တာပါ။ သူတို့နှစ်ဦးအတူတူရှိရင် ပျော်ရွှင်ရပြီး ပေါ့ပေါ့ပါးပါးပါပဲ။ သူ မမျှော်လင့်ခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်လိုက်ရတာလို့ ဆူပါထရာက ဆိုပါတယ်။ သူက သူ့ကောင်လေးနဲ့အတူ ရိုက်ထားတဲ့ ပုံတွေကို တင်လေ့ရှိပါတယ်။ ပုံထဲမှာ မျက်နှာအမွေးအမှင်မပါတာကို တချို့လူတွေက မြင်တော့ ကုသလိုက်ပြီးလို့ ထင်ကြတာပါ။

တကယ်တော့ ပုံစံပြောင်းချင်လို့ အမွေးအမှင်တွေရိတ်ထားတာပါ။ အခုဆို သူ့ရဲ့မျက်လုံး၊ မျက်နှာ၊ ပါးစပ်၊ နှုတ်ခမ်းတွေကို မြင်ရပါပြီ။ နဖူးမှာတော့ အမွေးအမှင်တွေဖုံးနေတုန်းပါပဲ။ လူတိုင်းဟာ သူ့နည်းသူဟန်နဲ့ အလှတရားရှိကြတယ်လို့ ဆူပါထရာက ယုံကြည်ထားပြီး အခြားသူတွေကို အတွင်းစိတ်လှအောင်ထားဖို့ လှုံ့ဆော်ပေးချင်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။