ရွှေကျင်ဂိုဏ်း- တွဲဖက်သာသနာပိုင် စည်ရှင်ဆရာတော်ကြီးပျံလွန်တော်မူ

Local News Religion
ရွှေကျင်ဂိုဏ်း- တွဲဖက်သာသနာပိုင် စည်ရှင်ဆရာတော်ကြီးပျံလွန်တော်မူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွှေကျင်ဂိုဏ်း- တွဲဖက်သာသနာပိုင် စည်ရှင်ဆရာတော်ကြီးပျံလွန်တော်မူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရွှေကျင်ဂိုဏ်း- တွဲဖက်သာသနာပိုင် စည်ရှင်ဆရာတော်ကြီးပျံလွန်တော်မူ

စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသကိုတပည့်သံဃာတော်တွေနဲ့အတူူတွေ့ရှိရမှု

စည်ကမ်းတင်းကျပ်ဝိနည်းအထူးလိုက်နာပြီး စာဝါလိုက်စားမှုပြင်းထန်ပြီး ကျမ်းဂန်ပြီးမြောက်တဲ့ ဆရာတော်ကြီးအဖြစ်စည်ရှင်ဆရာတော်ကြီးကထင်ရှားပါတယ်။

တွဲဖက်ရွှေကျင်သာသနာပိုင်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ ဟာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲ အချိန်က ခန္ဓာဝန်ချပျံလွန်‌တော်မူခဲ့ပြီဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ပျံလွန်‌တော်မူချိန်မှာ သက်တော် ၈၅ နှစ် ၊ဝါတော် ၆၆ ဝါရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနဲ့ အတူ တွဲဖက်ရွှေကျင်သာသနာပိုင် လေးပါးရှိတဲ့အထဲ စည်ရှင်ဆရာတော်ကြီး က တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ တွဲဖက်‌ရွှေကျင်သာသနာပိုင်လေးပါး က မန္တလေး – မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်းဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ၊ စစ်ကိုင်း – သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ၊ မန္တလေး – မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်း နာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း စစ်ကိုင်း – မဟာသုဗောဓာရုံကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ တို့ဖြစ်ပြီး တွဲဖက်သာသနာပိုင်လေးပါးကို ၂၀၁၈ ခုနှစ်ကရွေးချယ်တင်မြှောက်ခဲ့တာပါ။

ဒါပေမဲ့ မတ္တရာသူဌေးကျောင်းဆရာတော် ဟာ ၂၀၁၈ ခုနှစ်မှာပျံလွန်တော်မူခဲ့တဲ့အတွက် တွဲဖက် ရွှေကျင်သာသနာပိုင် ၃ ပါးသာကျန်ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် မတ်လမှာ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဖြစ်တဲ့ ဝိဇ္ဇောတာရုံဆရာတော်ကြီး ဘဒ္ဒန္တဝိဇ္ဇောတ မဟာထေရ်လည်း ပျံလွန်တော်မူခဲ့ပါတယ်။

ဒါ့ကြောင့် တွဲဖက်ရွှေကျင်သာသနာပိုင် ၃ ပါးထဲက သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက သက်‌တော်အကြီးဆုံးဖြစ်တဲ့အတွက် အလိုအလျောက်ရွှေကျင်သာသနာပိုင်ဖြစ်လာတဲ့နောက် တွဲဖက်သာသနာပိုင်၂ ပါးသာကျန်ရှိခဲ့တာပါ။

အခုကျန်တဲ့ တွဲဖက်သာသနာပိုင် ၂ ပါးထဲက စည်ရှင်ဆရာတော်ကြီးပျံလွန်တော်မူခဲ့ပြီဖြစ်တဲ့အတွက် တွဲဖက်သာသနာပိုင်အဖြစ် ပါမောက္ခချုပ်ဆရာတော်ကြီးအဖြစ်ထင်ရှားတဲ့ ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ တစ်ပါးသာ ရွှေကျင်တွဲဖက်သာသနာပိုင်ထဲကျန်ရှိတာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။