မြောက်ကိုရီးယားအသင်းကို (၆-၁)ဂိုးနဲ့ အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်း

Local News Sports
မြောက်ကိုရီးယားအသင်းကို (၆-၁)ဂိုးနဲ့ အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြောက်ကိုရီးယားအသင်းကို (၆-၁)ဂိုးနဲ့ အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအသင်းကို (၆-၁)ဂိုးနဲ့ အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်း

မြန်မာအသင်း🇲🇲 (၁-၆) 🇰🇵မြောက်ကိုရီးယားအသင်း(ပွဲပြီးရလဒ်)
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ပြိုင်ပွဲ

ဂျပန်လို အင်အားကြီးအသင်းကြီးကို သူ့‌မြေမှာ 0-5နဲ့ပဲ ရှုံးတော့ ဆီးရီးယားကို ရှုံးထားတဲ့ မြောက်ကိုရီးယားကိုတော့ ကိုယ့်မြေကိုယ့်ရေမှာ ရှုံးရင်တောင် အရမ်းကြီး ရုပ်မပေါက်လောက်ဘူး တွေးခဲ့တာပါ။

ဒါပေမယ့် အခုပွဲက ပိုလို့တောင် ဆိုးနေပါရော။
တဖက်အသင်းက အရမ်းကောင်းနေတာမဟုတ် ကိုယ့်အသင်းကကို ချာလွန်းတော့လည်း ပြောစရာ စကားတောင်မရှိတဲ့ အနေအထားပါ။

လူပေးမှားချက်ကလည်း လွန်ပါရော။နည်းစနစ်တွေ ဘာတွေ ထားဦး။လူပေးတာကနေ စပြီး ပြန်သင်ရမယ့် သဘောရှိပါတယ်။
အခုတော့ အိမ်ကွင်းကြီးမှာ 6ဂိုး ဆက်တိုက်ကို အထည့်ခံရတော့ ကွင်းထဲထိ လာအားပေးတဲ့ လူနည်းစုလေးခင်ဗျာ ‌အားပေးချင်စိတ်ကို ပျောက်ပါလေရော။

တစ်ဂိုး ပြန်သွင်းနိုင်တာကိုပဲ ကျေးဇူးတင်ရမလို။မဟုတ်ရင် နှစ်ပွဲလုံး ဘဲဥစားပြီး အိမ်ပြန်ရမှာပါ။
နောက်ပွဲက မြောက်ကိုရီးယားကို အနိုင်ကန်ထားတဲ့ ဆီးရီးယားနဲ့ပါတဲ့။ပရိသတ်တွေ ပျော်သွားကြလောက်ပြီထင်ပါတယ်..

ရေးသားသူ – Soccer Hub

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။