တကျက်ကျက်အိမ်ထောင်ရေး

Astrology
တကျက်ကျက်အိမ်ထောင်ရေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တကျက်ကျက်အိမ်ထောင်ရေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တကျက်ကျက်အိမ်ထောင်ရေး

အိမ်ထောင်ကျပြီးကတည်းက လင်မယားနှစ်ယောက် မျက်နှာချင်းမဆိုင်မိလိုက်နဲ့ ၊ ဆိုင်မိတာနဲ့ ဘာမဟုတ်တာလေးကနေ စကားများရပြီ ။ ဘာရယ်လို့လည်းအကြောင်းအရာက မယ်မယ်ရရမရှိ ။

တချို့ကျတော့လည်း အိမ်ထောင်သက်ကတော့ ကြာပါပြီ ။ ရန်ရယ်လို့ တစ်ခါမျှ မဖြစ်ဘူးခဲ့။ယုတ်စွအဆုံး “နင်၊ငါ”ရယ်လို့တောင် စကားလုံး မသုံးဖူးခဲ့ ။ ဒါပေမယ့်လည်း မကြာခင်ကာလ အပိုင်းအခြား အတောအတွင်းကျမှ ဘယ်လို ဖြစ်တယ်မသိ ။

အကြောင်းမရှိ အ​ပြစ်ရှာရန်လိုတတ်လာတယ် ။ သူကဘယ်လို ၊ ငါကဘယ်အကြောင်းနဲ့ ရန်ဆောင်စကားတွေ အစပြုလို့ ရန်ပွဲတွေအထိ ဖြစ်လို့ဖြစ်နဲ့ ။ ရန်ပွဲပြီးလို့ စဥ်းစားကြည့်လိုက်တော့ ရန်ဖြစ်ရတဲ့အကြောင်းက ခိုင်လုံမှု တစ်ခုမျှမရှိ ။
ဇနီးမောင်နှံရန်ပွဲတွေကတော့ အမျိုးအမျိုး ရှိကြတာပေါ့ ။
စီးပွါးရေး အဆင်မပြေလို့ ဖြစ်တဲ့ရန်ပွဲ
လူမှုရေး အဆင်မပြေလို့ ဖြစ်တဲ့ရန်ပွဲ
ကျန်းမာရေး အဆင်မပြေလို့ ဖြစ်တဲ့ရန်ပွဲ
ချမ်းသာရေး အဆင်ပြေပေမဲ့ ဖြစ်တဲ့ရန်ပွဲ

အဲဒီလို ရန်ပွဲတွေထဲကနေစောစောက ပြောတဲ့ရန်ပွဲ(အကြောင်းမရှိ အကြောင်းရှာ ၊ပြဿနာမရှိ ပြဿနာရှာ)မကြာခဏ ဖြစ်နေပြီဆိုရင်တော့ မိတ်ဆွေအနေနဲ့ မိတ်ဆွေရဲ့ အိမ်ခန်းကို သတိပြုကြည့်လေ့လာဖို့ လိုအပ်လာပါလိမ့်မယ် ။ (တခြား လေ့လာပြုပြင်ရမယ့် အကြောင်းတွေလည်း ကျန်ရှိပါသေးတယ် ။)

ဟုတ်ကဲ့ ။မိတ်ဆွေ လေ့လာ ကြည့်လိုက်တဲ့အခါ
မိတ်ဆွေရဲ့ အိမ်ခန်းအဝင် ၊ တံခါးပေါက်နဲ့မျက်နှာချင်းဆိုင် အတည့်မှာ #အလှပြင်မှန်တင်ခုံ# တစ်ခု တွေ့ရပါလိမ့်မယ် ။

အဲဒီလို တွေ့ပြီဆိုရင်တော့မှန်တင်ခုံကို အမြန်ဆုံးသာ အဆင်ပြေရာ ရွေ့ထားပေးလိုက်ပါ ။ (ဒါပေမယ့်မိတ်ဆွေရဲ့ အိပ်ရာခြေရင်းဘက်မှာတော့ ဘယ်ကြည့်မှန်မျှ မထားမိပါစေနဲ့ ။ကျန်းမာရေး အညံ့အခိုက် ကြုံပါမယ် ။)ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေတို့ ဇနီးမောင်နှံ နှစ်ယောက်ကို ကတောက်ကဆဖြစ်အောင် ၊ စကားများအောင် ၊ ရန်ဖြစ်အောင်တွန်းပို့ပေးနေတဲ့ စွမ်းအင် သက်ရောက်နေလို့ပါ ။

ဒါကြောင့်မို့အိမ်ခန်းတံခါး ဝင်ပေါက်နဲ့ တန်းတန်းမှာ ၊ မျက်နှာချင်းဆိုင်မှာအလှပြင် မှန်တင်ခုံမထားသင့်ပါဘူး ခင်ဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။