Bill Gates ပြောတဲ့ တစ်ပတ်မှာ ၃ရက်ပဲ အလုပ်လုပ်ဖို့လိုမဲ့ အနာဂတ်ကြီး

International News Tech
Bill Gates ပြောတဲ့ တစ်ပတ်မှာ ၃ရက်ပဲ အလုပ်လုပ်ဖို့လိုမဲ့ အနာဂတ်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Bill Gates ပြောတဲ့ တစ်ပတ်မှာ ၃ရက်ပဲ အလုပ်လုပ်ဖို့လိုမဲ့ အနာဂတ်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Bill Gates ပြောတဲ့ တစ်ပတ်မှာ ၃ရက်ပဲ အလုပ်လုပ်ဖို့လိုမဲ့ အနာဂတ်ကြီး

Bill Gates ကတော့ စက်တွေက အစားအသောက်နဲ့ လုပ်ငန်းတွေအားလုံးကို လူသားတွေအစား လုပ်ဆောင်ပေးနိုင်တဲ့အချိန် ရောက်လာနိုင်တယ်လို့ ပြောပါတယ်။ အဲ့ဒီအချိန်ကျရင် လူသားတွေဟာ ဝမ်းရေးအတွက် တစ်ပတ်ကို ၅ရက်ကျော် အလုပ်လုပ်ပြီး ပိုက်ဆံရှာစရာမလိုတော့ဘဲ ၃ရက်လောက်ပဲ လုပ်မယ်ဆိုရင်ကို အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Bill Gates က AI တွေဟာ မင်းရဲ့ အလုပ်ကို လုယူမှာမဟုတ်ဘူး။ မင်းရဲ့ အလုပ်ကို ထာဝရပြောင်းလဲစေမှာလို့လည်း ပြောပါသေးတယ်။AI တွေကြောင့် လူသားတွေ အလုပ်လုပ်ရတာ ပိုသက်သာလိမ့်မယ်လို့ မြင်နေတာ Bill Gates တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။
JPMorgan CEO ဖြစ်သူ Jamie Dimon ကလည်း နောက်မျိူးဆက်သစ်တွေဟာ တစ်ပတ်ကို ၃ရက်ခွဲလောက်ပဲ အလုပ်လုပ်ဖို့ လိုလိမ့်မယ်လို့ ပြောဖူးပါတယ်။ ပြီးတော့ နည်းပညာကြောင့် မျိူးဆက်သစ်လူငယ်တွေဟာ အသက် ၁၀၀ ထိ နေထိုင်သွားနိုင်မှာဖြစ်ပြီး ကင်ဆာရောဂါတွေလည်း ခံစားရမှာမဟုတ်ဘူးလို့ သူက ပြောပါသေးတယ်။

ရေးသားသူ – Info tech computer

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။