လိပ်ခေါင်းရောဂါအတွက်မီးကွင်းဂမုန်း

Health Knowledge
လိပ်ခေါင်းရောဂါအတွက်မီးကွင်းဂမုန်း

(၁ )လိပ်ခေါင်း

အတွင်းလိပ်/အပြင်လိပ် သမားများအတွက် မီးကွင်းဂမုန်းအရွက်(၉)ရွက်ကို၊သကြားအနည်း ငယ်၊သံပုရာတစ်စိတ်၊ဆားသင့် ထည့်ပြီး သုံးခွက်တစ် ခွက်ပြုတ်ကျို သောက်ခြင်းဖြင့် လိပ်ခေါင်းရောဂါ သက်သာပျောက်ကင်း ကြောင်း တွဲဖက်ရန်က ခရုဖင်ရှည်ခွံအား ဆန်ဆေးရည်ဖြင့် သွေးကာ လိမ်းပေးရပါမည်။

(၂)ခေါင်းပေါ်မှဘောက်ထခြင်းကို မီးကွင်းဂမုန်းကို ထောင်း၍ သတ္တု ရည်ဖြင့်ခေါင်းလျော်ပါက ဘောက်မထဟုဆို၍ခေါင်းလျော်သည်လည်းရှိသည်။ဘောက်မထတော့ဟုဆိုသည်။

(၃)နှာခေါင်းသွေးလျံသူအား အရွက်အဆစ်များထုထောင်းကာ နှာခေါင်းတွင်အုံပေးပါက နှာခေါင်းသွေးလျံခြင်း သက်သာပျောက်ကင်းသည်ကလက်တွေ့ဖြစ်သည်။

(၄)သွေးကင်ဆာရောဂါ ငွေကုန်ကြေးကျမခံနိုင်ဘဲအနောက်တိုင်းဆေးဖြင့် ကုသရန်အခက်အခဲရှိသူတို့ အရွက်နှင့်ပင်စည်ကိုကျေညက်အောင်ထောင်းပြီးထမင်းစားဇွန်းတစ်ဇွန်းမျှအရည်ရယူကာယင်းဆေးအရည်ကိုစတီးဇွန်း၊ကြေးဇွန်းပေါ်တင်ပြီးအပူပေးကာ ခေတ္တအအေးခံသောက်ရသည်ဆိုပါသည်။

မီးကွင်းဂမုန်းဆေးရည်ကို နံနက်စာထမင်းပြီးတစ်ကြိမ်၊ညနေစာထမင်းစားပြီး တစ်ကြိမ် အစာစားပြီးချိန်နှင့်(၁)နာရီခြားကာ တစ်ဇွန်းသောက်ရသည်ဆိုပါသည်။

ထိုသို့တစ်ပတ်လျှင်သုံးရက် တစ်လခန့်သောက်သုံးပေးခြင်းဖြင့် သွေးကင်ဆာ တဖြည်းဖြည်းပျောက်ကင်းသက်သာသွားစေသည်ဟုညွန်းပါသည်။

(၅)ဆီးချိုနှင့်ဆီးကျောက်

မီးကွင်းဂမုန်းကိုးရွက်၊သံပုရာသီးတစ်စိတ်၊ဆားအနည်းငယ်ဖြင့် နေ့စဉ်သုံးခွက်တစ်ခွက် ပြုတ်ကျိုသောက််ပေးပါက ဆီးချိုနှင့်ဆီးကျောက်ရောဂါသိသာစွာ သက်သာပျောက်ကင်းခွင့်ရပါသည်။မီးကွင်းဆေးရည်အရောင်မှာပန်းရောင်ခရမ်း ဖက်သို့သန်းပါသည်။ကိုယ်တိုင်လည်းလက်တွေ့သောက်စသုံးပါသည်။

(၆)မကြာသေးမီကပင်သင်တန်းတက်ရောက်နေ သောမိတ်ဆွေတစ်ဦးနား ကိုက်သည်ဆို၍ အရွက်ကိုရေစင်အောင်ဆေးပြီးနား အတွင်းသို့သတ္တုရည်စိမ်းညှစ်ထည့်ပေးရာ အမှန်ပင်ပျောက် ကင်းသွားပါသည်။နားကိုက်နားရည်ယိုက အရွက်ရည်ကို ညှစ်၍နာအတွင်းအစက်ချရသည်။

(၇)၀မ်းကိုက်ခြင်း

အစာကြောင့်၊ရေကြောင့် အမျိုးမျိုးသောအကြောင်းများ ဖြင့် ၀မ်းကိုက်ခဲ့ ပါလျှင် ထန်းလျက်(၅)ခဲဖြင့် အရွက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုသောက် ပေးခြင်းနှင့်အရွက်ကို ပြုတ်၍သုပ်စားပါက အမှန်ပင် ၀မ်းကိုက်ပျောက်ကင်းပါသည်။

(၈)သွေးအန်ခြင်း

ရုတ်တစ်ရပ် သွေးအန်ခြင်းကြုံပါက အရိုး/အရွက်ကို (၃)ခွက်(၁)ခွက်၊ ဒိုပါလာ (မှန်ညိုရောင်)သကြားဖြင့် တစ်နေ့လျှင် ကြွေဇွန်း (၁)ဇွန်း နေ့စဉ် (၃)ကြိမ်သောက်ရပါသည်။

(၉)သွေး၀မ်းဆင်းခြင်း

အရွက်ကို သတ္တုရည်ညှစ်ပြီး ကြွေဇွန်း(၁)ဇွန်းသောက် ပေးခြင်းဖြင့်ပျောက်ကင်းစေသည်။

(၁၀)မီးလောင်၊အပူလောင်မကြာခဏဖြစ် တတ်ကြပါသည်။

အရွက်နုကိုသကြား အနည်းငယ်ရောပြီးထုထောင်းချေ

မွ၍လိမ်းပေးပါကသက်သာပျောက်ကင်းစေပါသည်။

credit:မူရင်းရေးသူကိုလေးစားစွာဖြင့်

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။