ပညာတတ်မျိုးရိုးဖြစ်ပြီး ပညာအရည်းအချင်းရှိလို့ စပွန်ဆာရှာစရာမလိုဘူးဆိုတဲ့ နန်းခင်ဇေယျာ

Celebrity Local News
ပညာတတ်မျိုးရိုးဖြစ်ပြီး ပညာအရည်းအချင်းရှိလို့ စပွန်ဆာရှာစရာမလိုဘူးဆိုတဲ့ နန်းခင်ဇေယျာ

မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ သားရောက်ယှဉ်ပြိုင်ခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောနန်းခင်ဇေယျာပဲ ဖြစ်ပါတယ်။ သူမဟာ နိုင်ငံတကာအလှမယ် ပြိုင်ပွဲကို ပထမဦးဆုံး သားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှ မယ်တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူး။ သူမဟာ ဗီဒီ ယိုဇာတ်ကားများစွာကိုလည်း ရိုက်ကူးခဲ့ပြီး အလှမယ်လောက ကနေ ရုပ်ရှင်လောကကို ကူးပြောင်းလာ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နန်းခင်ဇေယျာဟာ Home Stay ကာလမှာ အခြားစီးပွားရေးအနေနနဲ့ မာလာရှမ်းကောနဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ရောင်းချခဲ့ပြီး ပရိသတ်များသာမကဘဲ အနုပညာရှင်များရဲ့ အားပေးမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလာမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာ ပဲ ဖြစ်ပြီး လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်ကို သိရှိရအောင် အမြဲလိုလို ဝေမျှပးနေတာပဲ ဖြစ်ပါတယ်။ အား လပ်ချိန်များတွင်လည်း Tik Tok လည်း ဆော့ကစား ရှိပြီး ပရိသတ်ကလည်း သူမရဲ့ tik tok Video လေးတွေ ကို အားပေးနေကြတာလည်း ဖြစ်ပါတယ်။

အခုခါမှာတော့ နန်းခင်က “ပညာတတ်ပြီး စီးပွားရေးလုပ်တတ် တဲ့ မျိုးရိုးကောင်းကနေဆင်းသက်လာလို့ စပွန်ဆာဆိုတာမလို ပါဘူး ဘွဲ့တွေအများကြီးရထားပြီး ဘာသာစကားလည်း ပြော တတ်တယ်။ Tourist Guide လည်းလုပ်ဖူးတယ်။ နန်းခင်မှာ ပညာဂုဏ်ဆိုတာရှိပါတယ်။ မင်းသမီးမဟုတ်ဘဲ ပုံမှန်လူ တစ်ယောက်အနေနဲ့ ဆိုင်ဖွင့်ပြီး ဝင်ငွေရှာတယ်။ အနုပညာမလုပ်တော့တောင် ရှာစားစရာရှိလို့ အလုပ်မရှိမှာ နန်းခင်မကြောက် ဘူး ဆိုတဲ့ “အကြောင်းကို ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်

ရေးသားသူ –Let pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။