အောက်နှုတ်ခမ်းအတွင်း ချစ်သူကောင်မလေးရဲ့နာမည်ကို တက်တူးထိုးထားတဲ့ အမျိုးသား

Funny International News
အောက်နှုတ်ခမ်းအတွင်း ချစ်သူကောင်မလေးရဲ့နာမည်ကို တက်တူးထိုးထားတဲ့ အမျိုးသား

တချို့လူတွေက သူတို့ရဲ့အရေးပါတဲ့သူတွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြဖို့ လိုတာထက်ပိုပြီး ထူးခြားတဲ့အရာတွေလုပ်လေ့ရှိပါတယ်။ အဲ့ဒီလို သက်သေပြတဲ့အထဲမှာ လူမှုကွန်ယက်အသုံးပြုသူတွေကို မယုံကြည်နိုင်လောက်အောင်ဖြစ်သွားစေတဲ့ အမျိုးသားတစ်ဦးလည်းအပါအဝင်ပါပဲ။ အဲဒီအမျိုးသားက သူ့ရဲ့ချစ်သူကောင်မလေးနာမည်ကို သူ့ရဲ့အောက်နှုတ်ခမ်းအတွင်း တက်တူးထိုးထားတဲ့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေကို အာရုံစိုက်စေခဲ့ပါတယ်။

အောက်နှုတ်ခမ်းအတွင်း နာမည်ထိုးထားတဲ့ဗီဒီယိုကို တက်တူးပညာရှင် Abhishek Sapkal က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ တင်ခဲ့တာဖြစ်ပေမဲ့ အခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီအမျိုးသားရဲ့အောက်နှုတ်ခမ်းအတွင်း Amruta ဆိုတဲ့နာမည်ကို ထိုးထားတာတွေ့ရပါတယ်။

ဒီဗီဒီယိုက ကြည့်ရှုသူ ၉ သန်းကျော်ရှိပြီး အပြောင်အပျက်ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတော်တော်များများက အဲ့ဒီအမျိုးသားကို “ရှုးသွပ်တဲ့သူ”လို့ ပြောဆိုခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။