ကမ္ဘာခေါင်းဆောင်ကြီးတွေ တက်ရောက်နိုင်ဖွယ်ရှိတဲ့ အိန္ဒိယဘီလျံနာရဲ့သားဖြစ်သူ မင်္ဂလာပွဲ

International News
ကမ္ဘာခေါင်းဆောင်ကြီးတွေ တက်ရောက်နိုင်ဖွယ်ရှိတဲ့ အိန္ဒိယဘီလျံနာရဲ့သားဖြစ်သူ မင်္ဂလာပွဲ

အာရှရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီရဲ့သားဖြစ်သူ အာနန့် အမ်ဘာနီဟာ မွမ်ဘိုင်းရှိ The Jio World Convention Centre မှာ ဇူလိုင် ၁၂ ကနေ ၁၄ ရက်နေ့အထိ ၃ ရက်တာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။

အဲ့ဒီမင်္ဂလာပွဲကို တက်ရောက်ဖို့မျှော်လင့်ရတဲ့ ဧည့်သည်တွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဟီလာရီ ကလင်တန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်တို့ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီမင်္ဂလာပွဲကို ဧည့်သည် ၁၂၀၀ ဝန်းကျင်တက်ရောက်မယ်လို့ သိရပါတယ်။ အာရှရဲ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂေါတမ် အဒါနီ တက်ရောက်မှာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

မင်္ဂလာပွဲအကြိုဆင်နွှဲမှုကို မတ်လကတည်းကနေ စတင်နေခဲ့တာဟာဆိုရင် အခုအချိန်ထိပါပဲ။ ကမ္ဘာကျော်အဆိုတော်တွေကို ဖိတ်ကြားပြီး ဆင်နွှဲခဲ့ကြတာပါ။ မင်္ဂလာပွဲအကြိုအခမ်းအနားအတွက်တင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ကုန်ကျနေပြီလို့ သိရပါတယ်။

 

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။