မြန်မာနိုင်ငံရဲ့ Body ကောက်ကြောင်းလှတဲ့ မင်းသမီးလေးတွေက ဘယ်သူတွေဖြစ်မလဲ?

Celebrity Local News
မြန်မာနိုင်ငံရဲ့ Body ကောက်ကြောင်းလှတဲ့ မင်းသမီးလေးတွေက ဘယ်သူတွေဖြစ်မလဲ?

အမျိုးသမီးတိုင်းကတော့ ရုပ်ရည်ချောမောလှပတာကို လိုချင်ကြသလို အမိုက်စားBody လေးကိုလည်း လူတိုင်းကလိုချင်ခဲ့ကြပါတယ်။မိန်းကလေးအများစုကတော့ သူ့တို့ရဲ့ Body လှအောင်ကြိုးစားနေပြသလို ၊Body လှတဲ့ လူတွေ့ရင်လည်း အားကျနေခဲ့ကြရပါတယ်။အခုအခါမှာ‌ေတာ့အမျိုးသမီးတွေ အားကျရသလို ၊ပုရိသ အမ‌ျိုးသားတို့ရဲ့အသဲစွဲBodyကောက်ကြောင်းလှတဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေဘယ်သူတွေဖြစ်များဖြစ်မလဲ။ကောက်ကြောင်းလှတဲ့ မင်းသမီးတွေကို တင်ဆက်ပေးသွားမှာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါအုံးနော်။

အိချောပို

စူစူလို့ ပရိတ်သတ်တွေက ချစ်စနိုးခေါ်ကြတဲ့ အိချောပိုကတော့ လက်ရှိမှာ အောင်မြင်နေတဲ့ မင်းသမီးတစ်လတ်လည်းဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်လို့ အားပေးသူပရိတ်သတ်များခဲ့သလို ၊သူ့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် အ‌ားပေးဝန်းရံတဲ့ အမျိုးသားပရိတ်သတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လတ်လည်းဖြစ်ပါတယ်။အိချောပိုကတော့ အခုလို Body လှဖို့ ဘာမှပြုပြင်ထားစရာမလိုအောင် နဂိုလှပြီးသားလည်းဖြစ်ပါတယ်။

သူမရဲ့ တောင့်ဖြောင့်Bodyကြောင့်ဘဲ 9တန်းကျောင်းသူအရွယ်မှာကတည်းက မော်ဒယ်တစ်ယောက်အနေနဲ့ အလုပ်တွေလုပ်ကိုင်ခဲ့ပြီး ၊ကြေညာမော်ဒယ်တစ်ယောက်အ‌နေနဲ့ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံတွေနဲ့ ကြေညာများ‌စွာကို လည်းရိုက်ကူးခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အိချောပိုကတော့ သူ့ရဲ့ အလှအပတွေကြောင့်ဘဲ အမျိုးသားပရိတ်သတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားခဲ့ပေမယ့် သိပ်မကြာခင်ကာလက ချစ်သူအမျိုးသားနဲ့ လက်ထပ်ခဲ့သွားပြီး အမျိုးသားထုကြီးရဲ့ အသဲကို ခွဲခဲ့တာလည်းဖြစ်ပါတယ်။

မယ်လိုဒီ

သားတစ်ယောက်မေမေ မယ်လိုဒီကတော့ အခုအချိန်ထိ လှပတဲ့ ရုပ်ရည်နဲ့ Body အမိုက်စားကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။အသက်40
ကျော်နေပြီဖြစ်ပေမယ့် ဘယ်နေရာမှ လျှော့မသွားဘဲ သားတစ်ယောက်မေမေ Single mom တစ်ယောက်ဖြစ်နေပေမယ့် အခုအချိန်ထိ ပုရိသ အမျိုးသားထုကြီးရဲ့ အချစ်ကို ရရှိနေသလို၊အမျိုးသမီး ပရိတ်သတ်တွေရဲ့ အားကျခြင်းကိုပါခံနေရသူလည်းဖြစ်ပါတယ်။

မယ်လိုဒီတစ်ယောက်အခုလို လှပတောင့်ဖြောင့်နေတဲ့ ပုံစံမျိုးလေးကို ထိန်းသိမ်းထားနိုင်တာ GYM ဆော့လို့မဟုတ်ဘဲ မြင်းစီးနေလို့ပါဘဲ။မြင်းစီးတာကို အားကစားတစ်ခုလို စွဲစွဲမြဲမြဲစီးနေတာကြောင့် လှပတဲ့ ကောက်ကြောင်းလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်

Body လှပြီး ပရိတ်သတ်တွေရဲ့ အချစ်ကိုရထားတဲ့ အထဲမှာလည်း မင်းသမီးချောလေးသင်ဇာဝင့်ကျော်က တစ်ယောက်အပါအဝင်ပါဘဲ။သူ့ရဲ့ အလှအပတွေကြောင့် အားပေးတဲ့ ပုရိသတွေများခဲ့ပြီး အောင်မြင်နေတ‌ဲ့ မင်းသမီးတစ်ယောက်ကနေ Sexy model တစ်ယောက်ဘဝကို ခံယူသွားခဲ့တာလည်းဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့သလို Sexy model တစ်ယောက်အနေနဲ့လည်း အားပေးတဲ့ အမျိုးသားတွေကတော့ ဒုနဲ့ဒေးပါဘဲ။လက်ရှိမှာတော့ သင်ဇာဝင့်ကျော်တစ်ယောက် လိင်အသားပေးရိုက်ပြီး အခကြေးငွေနဲ့Website တစ်ခုကို ရောင်းခဲ့တာကြောင့် အချုပ်ကျနေပေမယ့် အားပေးတဲ့ ပရိတ်သတ်တွေကတော့ သူမကို တမ်းတနေဆဲပါဘဲ။

အေးဝတ်ရည်သောင်း

အေးဝတ်ရည်သောင်းကတော့ အေးဝတ်ရည်သောင်းဆိုတဲ့ နာမည်ပျောက်ပြီး မအေးသောင်းဆိုပြီး လှတပတ body လေးနဲ့ ပရိတ်သတ်တွေကြား တကျော့ပြန်လည် ရေပန်းစားလာသူလည်းဖြစ်ပါတယ်။အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးခဲ့ပေမယ့် ထင်သလောက် မပေါက်ခဲ့ဘဲ အနုပညာလောကထဲကို တကျော့ပြန်ရောက်လာချိန်မှသာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားပေးတဲ့ ပရိတ်သတ်များလာခဲ့တာပါ။Social media တွေ အားကောင်းချိန်မှာ ပရိတ်သတ်တွေရှေ့ကို မိမိုက်နေတဲ့ကောက်ကြောင်းပေါ်အောင် ရိုးရိုးယဉ်ယဉ်အဝတ်အစားလေးနဲ့ ပြန်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

မအေးသောင်းရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေ‌း‌ေတွကြောင့် အမျိုးသမီးတွေကြားမှာလည်း မအေးသောင်းရဲ့ ဝတ်စားဆင်ယင်ပုံက ခေတ်စားလာခဲ့သလို အမျိုးသားပရိတ်သတ်တွေကြားမှာတော့ သူမရဲ့ကောက်ကြောင်းကြောင့် အားလုံးက မအေးသောင်းဖြစ်လို့နေခဲ့ပါတယ်။အားပေးတဲ့ ပရိတ်သတ်များနေတဲ့ အချိန်မှာဘဲ မအေးသောင်းကတော့ ပရိတ်သတ်တွေရဲ့ အသဲကို ခွဲပြီး အိမ်ထောင်ပြုသွားပြန်ခဲ့ပြီလည်းဖြစ်ပါတယ်။

မေပန်းချီ

အထွားစား‌ဘော်ဒီပိုင်ရှင်မေပန်းချီကလည်းကောက်ကြောင်းလှတဲ့ မင်းသမီးတွေထဲ တစ်ယောက်အပါအဝင်ပါဘဲ။ခန္ဓာကိုယ်ထွားပေမယ့် ရှိသင့်တဲ့ နေရာမှာ လှပအောင်ရှိနေတဲ့ သူ့ရဲ့ပုံစံလေးကြောင့် ဘာဘဲ ဝတ်ဝတ် အမိုက်စားဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

မေပန်းချီကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတခဲနက်မရခဲ့ပေမယ့် Live sale လောကမှာတော့ နေရာတစ်ခုရထားတဲ့ မင်းသမီးလေးလည်းဖြစ်ပါတယ်။သရုပ်ဆောင်တစ်ယောက်အနေနဲ့ရပ်တည်ကတည်းက အားပေးတဲ့ ပရိတ်သတ်တွေရှိခဲ့ပေမယ့် Social media ပေါ်မှာ အချစ်ဆုံးသူငယ်ချင်း ဘေဘီမောင်နဲ့ ပြသာနာတတ်ခဲ့ချိန်မှာ မေပန်းခ‌ျီကို အားပေးတဲ့ ပရိတ်သတ်ပိုများခဲ့တာလည်းဖြစ်ပါတယ်။

ရေးသားသူ – One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။