အစွမ်းထက်သောငွေဝင်ယတြာ

Astrology
အစွမ်းထက်သောငွေဝင်ယတြာ

တော်တော်လေး အစွမ်းထက်တဲ့ ငွေဝင်နည်းလေးတစ်ခုပါ ။ မိမိဘဝမှာရရန်ရှိတဲ့ အခွင့်အရေးတွေ မရသေးတာတွေ ၊ လာဘ်လာဘ ပိတ်နေတာတွေ ၊ မြုပ်နေတဲ့ငွေတွေ အမြန်ဆုံးပြန်ပေါ်လာအောင် ပြုလုပ်ရတဲ့ ယတြာလေးပါပဲ ။

လက်တွေ့လုပ်လို့ အောင်မြင်သွားလို့ လာပြန်ပြီး
အကြောင်းကြားတာ လူပေါင်းမနည်းတေ့ာပါဘူး ။ ရာဂဏန်းထက် မနဲတေ့ာပါဘူး ။ ယုံယုံကြည်ကြည်နဲ ပြုလုပ်ဖို့ပဲ အရေးကြီးတာပါ ။

လပြည့်နေ့နံက်စောစောတွင် မြေအောက်(သို့ ရေအောက်တွင် နစ်မြုပ်နေသော ကျောက်တုံးတစ်တုံးအား ဖော်ပါ ။ ရေဆေးသန့်စင်ပါခ။ ငွေမှင်ရောင် လေးငါးထပ် ဆေးမှုတ်ပါ ။

အရောင်တစ်လက်လက် ဖြစ်သည်ထိ ဆေးမှုတ်ပါ ။ငွေမှင်ရောင်သုတ်ထားသော ကျောက်တုံးအား
တနင်္လာနေ့နေ့မနက် (၁၁)နာရီအချိန်တွင် ဘဏ်တစ်ခု၏ ငွေသွင်းငွေထုတ်ရာ အနီးတစ်ဝိုက်တွင်ရှိ စားပွဲတစ်လုံး(သို့) ကောင်တာပေါ်တွင် ခဏတင်ထားပေးပါ ။ငွေများများရှိသော နေရာမှ ဟိပ်ကို ယူခြင်းဖြစ်သည် ။

မိမိမွေးနေ့နံက်မှစ၍ မိမိအိမ်၊စျေးဆိုင်လ၊ ရုံးခန်းအစရှိသည့် ဘုရားကျောင်းဆောင်ရှေတွင် ရွှေနားရစ်ထားသော ကြွေပန်းကန်ပေါ်တွင် ငွေမှင်သုတ်ထားသောကျောက်တုံးကို တင်ပါ ။ ကျောက်တုံးပေါ်တွင် အစိမ်းရောင်ဖယောင်းတိုင် အစိမ်းရောင်တစ်တိုင် ထွန်း၍ အိမ်ရှိဘုရားအား နံနက် ၊ ည ပူဇော်ပေးပါ ။

ပူဇော်နေစဉ်အချိန် ရှင်သီဝလိဆယ်ဂါထာဖြင့်
ရွှတ်ဖတ် ပူဇော်ပါ ။ ထူးထူးခြားခြား လာဘ်လာဘပွင့်လန်းလာသည်ကို အံ့ဩဘွယ်ရာ ကြုံတွေ့ရပါမည်။

 

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။