” အိမ်မက် ဘာကြောင့်မက်တာလဲ ? “

Astrology Religion
” အိမ်မက် ဘာကြောင့်မက်တာလဲ ? “

အိပ်မက်မက်တယ်ဆိုတာ အကြောင်းမဲ့ ဖြစ်တာလားဆိုတော့ လောကမှာ အကြောင်းမရှိပဲနဲ့ ဘာတစ်ခုမှမဖြစ်ဘူး။


- ကြော်ငြာကဏ္ဍ -
အောက်ပါကြော်ငြာကို Click ပေးခြင်းဖြင့် မိုးနတ်မင်းသတင်းဌာနကို support လုပ်ပေးပါ။ ကြော်ငြာမှရသော အကျိုးအမြတ်များကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းသွားပါမည်။


အိပ်မက်မက်တာလည်း
အကြောင်းရှိတယ်။


- ကြော်ငြာကဏ္ဍ -
အောက်ပါကြော်ငြာကို Click ပေးခြင်းဖြင့် မိုးနတ်မင်းသတင်းဌာနကို support လုပ်ပေးပါ။ ကြော်ငြာမှရသော အကျိုးအမြတ်များကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းသွားပါမည်။


အိပ်မက်မက်ခြင်းရဲ့ အကြောင်းတရား လေးမျိုးရှိတယ်လို့ ပါဠိစာပေ ကျမ်းဂန်မှာ ဖော်ပြထားတယ်။


- ကြော်ငြာကဏ္ဍ -
အောက်ပါကြော်ငြာကို Click ပေးခြင်းဖြင့် မိုးနတ်မင်းသတင်းဌာနကို support လုပ်ပေးပါ။ ကြော်ငြာမှရသော အကျိုးအမြတ်များကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းသွားပါမည်။


(၁) ဓါတုက်ခဘေ

ponds-ads-banner

ဓါတ်ကြီးလေးပါး မညီမမျှဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ အချိန်ခါမျိုးမှာ အိပ်ပျော်နေရင်း
စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာပြီး အိပ်မက်
မက်တတ်တယ်။

ခန္ဓာကိုယ်ကြီးဟာ မလှုပ်နိုင် မယှက်နိုင်နဲ့ တောင့်တင်းနေတဲ့ အခါမျိုးတွေ ထလို့ မရတဲ့အခါမျိုးတွေ ရှိတယ်။

အဲဒါ ပထဝီဓါတ် လွန်ကဲနေတာ။

ခန္ခာကိုယ်ဟာ ပူလောင်နေတဲ့အခါ အေးစိမ့်
နေတဲ့အခါ အိပ်မက်ထဲမှာ မီးတွေလောင်နေ
တယ်လို့ မြင်မက်တတ်ပါတယ်။

အဲဒါ တေဇောဓါတ် လွန်ကဲနေတာ။

အာပေါဓါတ်တွေ လွန်ကဲနေပြီဆိုရင် ရေကူးနေရတဲ့ အိပ်မက်မျိုးတွေ မက်တတ် တယ်ပေါ့။

ဝါယောဓါတ်တွေ လွန်ကဲလာပြီဆိုရင်လည်း ခန္ဓာကိုယ်ဟာ ကောင်းကင်ပျံ တက်သွားရ
သလို အိပ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။

အဲဒီလို ဓါတ်လေးပါး ချောက်ချားပြီး မညီညွတ်ရင်လည်း အိပ်မက်မက်တတ်တယ်။

(၂) အနူဘူတပုဗ္ဗ

လွန်ခဲ့သောအတိတ်က တွေ့ကြုံခံစားဖူးတဲ့ အတွေ့အကြုံတွေကို စွဲပြီးတော့ ညကျလို့
ရှိရင် အိပ်မက်မက်လေ့ရှိကြတယ်။

(၃) ဒေဝတောပသံဟာရ

နတ်တွေ အိပ်မက်ပေးလို့ မက်တဲ့ အိပ်မက်
မျိုးလည်း ရှိတတ်တယ်။

သူတို့က အိပ်မက်မက်အောင် ပြတဲ့အခါ
မျိုးတွေမှာ လူတွေဟာ အိပ်မက် မက်လေ့
မက်ထ ရှိတယ်။

(၄) ပုဗ္ဗနိမိတ္တ

ပုဗ္ဗနိမိတ်ဆိုတာ မဖြစ်ခင်က ကြိုတင်ပြီး ဖြစ်မဲ့အရာတွေကို ဖော်ညွှန်းတဲ့ အနေနဲ့ နိမိတ်ပြတဲ့အနေနဲ့ အိပ်မက်မက်တာမျိုးတွေ ဖြစ်တတ်တယ်။

အဲဒါကျတော့ လောကလူသားတွေနဲ့ ဆက်စပ်နေတဲ့ ကုသိုလ် အကုသိုလ် ကြောင့်လည်း

ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မှာ အကြောင်းထင်
ဟပ်လာပြီးတော့ မက်တာမျိုးလည်းရှိတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့မယ်တော် မာယာဒေဝီဟာ ဘုရားလောင်းလေး သန္ဓေခတော့ နတ်မင်းကြီး လေးပါးက မိမိအိပ်နေတဲ့ သလွန်ကို ထမ်းယူပြီး ဟိမဝန္တာတောင်က ငွေတောင်ဘက်ကို သယ်ဆောင်သွားတယ်။

လိုဏ်ဂူအတွင်းမှာ သလွန်ကို ထားပြီးတော့ ရေမိုးချိုး သန့်စင်ပြီး အိပ်နေရတယ်။

အနီးမှာကျက်စားနေတဲ့ ဆွတ်ဆွတ်ဖြူတဲ့ ဆင်ဖြူတော်ကြီးဟာ ရွှေတောင်ကြီးပေါ်က ဆင်းလာပြီး

မယ်တော်မာယာ လျောင်းစက်နေတဲ့ အခန်းထဲကို ဝင်လာပြီး လက်ယာရစ်
လှည့်ကာ လက်ယာနံပါးကို ဖောက်ထွင်းပြီး ဝမ်းထဲဝင်သွားတယ်လို့ မြင်မက်တယ်။

အဲဒါဘုရားလောင်းလေး သန္ဓေခတုန်းက မိုးသောက်ယံအချိန်မှာ မက်တဲ့အိပ်မက်။

နောက်တစ်ခုက ဘုရားလောင်းဟာ
ဘုရားဖြစ်ခါနီး ကဆုန်လပြည့် အဖိတ်နေ့ညမှာ တရားဓမ္မကျင့်ကြံ ကြိုးကုတ် အားထုတ်ရင်း

နံနက်မိုးသောက်အချိန် မှေးခနဲအိပ်ပျော် သွားတော့ အိပ်မက်မက်ခဲ့ဖူးတယ်။ အဲဒါ “အိပ်မက်ကြီး ငါးမျိုး” လို့ခေါ်တယ်။

အိပ်မက်မှန်/မမှန်စစ်ဆေးခြင်း
••••••••••••••••••••••••••••••

အိပ်မက်မှန်/မမှန် စစ်ဆေးကြည့်မယ်ဆိုရင် “ဓါတုက္ခော” လို့ခေါ်တဲ့ ဓါတ်တွေချောက်ချားလို့ မက်တဲ့အိပ်မက်ရဲ့ အကျိုးဟာ မှန်ကန်မှုမရှိဘူး။

နောက် “အနူဘူတပုဗ္ဗ” လို့ခေါ်တဲ့ စွဲပြီးမက်တဲ့ အိပ်မက်ဟာလည်း မှန်ကန်မှုမရှိဘူးတဲ့။

“ဒေဝတော ပသံဟာရ” လို့ခေါ်တဲ့ နတ်တွေက ဖန်ဆင်းပြတဲ့ အိပ်မက်ကျတော့ မှန်တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်။

ဘာကြောင့်လဲဆိုတော့ တချို့နတ်တွေက အကျိုးလိုလားလို့ ပေးတဲ့ အိပ်မက်ကျတော့ မှန်တယ်တဲ့။

တချို့ နတ်တွေက ချောက်တွန်းပြီး သွေးဆောင်မှုတွေ ပြတတ်တယ်။
အဲဒါကျတော့ မမှန်ဘူးလို့ဆိုတယ်။

“ပုဗ္ဗနိမိတ်”အနေနဲ့ မက်တဲ့အိပ်မက်
ကျတော့ မှန်ကန်တယ်လို့ ဆိုလိုပါတယ်။

အိပ်မက်ရဲ့အချိန်ကာလ
••••••••••••••••••••••••••

အိပ်မက်ကို အချိန်ကာလနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် …

ပထမညဉ့်ဦးယံမှာ မက်တဲ့အိပ်မက်

“မဇ္ဈိမယံ”ဆိုတဲ့ သန်းခေါင်ယံ
အချိန်မှာ မက်တဲ့အိပ်မက်

“ပစ္ဆိမယံ”လို့ ဆိုတဲ့ မိုးသောက်ယံမှာ
မက်တဲ့ အိပ်မက်ရယ်လို့ရှိတယ်။

ညဉ့်ဦးယံမှာ မက်တဲ့အိပ်မက်ဟာ မမှန်ဘူးတဲ့။ သန်းခေါင်ယံမှာ မက်တဲ့ အိပ်မက်ဟာလည်း မှန်ကန်မှုမရှိပါဘူးတဲ့။

မှန်ကန်တဲ့ အိပ်မက်တစ်ခုဟာ နံနက်
မိုးသောက် အလင်းရောက်ခါနီးလေး

မိုးသောက်ယံအချိန်လေးမှာ မက်တဲ့ အိပ်မက်မျိုးကတော့ မှန်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။

ညဉ့်ဦးယံမှာဆိုရင် ညက အစာစားထား
တာတွေဟာ မကျေတတ်သေးဘူး။

သန်းခေါင်ယံမှာဆိုလည်း အဆီသြဇာတွေက ခန္ဓာကိုယ် မပြန့်နှံ့သေးဘူး။

နံနက်မိုးသောက် အလင်းရောက်ပြီ ဆိုလို့
ရှိရင် စားထားတဲ့ အစာအာဟာရတွေက အဆီသြဇာအဖြစ်ရောက်ပြီး

ခန္ဓာကိုယ်ကို အကျိုးပြုပြီးနေတဲ့အချိန်ဖြစ်လို့ မိုးသောက်ယံမှာ မက်တဲ့ အိပ်မက်ဟာ မှန်ကန် တယ်လို့ဆိုတယ်။

မယ်တော်မာယာရဲ့အိပ်မက် ဘုရားလောင်းရဲ့ အိပ်မက်နဲ့ ကောသလမင်းရဲ့ အိပ်မက်တို့ဟာ ပုဗ္ဗနိမိတ်အနေနဲ့ မိုးသောက်ယံအချိန်မှာ မက်တဲ့ အိပ်မက်တွေဖြစ်တယ်လို့ ဆိုလိုပါတယ်။

ဒီနေရာမှာ မှတ်သားစရာတစ်ခုကတော့
ပုဗ္ဗနိမိတ်အနေနဲ့ မက်တဲ့ အိပ်မက်ဟာ

အဆီသြဇာဓါတ် အကျိုးပြုပြီးဖြစ်တဲ့ မိုးသောက်ယံအချိန်မှာပဲ မက်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားပါတယ်။

( ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး )

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။