စစ်လွန်ကာလ ဂါဇာယာယီအစိုးရ စုပေါင်းဖွဲ့မယ်ဆိုပြီး ပါလက်စတိုင်းအဖွဲ့တွေ ဘေဂျင်း စကားဝိုင်းမှာ သဘောတူ

International News
စစ်လွန်ကာလ ဂါဇာယာယီအစိုးရ စုပေါင်းဖွဲ့မယ်ဆိုပြီး ပါလက်စတိုင်းအဖွဲ့တွေ ဘေဂျင်း စကားဝိုင်းမှာ သဘောတူ

ဟားမတ်စ် ထိပ်တန်းတာဝန်ရှိသူ မူဆာ အဘူ မာဇွတ်ခ် လက်မှတ်ရေးထိုး


- ကြော်ငြာကဏ္ဍ -
အောက်ပါကြော်ငြာကို Click ပေးခြင်းဖြင့် မိုးနတ်မင်းသတင်းဌာနကို support လုပ်ပေးပါ။ ကြော်ငြာမှရသော အကျိုးအမြတ်များကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းသွားပါမည်။


ဟားမတ်စ် ထိပ်တန်းတာဝန်ရှိသူ မူဆာ အဘူ မာဇွတ်ခ် လက်မှတ်ရေးထိုးနေတာကို ဖာတာကိုယ်စားလှယ် မာမွတ် အယ်လ်-အာလွလ်နဲ့ နိုင်ငံခြားရေး ဝမ်ယိတို့ ကြည့်နေပုံ


- ကြော်ငြာကဏ္ဍ -
အောက်ပါကြော်ငြာကို Click ပေးခြင်းဖြင့် မိုးနတ်မင်းသတင်းဌာနကို support လုပ်ပေးပါ။ ကြော်ငြာမှရသော အကျိုးအမြတ်များကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းသွားပါမည်။


ဟားမတ်စ်နဲ့ ဖာတာ အပါအဝင် ပါလက်စတိုင်း အဖွဲ့ ပေါင်း ၁၄ ဖွဲ့ကြား သွေးစည်း ညီညွတ်စွာနဲ့ ဂါဇာမှာ စစ်အလွန်ကာလ ရောက်ရင် ယာယီ အစိုးရ ပေါင်းစည်း ဖွဲ့ကြမယ် ဆိုတဲ့ သဘောတူမှု ရရှိလာတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။


- ကြော်ငြာကဏ္ဍ -
အောက်ပါကြော်ငြာကို Click ပေးခြင်းဖြင့် မိုးနတ်မင်းသတင်းဌာနကို support လုပ်ပေးပါ။ ကြော်ငြာမှရသော အကျိုးအမြတ်များကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းသွားပါမည်။


အဲဒီ သဘောတူမှုကို ဘေဂျင်း ကြေညာချက် ဆိုပြီး ရည်ညွှန်း သုံးစွဲနေပါတယ်။ အဲဒီ ပါလက်စတိုင်း အဖွဲ့တွေဟာ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးနေခဲ့ကြတယာ ဖြစ်ပြီး၊ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာပဲ သဘောတူမှု လက်မှတ် ရေးထိုးလိုက်ကြတာ ဖြစ်ပါတယ်။

ponds-ads-banner

သဘောတူမှုပါ အရေးကြီးဆုံး အချက်ကတော့ ညီညွတ်သော ပါလက်စတိုင်း အမျိုးသား အစိုးရတစ်ရပ် ထူထောင်ရေး ဆိုတဲ့ အချက် ဖြစ်တယ်လို့ ဟားမတ်စ်ရဲ့ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးခဲ့တဲ့ အိမ်ရှင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကလည်း ….

“ဘေဂျင်း ဒိုင်ယာလော့ဂ်ကနေ ထွက်ပေါ်လာတဲ့ အရေးကြီးဆုံး ဘုံသဘောထား ကတော့ အဖွဲ့ ၁၄ ဖွဲ့လုံး ပြန်လည် သင့်မြတ်ကြမယ်၊ ညီညွတ်ကြမယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲဒီ အခြေခံကိုင်စွဲတဲ့ မူတစ်ခုလည်း ပီပြင် ပြတ်သား လာပါတယ်။ အဲဒါကတော့ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ PLO သာလျင် ပါလက်စတိုင်း ပြည်သူ အားလုံးကို တရားဝင် ကိုယ်စားပြုတယ် ဆိုတဲ့ အချက်ဖြစ်တယ်” ဆိုပြီး ပြောပါတယ်။

ညီညွတ်သော ပါလက်စတိုင်း အစိုးရ ပေါ်ပေါက်လာဖို့ အရေးပါတဲ့ ခြေလှမ်း အဖြစ် ဟားမတ်စ်ပြော

ညီညွတ်သော ပါလက်စတိုင်း အစိုးရ ပေါ်ပေါက်လာဖို့ အရေးပါတဲ့ ခြေလှမ်း အဖြစ် ဟားမတ်စ်ပြော

အစ္စရေးကတော့ ဂါဇာမှာ အခြေအနေတွေ တည်ငြိမ် အေးဆေးသွားတဲ့ အခါကျရင်လည်း ဟားမတ်စ်နဲ့ ဖာတာတို့ရဲ့ အုပ်ချုပ်ရေး လုံးဝ မပေါ်ပေါက် စေရဘူး ဆိုပြီး ကြိမ်းဝါးထားပါတယ်။ အခု ဂါဇာထဲ စစ်ရေးအရ အရေးယူနေတာရဲ့ အဓိက ရည်ရွယ်ချက်ကိုက ဟားမတ်စ်အဖွဲ့ကို အပြီးတိုင် ချေမှုန်းဖို့ ဖြစ်တယ်လို့ အစ္စရေးက ပြောထားပါတယ်။

အခု ဘေဂျင်း ကြေညာချက်နဲ့ ပတ်သက်ပြီး ဟားမတ်စ် ပြောခွင့်ရ ဟိုဆန်ဘာဒရန်က ပါလက်စတိုင်း အမျိုးသား ညီညွတ်ရေး ရရှိဖို့ရာ လမ်းကြောင်းပေါ်က အပြုသဘောဆောင်တဲ့ ခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဖာတာဘက်ကတော့ ဘေဂျင်းကြေညာချက်ဆိုတာ အပေါ် တိုက်ရိုက် မှတ်ချက်ချ ပြောဆိုတာမျိုး မလုပ်သေးပါဘူး။ ဒါပေမယ့်၊ ဖာတာရဲ့ ကိုယ်စားလှယ် မာမွတ် အယ်လ်-အာလွလ်က ပါလက်စတိုင်းအရေးအတွက် ပံ့ပိုးမှုတွေ ပြုလုပ်ပေးနေတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အရင်တုန်းကလည်း ပါလက်စတိုင်း အဖွဲ့တွေကြား ညီညွတ်မှု ရအောင် ကြိုးစား ခဲ့ကြပေမယ့် ဟားမတ်စ်နဲ့ ဖာတာကြား ခါးခါးသီးသီးနဲ့ကို ပြိုင်ဆိုင်မှု ပြင်းထန် လှတာကြောင့် အခုလောက် အနေအထားမျိုးထိ တခါမှ မအောင်မြင်ခဲ့ဖူးပါဘူး။

ဟားမတ်စ်နဲ့ ဖာတာကြား နက်ရှိုင်းတဲ့ အကွဲအပြဲဟာ ၂၀၀၇ မှာ စတင်ခဲ့တာ ဖြစ်ပြီး ဖာတာကို ဂါဇာကနေ အင်အားသုံး မောင်းထုတ်လို့ ဟားမတ်စ်တစ်ဖွဲ့တည်း အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင်တစ်နှစ်မှာ ဟားမတ်စ်က ရွေးကောက်ပွဲ နိုင်ခဲ့ပေမယ့်၊ ဖာတာရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ပါလက်စတိုင်း သမ္မတလည်း ဖြစ်တဲ့ မာမွတ်အက်ဘတ်စ်က ဟားမတ်စ်ဦးဆောင်တဲ့ ညီညွတ်ရေး အစိုးရကို ဖျက်သိမ်းခဲ့ပါတယ်။

ဟားမတ်စ်နဲ့ ဖာတာကြား အကွဲအပြဲ နောက်မှာတော့ ဖာတာလွှမ်းမိုးတဲ့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ဟာ အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေ ဒေသက အစိတ်အပိုင်းတွေကိုသာ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးတို့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ပြီး ဂါဇာထဲ စစ်ရေးအရ လုပ်ဆောင်လာကတည်းက ဟားမတ်စ်တို့လည်း ဂါဇာကို ထိန်းချုပ်ထားနိုင်မှုကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။

အခု သွေးစည်းညီညွတ်စွာနဲ့ ကြားဖြတ် အစိုးရတစ်ရပ်ကို အတူပူးတွဲ ထူထောင်ကြမယ် ဆိုတဲ့ ဘေဂျင်းကြေညာချက်ဟာ ပကတိ အခြေအနေအရ အနာဂတ် ရည်မှန်းချက်တစ်ရပ်ကို ထုတ်ဖော် ကြေညာတဲ့ သဘောမျှသာ ဖြစ်ပြီး၊ တကယ်တမ်း အလုပ်ဖြစ် အကောင်အထည် ပေါ်လာဖို့ ဆိုရင် ဖြတ်ကျော်ရမယ့် အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးလည်း ဘေဂျင်းမှာရှိနေ

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးလည်း ဘေဂျင်းမှာရှိနေ

ဒီအချိန်မှာပဲ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမက်တရို ကူလေဘာလည်း တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

ရုရှားက ယူကရိန်း အပေါ် ပြုလုပ်နေတဲ့ စစ်ပွဲ ရပ်တန့်ရေး အတွက် တရုတ်ဟာ တချိန်ချိန်မှာ ဘယ်လို ပုံစံမျိုးတွေနဲ့ ကူညီ ညှိနှိုင်းပေးနိုင်မလဲ ဆိုတာတွေကို တရုတ်အာဏာပိုင်တွေနဲ့ကြား စကားပြောဆိုကြည့်ဖို့ ဖြစ်ပါတယ်။

ယူကရိန်းထဲ စစ်ရေးနည်းနာ အပြည့်အဝ သုံးပြီး ရုရှားက ကျူးကျော်လာခဲ့တဲ့ ၂ နှစ်ကျော် ကာလ အတွင်း ဝန်ကြီး ကူလေဘာဟာ ဘေဂျင်းကို ရောက်လာတဲ့ အဆင့်မြင့်ဆုံး ယူကရိန်း အစိုးရအဖွဲ့ဝင် ဖြစ်ပါတယ်။

အနောက်အုပ်စု နိုင်ငံတွေကတော့ ရုရှားရဲ့ ရန်လိုမှု အပေါ် တရုတ်ဟာ ရှုတ်ချ ပြစ်တင်တာမျိုး မလုပ်ဘူး ဆိုပြီး ပြစ်တင်နေပါတယ်။

သမ္မတရှီကျင်းပင် ဦးဆောင်တဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံရေး မျက်နှာစာမှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖြစ် ကြိုးစားပုံဖော်နေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ဆက်ဆံရေး ပြတ်တောက် နေကြတဲ့ ပင်လယ်ကွေ့ နှစ်နိုင်ငံ ဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့ဟာ ဘေဂျင်း မြို့တော်မှာပဲ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီး သံတမန်ဆက်ဆံရေး ပြန်လည် ပြုလုပ်ခဲ့ကြပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။