28.8.2020(9:00 AM)
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူ ဦးရေ မြင့်တက်လာပြီးနောက်တွင်
မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး နယ်စပ် အိမ်နီးချင်းနိုင်ငံဖြစ်သောထိုင်းနိုင်ငံသည်
၎င်းတို့နိုင်ငံသို့ ပြန်၍ ကူးစက်မှုကို အထူးစိုးရိမ်လျက်ရှိသည်။
ထို့ကြောင့် ထိုင်း – မြန်မာ နယ်စပ်ဂိတ်ပေါက် တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်
ဝင်ရောက်သူ အားလုံးအားပစ်ခတ်ခွင့်ကို ထိုင်းအစိုးရမှထိုင်းစစ်တပ်သို့ ယနေ့တွင်
အာဏာပေးလိုက်ပြီဖြစ်သည်။
မဲဆောက်မြို့ရှိ ထိုင်းစစ်တပ်မှ အကြီးအကဲတဦးသည် ‘၎င်းတို့ မဲဆောက်မြို့တွင်
ကိုဗစ်-၁၉ ဖြစ်ပွားသူ တဦးမှမရှိတော့ဘဲ ရောဂါကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံမှ ရောဂါရှိသူမှား မြဝတီနယ်စပ်မှ တဆင့် သောင်ရင်းမြစ်ကို
ဖြတ်၍ မဲဆောက်မြို့အတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း ထိုကြောင့် နယ်စပ်
သောင်ရင်းမြစ်ကို ဖြတ်ကူးခွင့်မပြုတော့ ဘဲ တရားမဝင်ဖြတ်ကူးလာပါက
ထိုင်းစစ်တပ်မှ ပစ်ခတ်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။’
(ယခုအချိန်တွင် မြဝတီမှ မဲဆောက်သို့ တရားမဝင် ကူးခြင်းများမပြုလုပ်ရန်
အထူးမေတ္တာရပ်ခံအပ်ပါသည်။)
ပြန်လည်မျှဝေခြင်းဖြင့်ကူညီပါ။