ဆရာဝန်နှင့်အစိုးရကြား ကိုယ်တိုင်ရွေးချယ်ပါ။

Health Knowledge

သင်ကြိုက်ရာဘက်တွင်နေနိုင်သည် ကိုယ်တိုင်ရွေးချယ်မှုပြုလုပ်ပါကိုဗစ်အား  အစိုးရမှထိန်းချုပ်နိုင်ပြီ
ဟုပြောပြီး

ဆရာကြီးဒေါက်တာ ‌ဇော်ဝေစိုးမှ
ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ‌
ပြောဆိုသည်။

လမ်းပေါ်တွင်   အစိုးရစကားကိုယုံကြည်သူများက
စည်ကားသိုက်မြိုက်စွာ
သွားလာနေကြပြီး

ဆရာဝန်ကြီး ‌ပြောသည်ကို
ယုံကြည်သူများက
အိမ်ထဲမှအိမ်ပြင် မထွက်ကြသေးပေ။

ရွေးကောက်ပွဲသည် ‌
သေရေးရှင်ရေးတမျှ
အရေးကြီးကြောင်း
အစိုးရပြောဆိုပြီး

ကိုဗစ်သည်
အင်မတန်ကြောက်စရာကောင်းကြောင်း ‌
ဒေါက်တာ ခင်ခင်ကြီးမှ ‌
ပြောဆိုသည်။

မဲရုံသို့မဲသွားပေးခြင်းသည်
အန္တရာယ်လုံးဝမရှိကြောင်း
အစိုးရမှ ပြောဆိုပြီး

ဆရာဝန်ကြီးက ‌
ဈေးဝယ်ခြင်းသည်ပင်လျှင်
လွန်စွာအန္တရာယ်ကြီး၍
ကူးစက်လွယ်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံစီးပွားရေးသည်
တစ်ခြားနိုင်ငံများထက်တိုးတက်ကြောင်း
အစိုးရမှ ထုတ်ပြန်ကြေငြာပြီး

DVBက ကိုဗစ်ကာလ
စီးပွားရေး အဆင်မပြေမှုများကြောင့်
Suicide လုပ်သူ ၁၀၀၀ကျော်ရှိကြောင်း
ကြော်ငြာသွားလေသည်။

သင်လည်း
ဤ Post အားဖတ်ပြီး
ကြိုက်နှစ်သက်သည့်ဘက်က ‌
နေနိုင်သည်
သင်သွားလိုက သွားနိုင်သည်
သင်မသွားဘဲနေလိုက
မသွားဘဲနေနိုင်သည်။

အသွားမတော်ရင်တော့
သဘာဝဘေးအန္တရာယ်ဥပဒေ
အသင့်‌စောင့်ကြိုနေပေလိမ့်မည်။

Credit: Golden King

Leave a Reply