၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၀၇ နိုင်ငံ အနက် မြန်မာနိုင်ငံသည် အဆင့် ၇၈ ၌တည်ရှိပြီး နိုင်ငံလိုက်အဆင့်သည် ၃ နှစ်ဆက်တိုက်အတွင်း ကျဆင်းလာကြောင်း Gloabal Hunger 2020 ကဖော်ပြထားသည်။
လက်ရှ်အစိုးရလက်ထက်၌ မြန်မာနိုင်ငံ၏ နှစ်အလိုက် ငတ်မွတ်ခေါင်းပါးမှု အညွန်းကိန်းနှင့်အဆင့်များမှာ အဆင့်၇၅(၂၀၁၆)၊အဆင့်၇၇ (၂၀၁၇)၊ အဆင့် ၆၈ (၂၀၁၈)၊ အဆင့် ၆၉ (၂၀၁၉)၊ အဆင့် ၇၈ (၂၀၂၀) တို့ဖြစ်ကြသည်။
Global Hunter Index အဆိုအရ အဆင့်များလေ ငတ်မွတ်ခေါင်းပါးမှု ဆိုးရွားလေဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် အဆိုးဆုံးဖြစ်ခဲ့ကာ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး ၁၀ နိုင်ငံထဲတွင် စာရင်းဝင်ခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အဆင့်များ တိုးတက်လာခဲ့သည်။ဦးသိန်းစိန် ဦဆောင်သော အစိုးရလက်ထက်တွင် အဆင့် ၄၁ အထိ မြင့်တက်ခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွက် အဆင့် ၆၅ အထိ ပြန်လည်ကျဆင်းခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အဆင့် ၇၈ နေရာသည် အငတ်ဘေးအန္တရာယ်ဇုန်တွင် ဆက်ရှိနေ ခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယက အဆင့် ၉၄၊ ဘင်္ဂလားဒေ့ရှ်က အ ဆင့် ၇၅ ရရှိထားသည်။ အာဆီယံနိုင်ငံများ ဖြစ်သော ထိုင်းက အဆင့် ၄၈၊ မလေးရှားက အဆင့် ၅၉၊ ဗီယက်နမ်က အဆင့် ၆၁၊ ဖိလစ် ပိုင်က အဆင့် ၆၉၊ အင်ဒိုနီးရှားက အဆင့် ၇၀၊ ကမ္ဘောဒီးယားက အဆင့် ၇၆ ဖြင့် မြန် မာနိုင်ငံအထက်တွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ငတ်မွတ်ခေါင်းပါးမှုအ ခြေအနေသည် နှစ် ၂၀ ကျော်အတွင်း တ ဖြည်းဖြည်းလျော့နည်းလာသော်လည်း ဆင်း ရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် မှ လွတ်မြောက်နိုင်ရန်အတွက် ကောင်းမွန် သည့် မူဝါဒများစွာ ချမှတ်ရန် လိုအပ်နေ သည်။
လွန်ခဲ့သော ၁၀ စုနှစ်နှစ်ခုအတွင်း အာဟာရချို့တဲ့သော လူဦးရေသည် စီးပွား ရေးတိုးတက်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုး တက်လာခြင်းကြောင့် ထက်ဝက်နီးပါးကျ ဆင်းခဲ့သော်လည်း အစာခေါင်းပါးခြင်းနှင့် ငတ်မွတ်ခေါင်းပါးမှုကို ဆက်လက်ရင်ဆိုင် နေရသူများစွာလည်း ကျန်ရှိနေသေးပေသေးသည်။