ရှန်ဂရီလာ(သို့) ဒဏ္ဍာရီ လာ မသေဆုံးနိုင်တဲ့ ကမ္ဘာတခု

Knowledge

မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ(သို့)ပျောက်ဆုံးနေသောဒေသတခု

ရှန်ဂရီလာ(သို့) ရှန်ဘဲလားဒေသဟာ စိတ်ကူးယဉ်နယ်မြေတခုဖြစ်ပြီးဒီနာမည်ကို ၁၉၉၃ ခုနှစ် တွင်ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဂျိန်းဟီလ်တန်(James Hilton) ရဲ့ ပျောက်ဆုံးသွားသော မိုးကုတ်စက်ဝိုင်း (The Lost Horizon) စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

စာရေးသူဟာ ဒီနေရာဒေသကို အမှန်တကယ် ရောက်ရှိခဲ့ပြီး ရှန်ဂရီလာဆိုတဲ့ နာမည်ကိုပေးဖို့ စိတ်ကူးခဲ့ကြောင်း ပြောထားပါတယ်။

ရှန်ဂရီလာလို့ ဆိုလိုက်တာနဲ့ မြန်မာပြည်မြောက်ပိုင်းက ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေ ဆုံးနိုင်သော ဒဏ္ဍာရီနေရာတခုဆိုတာကို ကျွန်တော်တို့တော်တော် များများ ကြားဖူး နားဝ ရှိကြမှာပါ။

ရှန်ဂရီလာနဲ့ ပတ်သတ်လို့ သံတူကြောင်းကွဲ အကြောင်းအရာများစွာ ရှိပေမယ့် တူညီတဲ့ အချက် တွေကတော့ ဟိမဝန္တာတောင်တန်း တနေရာတွင် ရှိခြင်း ၊ အေးချမ်း ပျော်ရွှင်ဖွယ်ဒေသ ဖြစ် ခြင်း ၊ ပြင်ပ ကမ်ဘာနှင့် အဆက်အသွယ် မရှိခြင်း စသည်တို့ ဖြစ်ပါတယ်။

တကယ်တော့ ရှန်ဂရီလာ(ShangriLa) သည် တိဗက်စကားလုံး Shang(တိဗက်ဒေသတစ်ခု)
gri (တောင်) La(pass) တို့ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု အင်္ဂလိပ် ဘာသာဖြင့် အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ရှန်ဂရီလာရဲ့ ပုံပြင်ဟာ တိဗက်ဒုဒ္ဓဘာသာ ရှေးဟောင်း မြို့တော် ရှန်ဘဲလားမှ ဆင်းသက်လာတဲ့ အယူအဆလည်း ဖြစ်ပါတယ်။
ဒဏ္ဍာရီ ဇာတ်လမ်းတွေထဲမှာတော့ ရှန်ဂရီလာဆိုတာ မသေဆုံးနိုင်တဲ့ ပြင်ပနဲ့ အဆက်ဆံမရှိသောထူးဆန်းသောသူများနေထိုင်ရာဒေသဖြစ်ပါတယ်။ဒီလိုထူးဆန်းတဲ့နေရာကို အမှတ်မထင်ရောက်ဖူးခဲ့သူတွေလဲရှိပါတယ်။

ဒါပေမယ့် အပြင်ပြန်ရောက်ပြီး ဒီနေရာကို ပြန်လည်ရှာဖွေရာမှာတော့ ဘယ်လိုမှ ရှာဖွေမတွေ့ နိုင်တော့ဘဲ ဒီနေရာဟာ ပျောက်ခြင်း မလှ ပျောက်သွားတယ်လို့ ဆိုကြပါတယ်။ ထွက်ရပ်ပေါက် အချို့လည်း ဒီနေရာမှာ ရှိတယ်လို့ သိရပါတယ်။

ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့ အတိတ် နဲ့ အနာဂါတ်ကို ပြောပြနိင်တဲ့ တိဗက် ဘုန်းတော်ကြီးတွေ တရားကျင့်ကြံကြပါတယ်။ ဒီဒေသကိုကမ်ဘာ့အစိမ်းရောင် နယ်မြေ အဖြစ် သတ်မှတ်ထားပြီး တရားဓမ္မတွေ ထွန်းကားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ယန်ဇီမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာဒေသသည် တကယ့်ကို ဒဏ်ဏ္ဍာရီဆန်လောက်အောင်လှပ လွန်းတဲ့ ဒေသဖြစ်ပြီး တရုတ်ပြည်ယူနန်စီရင်စု ရဲ့ တောင်ဘက်စူးစူးတွင် တည်ရှိသော အံ့သြ ဖွယ်ရာ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

အိန္ဒိယမြောက်ပိုင်း နှင့် တိဗက်ဒေသကြားရှိဗုဒ္ဓဘာသာ ထွန်းကားသော ဟိမဝန္တာတောင်တန်း ဒေသများသည် ကမ်ဘာလှည့် ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေသလည်း ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ Zhongdia ဒေသအား ကမ်ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ရန် ရှန်ဂရီလာဟု အမည်ပေးခဲ့ပါတယ်။

တိဗက်ဒေသရှိ ဒဏ္ဍာရီဆန်သော ခွန်းလွန်တောင် အချို့ဒေသများဟာလည်း ရှန်ဂရီလာ တည် ရှိတဲ့ ဒေသဟု ဆိုကြပါတယ်။ ရှန်ဂရီလာ တည်ရှိသည်ဟု နာမည်ကြီးထင်ရှားသည့် ဒေသတ ခုမှာ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ Hunza တောင်ကြားဒေသ ဖြစ်တယ်ဟု ဆိုပြန်ပါတယ်။

တိဗက်နယ်စပ်နှင့် နီးသော ထိုနေရာဒေသအားThe Lost Horizon မထုတ်ဝေမီ နှစ်အနည်း ငယ်က Hilton ဟာ သွားရောက် လည်ပတ်ခဲ့ပါတယ်။

ဟိမဝန္တာ အနောက်ပိုင်းရှိ တောင်များ ဝန်းရံထားတဲ့ စိမ်းစိုလန်းဆန်းသော ထိုနယ်မြေဒေသဟာ ဝတ္ထုပါ ရှန်ဂရီလာဒေသနှင့်လည်း ပထဝီ အနေအထားအရ နီးနီးစပ်စပ် တူညီမှု ရှိပါတယ်။
ထိုဒေသအနီးရှိ Shardu တောင်ကြားဒေသမှ ရှန်ဂရီလာ အပန်းဖြေစခန်းသည်လည်း ကမ္ဘာ လှည့် ခရီးသည်များအား ဆွဲဆောင်နိုင်တဲ့ နေရာဖြစ်ပါတယ်။

Credit: Original Uploader

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...