နာမည်နဲ့လိုက်အောင်နံပါတ်တူ withoutကားတွေနဲ့ ရိုက်ပြလိုက်တဲ့ MRTV-4 ဇာတ်လမ်းတွဲ မာယာလှည့်ကွက်

Local News

ဟုတ်ပါတယ် ခေါင်းစဉ်ဖတ်ပြီးစဉ်းစားသွားပြီမလား မာယာလှည့်ကွက်ကဘယ်လိုတွေလှည့်ကွက်ပြလိုက်လဲဆိုတာအဆုံးထိဖတ်ကြည့်လိုက်ပါနော်။

လက်ရှိ MRTV – 4 မှာပြသနေတဲ့ မာယာလှည့်ကွက် ဇာတ်လမ်းတွဲကို အားလုံးသိကြမှာပါ။ဒါရိုက်တာညီညီထွန်းလွင်ရိုက်တဲ့ ဒီဇာတ်ကားမှာ သရုပ်ဆောင်အသစ်တွေပါဝင်ရိုက်ထူးထားပြီး

လူအများစိတ်ဝင်စားမှုခံနေရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အပိုင်းကတော့့ ဒီအပတ်မှာလာသွားတဲ့ အပိုင်းမှာပါတဲ့

ကားတွေဘဲဖြစ်ပါတယ်။  ၁၄ ရက်နေ့ကလာသွားတဲ့ အပိုင်းမှာမင်းသားက Company ကနေပြန်လာတော့ Harrierကားကြီးနဲ့ပါ။

အယ် လမ်းမှာ Crownကို လမ်းဘေးထိုးပြီး ကားပျက်နေတဲ့ မင်းသမီးနဲ့တွေ့ရောကားက Lexus ကားကြီးနဲ့ဖြစ်သွားရောကွယ်။

 

မင်းသားဆိုတော့မြန်မာကားတွေရဲ့ ထုံးစံအတိုင်း မင်းသမီးကားကို ပြင်လဲပြင်ပြီး‌အိမ်လဲပြန်ရောက်ရောမူလ ပထမ Harrier ကြီးပြန်ဖြစ်သွားရောဗျာ။ တကယ့်ကို လှည့်ကွက်တွေနဲ့ ရိုက်ချက်တွေပါ။

ပိုပြီးထူးခြားတဲ့အချက်က နံပါတ်ပြားတွေကို သေချာချာကြည့်ကြည့်ပါ ။လိုင်စင်နံပါတ်ပြားတွေတူနေတာပါ။

မြန်မာနိုင်ငံရဲ့လက်ရှိ ဥပဒေအရ လိုင်စင်နံပါတ်တူ without ကားတွေကို ခွင့်မပြုထားပါဘူး။တရားမဝင်ကားအနေဲ့ ကားကို သိမ်းဆည်းခွင့်ရှိသလို ပိုင်ရှင်ကိုလဲ ဥပဒေအရ အရေးယူခွင့်ရှိပါတယ်။

ဒါဆို နိုင်ငံတော်ရဲ့ တရားဝင် ရုပ်သံလိုင်းကနေ ပြသနေတဲ့ ဇာတ်လမ်းတွဲမှာ ဒီလို Without တွေစီးလို့ရတယ်လို့ပြနေတာလား ဒါမှမဟုတ် ဒီကားကို ရိုက်တဲ့သူတွေက without ကားတွေကို တမင်ထည့်ရိုက်တာလားဆိုတာ

ရိုက်တဲ့သူကဘဲသိမှာပါ။ တကယ့်ကို နာမည်နဲ့လိုက်တဲ့ မာယာလှည့်ကွက် ဇာတ်လမ်းတွေပါ။သေချာတာကတော့ ဒီလိုဒီလို Without ကားတွေကို ရုပ်သံတွေမှာ တရားဝင်ချပြခွင့်ရှိသလို ပြနေတာကတော့ရပ်ရှင်အစည်းရုံးနေနဲ့ စီစစ်ဖို့လိုနေပါပြီ။

အဆုံးထိဖတ်ပေးတဲ့ အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။

 

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...