ဆယ့်နှစ်လရာသီစက်ဝန်းကြီး အဆုံးသတ်ခါနီး November လကျမှ အပြောများအတွေ့များရတဲ့ NNNဆိုတဲ့စကားစုလေးတစ်စု။ ဘော်ဒါရောင်းရင်းတွေကြားလည်း ဒီစကားစုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် စကြ နောက်ကြတာမျိုး အပြိုင်အဆိုင်ချဲလန့်ခေါ်တာမျိုးကိုလည်း ဒီလရောက်မှ အထူးအဆန်းသဖွယ် တွေ့ကြကြားကြရမှာပါ။ ဒီတော့ NNN ဆိုတာဘာလဲ မသိသူတွေအတွက် “စာသူငယ်ကြား လင်းတနား”မဖြစ်ရအောင် “သားကြီး အဲ့တာဘာလဲ”ဆိုပြီး ဘော်ဒါအချင်း ချင်းလည်း ခေါင်းငုံ့ခံပြီးလိုက်မမေးရလေအောင် သိပြီးသူတွေအတွက်ရော မသိသေးသူတွေအတွက်ရော NNN အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
အသေးစိတ် မပြောခင် အရင်ပြောချင်တာက မိန်းကလေးတွေ ဒီစာကို မဖတ်ဘဲ ကျော်သွားလို့ ရပါတယ်။ ဖတ်လည်း ဘာမှ မဖြစ်ပါဘူး။ ဗဟုသုတပေါ့ ခင်ဗျာ။
NNN ဆိုတာဘာလဲ?
NNN ကိုဘယ်သကောင့်သားကများ တင်ပါးယားပြီး တီထွင်ခဲ့တာလဲ?
NNN ဆိုတာက အကျဥ်းချုပ်ထားတဲ့ စကားစုလေးဖြစ်ပြီး စာတစ်လုံးချင်းစီမှာ အဓိပ္ပါယ်ရှိပါတယ်။ ဘယ်လိုလဲဆိုရင် NNN – No Nut November ပါဗျ။ မြန်မာလိုပြန်မယ်ဆိုရင် နိုဝင်ဘာလအတွင်း ရွှေပန်းလေးနဲ့ ကစားခွင့်မရှိဘူး ဆိုတဲ့သဘောပါ။ တစ်ရက်တစ်ပတ်မဟုတ်ဘူးနော့ တစ်လလုံးလက်ထိန်းထားရမှာပါ။ ဒါကိုမှ ဘယ်သူကတော့ ထိန်းနိုင်တယ် မထိန်းနိုင်ဘူး စသဖြင့် ကြံဖန်ဂုဏ်ယူကြတဲ့ ကစားနည်းလေးပါပဲ။
ဒီအရည်မထွက် အဖတ်မထွက်ချဲလန့် စတင်သန္ဓေတည်လာတာကတော့ website တစ်ခုဖြစ်တဲ့ Urban Dictionary ကနေပဲဖြစ်ပါတယ်။ ဒီ web မှာဆိုရင် NNN လိုမျိုး Slang words တွေ phrase တွေရှာဖွေနိုင်ပါတယ်ဗျ။ NNN ကို web ထဲစတင်ထည့်သွင်းပေးခဲ့သူက bicboi6969696969 ဆိုတဲ့နာမည်နဲ့ user တစ်ယောက်ဖြစ်ပြီး 2011 ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူကတော့ ပျော်စေပျက်စေဆိုပေမဲ့ နှောင်းလူတွေကတော့ အတည်ပေါက်တွေယူပြီး ထိန်းသိမ်းလာကြတာမို့ ဒီ legacy ကတော့ ဆက်လက်သက်ဆိုးရှည်နေပါလိမ့်မယ်။
NNN ရဲ့စည်းမျဥ်းအသေးစိတ်
– ပထမဆုံးနဲ့အရေးကြီးဆုံးစည်းကမ်းကတော့ ရှင်းပါတယ်။ အပေါ်မှာလည်း ပါပြီးပြီမို့ ထပ်မပြောတော့ပါဘူး။
- ရွေပန်းနဲ့လက်မကမြင်းရဘူးဆိုပေမဲ့ pornography တွေကိုတော့ ကြည့်ရှုခွင့်ရှိပါသေးတယ်။ “မြင်သာမြင် မကြင်ရ” ဆိုသလိုပေါ့။ စိတ်ခိုင်ခိုင်ထားပြီး ကြည့်နိုင်တယ်ဆိုရင်တော့ ကြည့်ကြပေါ့ဗျာ။
- နောက်တစ်ခုကတော့ pornography ကြည့်ရင်း ဖြစ်လာတဲ့ အခြေအနေကို ခွင့်ပြုထားတယ်ဆိုတာပါ။
မိမိတို့ရဲ့ ယမထာရွေကြိမ်လုံးကြီးက ဒါတွေကြည့်ရင်း ဖြောင့်မတ်လာတတ်တာကို pass ပေးထားပါတယ်။
– ဒီလိုမျိုး နေ့စဥ်လုပ်နေကျအရာမို့ လုပ်ချင်စိတ်ကို ဦးချိုးပေးထားရတော့ မသိစိတ်က လှုံ့ဆော်ပေးတတ်ပါတယ်။ အဲ့ခါကျ wet dream ဆိုတာ ဖြစ်တတ်ပါတယ်။
Wet dream ဆိုတာက မိမိတို့အိပ်စက်အနားယူနေရင်း စိတ်ကမခံနိုင်တော့တဲ့အဆုံး ဖြေလျှော့ဖို့အတွက် စိတ်ကြိုက်အခြေအနေတစ်ခု နေရာတစ်ခုကို ဖန်ဆင်းပေးလိုက်ရင်း ကိုယ့်ကိုကိုယ်တောင်မသိလိုက်ပဲ ကိစ္စပြီးသွားတဲ့ အဖြစ်မျိုးပါ။ ဒါကိုတော့ တစ်ခါကနေ သုံးခါအထိ ခွင့်လွှတ်ပေးထားပါတယ်။
– ဒီ NNN ကာလအတွင်း ကံကောင်းရင် Free coupon တစ်နည်း လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်ရရှိရင် ထိန်းထားရတဲ့စိတ်ရိုင်းတွေကို တစ်ခါလွှတ်ငြိမ်းပေးနိုင်ပါတယ်။
- နောက်ဆုံးတစ်ခုကတော့ NNN ကို ဂုဏ်ထူးနဲ့ပြီးမြောက်သူတိုင်း DDD ချဲလန့်ကို ဆက်လက်ပါဝင်နိုင်ခွင့်ရှိပါမယ်။(DDD အကြောင်းတော့ဒီဇင်ဘာမှမျှော်)
Covid အတွင်း cancel လိုက်တဲ့ NNN
ခုလိုအားလုံး အိမ်ထဲအိမ်ပြင်မထွက်ရတုန်း ဘာမှလုပ်စရာမရှိတဲ့အချိန် အပန်းဖြေတတ်ကြတာဟာ ပုံမှန်ပါပဲ။ ဒါကြောင့် ဒီကာလအတွင်း NNN ချဲလန့်ကို ယာယီဖျက်သိမ်းပေးဖို့ တောင်းဆိုလာကြပါတယ်။ ဒီအစား ဘာမှလုပ်စရာမရှိကြတာမို့ Non-stop Nut November ဆိုပြီး မူလဟာနဲ့ဆန့်ကျင်ဘက်ကို ပြောင်းလဲနေကြပါတယ်။ တရားဝင်လို့တော့ မသတ်မှတ်ကြသေးပါဘူး။
NNN ရဲ့ လူသိပ်မသိကြတဲ့ ရည်ရွယ်ချက်
တစ်ချို့ကတော့ ပြောမှာပေါ့။ သောက်တလွဲချဲလန့်ပါကွာ အကျိုးမထူးပါဘူး ဘာညာပေါ့။ ဒါပေမဲ့လည်း NNN လုပ်ရခြင်းမှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိပါတယ်။
ပထမအချက်က ဒီချဲလန့်ထဲပါဝင်စေခြင်းအားဖြင့် ယောင်္ကျားလေးတွေကို တစ်ခြားဝါသနာတွေ တစ်ခြားအသစ်အဆန်းတွေကို လေ့လာလိုစိတ်ရှိအောင်ပဲဖြစ်ပါတယ်။ တစ်နေ့တစ်နေ့လူသတ်နေရတဲ့ကိစ္စကနေ ခဏတာအနားယူမိအောင် တစ်ခြားမိမိတွက် အကျိုးရှိတာလေးတွေလုပ်မိအောင် ဆိုတဲ့ကောင်းမွန်သော ရည်ရွယ်ချက်လေးပေါ့ဗျာ။
နောက်တစ်ခုကတော့ မိမိရဲ့စိတ်ဆန္ဒဘယ်လောက်ပြင်းထန်ကြောင်း ခိုင်မာကြောင်းကိုပြနိုင်ခွင့်ရှိတာပဲဖြစ်ပါတယ်။ ဒါနဲ့စိတ်ခိုင်မာတာနဲ့ဘာဆိုင်လို့လဲသိချင်ရင် ဦးနုရဲ့ ကာမတဏှာ စာအုပ်ကိုဖတ်ရှုကြည့်ကြပါဗျ။
အကယ်၍မိတ်ဆွေဟာ NNN ကာလတွင်းမှမဟုတ်ပဲ တစ်သက်လုံး စုံစမ်စိမချတော့ဘူး လို့ဆုံးဖြတ်ထားတယ်ဆိုရင်လည်း Reddit app ရဲ့ No Fap Community ကို join လို့ရပါတယ်ခင်ဗျာ။ မြန်မာလိုဆို
“ငရုပ်သီးမထောင်းရနယ်မြေ”ပေါ့။ ဒီထဲဝင်လိုက်ရင် ပိုပြီးအကျိုးမြတ်တာက ယောင်္ကျားလေးတွေမှာ အဖြစ်များလေ့ရှိတဲ့ ဆီးကျိတ်ကင်ဆာ အတွက် ရန်ပုံငွေမြှင့်တင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါလေးတွေကတော့ လုံးဝမထင်ထားရတဲ့ ကောင်းမွန်သော ရည်ရွယ်ချက်လေးတွေပေါ့ဗျာ။
ဒီစာဖတ်နေတဲ့မိတ်ဆွေရော အခြေအနေဘယ်လိုလဲ?
အခုဆို NNN အကြောင်း တော်တော်ပြည့်ပြည့်စုံစုံသိလောက်ပါပြီ။ သောက်ပိုအလုပ်လို့ထင်နေသေးတယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်ပါပဲခင်ဗျာ။ သိထားသင့်တဲ့ ဗဟုသုတလေးမို့ ဖတ်ထားမယ်ဆိုရင်လည်း မမှားပါဘူး။
ဒီစာဖတ်နေတဲ့မိတ်ဆွေတို့ထဲမှာရော ချဲလန့်ထဲ အပျော်သဘောဖြစ်ဖြစ် ပါဝင်ကြသူတွေထဲ ၆ရက်မြောက်နေ့ထိ တောင့်ခံနိုင်ကြသေးလားခင်ဗျာ။ Fail သွားပြီဆိုရင်လည်း ဝမ်းမနည်းပါနဲ့ ခုထိ အခြေအနေကောင်းဆဲဆိုရင်လည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ လအစမို့တော့ တော်တော်များများ အခြေအနေကောင်းနေကြအုံးမှာပါ။ နောက်ရက်တွေမှ Fail သွားတဲ့သူတွေရှိရင်လည်း post ကို sad လေးတွေလာပေးကြပေါ့ဗျာ။ အမှတ်တမဲ့ကနေ အမှတ်တရဖြစ်အောင်ပေါ့။
ဒီနိုဝင်ဘာပြီးရင် လာမယ့် ဒီဇင်ဘာကျရင်လည်း DDD ဆိုတဲ့ ချဲလန့်လေးရှိပါသေးတယ်။ DDD challenge ထဲဝင်ဖို့ဆိုရင်တော့ NNN ကို pass ပြီးသူမှသာ qualify ပါဗျ။ DDD အကြောင်းကိုလည်း ဒီဇင်ဘာကျရင် တင်ပေးသွားပါအုံးမယ်ခင်ဗျာ။
အားလုံး Take Care ပါ။