1990″ ခုနှစ်နှောင်းပိုင်းကာလတုန်းက American ကပြည်နယ်လေးတခုမှာ “14 “နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့ သူမရဲ့မိသားစုတို့ နေထိုင်ခဲ့ကြပါတယ်။
ဒီမိသားစုနဲ့ ရင်းနှီးတဲ့လူတွေရဲ့ပြောစကားအရ ကောင်မလေးက တခါတလေမှာဆိုရင် ထူးဆန်းတဲ့အပြုအမူတွေကို ပြုလုပ်လေ့ရှိပါတယ်တဲ့။
ဘယ်လိုအပြုအမူတွေလဲဆိုတော့ “တချို့ညတွေမှာ အဲ့ကောင်မလေးက အိပ်နေရင်းနဲ့ လမ်းထထလျှောက်တက်တယ်။
“သူမ” မိဘတွေကတော့ အဲ့တာကို ” Sleep Walking “(အိပ်မက်ယောင်ခြင်း) လို့ပဲ ထင်နေခဲ့ကြတာပေါ့။
ဒါပေမဲ့ မကြာခင်မှာ ကောင်မလေးရဲ့ အပြုအမူတွေက ပိုပီးထူးဆန်းလာခဲ့တယ်။
တစ်ညမှာ သူမက ဘယ်ကမှန်းမသိတဲ့ “မှန်” ကြီးတချပ်ကို ယူလာခဲ့တယ်။
သူမရဲ့မိဘတွေက မနက်ကျ အဲ့“မှန် “ကိုတွေ့တော့ သူမကိုမေးကြတယ်။
ဘယ်ကယူလာတာလဲ ? လို့မေးခဲ့ကြတဲ့အခါ
သူမက “မသိဘူး“လို့ပဲ တခွန်းထဲပြန်ဖြေခဲ့ပါတယ်။
သူမက တကယ်လဲသိနေတဲ့ပုံမပေါ်ပါဘူး။
မနက်ခင်းတွေဆိုရင် သူမကသာမာန်မိန်းကလေးတွေလို ပုံမှန်ပါပဲ။
ဒါပေမဲ့……
ညကျရင်တော့ “သူမ“မဟုတ်တော့တဲ့အတိုင်းပဲ။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူမတို့အိမ်မှာ “နှစ်လောင်းပြိုင်လူသတ်မှုကြီး ” ဖြစ်ခဲ့ပါတယ်။
ထူးခြားတာက “တစ်ယောက်ထဲသော ရှင်သန်ကျန်ရစ်သူ ” ဟာ အဲ့ကောင်မလေးဖြစ်နေခဲ့တာပါပဲ။
သူမကို ရဲတွေကမေးတော့ “ကျမ” လုပ်တာ : “ကျမ” သတ်လိုက်တာဆိုတဲ့ စကားတစ်ခွန်းကိုပဲ ထပ်တလဲလဲပြောနေခဲ့ပါတယ်။
ဒါပေမဲ့လဲ အသက်မပြည့်သေးတာရယ် , ဘယ်လိုသက်သေမျိုးမှမရှိခဲ့တာရယ်ကြောင့် ဒီအမှုဟာ ပြည့်ဖုံးကားချပီး ပြီးဆုံးသွားခဲ့ပါတယ်။
နောက်ထပ် အဲ့ကောင်မလေးပြောခဲ့တဲ့ စကားနောက်တခွန်းရှိပါသေးတယ်။
အဲ့စကားကတော့ ” ကျမသူတို့ကိုမြင်ရတယ် , သူတို့ရှိနေတယ် , သူတို့ကခိုင်းတာ ” ဆိုတဲ့ စကားမျိုးတွေကို တတွတ်တွတ်ရွတ်နေခဲ့တာပါ။
သူမ အဲ့စကားတွေကိုပြောတုန်းက
“သူမ” ယူလာခဲ့တဲ့ ” မှန်” ကြီးကိုလဲ စိုက်ကြည့်နေခဲ့ပါတယ်တဲ့။
ဒီတော့ Did You Know ?:
မှန်တွေဟာ နက်နဲဆန်းကြယ်တဲ့ အသုံးအဆောင်တွေဖြစ်ပါတယ် :
( ဒါပေမဲ့ “မှန်“တွေကို မယုံပါနဲ့ : )
( အထူးသဖြင့် ဒီလိုညဘက်တွေမှာဆိုရင်ပေါ့ ) :