တနင်္သာရီမြို့နယ်၊ အမှတ်၉ကျေးရွာအုပ်စု အမှတ်၉ကျေးရွာအနီး (ဒေသအခေါ်
ဖောင်ဆိပ်ချောင်း ဖျားတွင် ရှားပါးမျိုးစိတ် ကြံ့သူတော် တစ်ကောင်တွေ့ရှိခဲ့ကြောင်း
အမှတ်၉ကျေးရွာ ဒေသခံ ဦးအေးမင်း ကိုက ပြောသည်။
အဆိုပါ ကြံ့သူတော်ကို နိုဝင်ဘာလ ၂၀ ရက်က အမှတ် ၉ ကျေးရွာအနီး
ဥယျဉ်ခြံလုပ်ကိုင်နေသူတစ် ဦးထံတွင်ကြိုးတန်းလန်းဖြင့် တွေ့ရှိသဖြင့် ဖမ်းဆီးကာ
သစ်တောဦးစီးဌာနသို့ အကြောင်းခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။
ကြံ့သူတော် သည် အမြင့် ၃ ပေ ခွဲ ၊အလျှား ၆ ပေ ၆ လက်မ ရှိကာ
၎င်း၏ ခြေတွင် ဒဏ်ရာရရှိထား သဖြင့် သွားလာနိုင်ခြင်းမရှိသည့်အတွက် ကျေးရွာတွင်
ဆေးကုသပေးထားကြောင်းသိရသည်။
ကြံ့သူတော်သည် အရွယ်အစားကြီးမားသော အသီးအရွက်စားသတ္တဝါ ဖြစ်ကာ
မြန်မာနိုင်ငံတွင် ထားဝယ်၊ မြိတ် နှင့် တနင်္သာရီမြို့နယ်တို့တွင် ကျက်စားလေ့ရှိကြောင်းသိရသည်။
Source : Pyi Myanmar
swh(ဓာတ်ပုံ-ဦးအေးမင်းကို)