ခွေးလေးတွေကိုကားထဲမှာ သက်တောင့်သက်သာစောင့်ဆိုင်းနိုင်အောင် ရည်ရွယ်ထုတ်လုပ်လိုက်တဲ့ တက်စလာ ကား ကုမ္ပဏီ

Local News

ပုံမှန်ကားတွေနဲ့မတူဘဲ စျေးဝယ်ထွက်တဲ့အခါ မိမိခွေးလေးတွေကို စိတ်ချစွာကားထဲထားခဲ့လို့ရသော

function အသစ်ကို tesla ကား company ကထုတ်လုပ်လိုက်ပါတယ်

အချို့ပိုင်ရှင်တွေဟာ စျေးဆိုင်ထဲစျေးဝယ်တဲ့အခါ ခွေးကလေးတွေကို

ခေါ်လို့မရတဲ့အတွက် ကားထဲမှာ ထည့်ထားခဲ့တတ်ကြပါတယ်

ကားစက်ကို ပိတ်ပြီးထားခဲ့ရတဲ့အတွက်အလုံပိတ်မှန်ထဲမှာ

ခွေးလေးတွေဟာ အသက်ရှူရခက်ခဲပြီး စိတ်မသက်မသာခံစားရတတ်ပါတယ်
အပူချိန်များတဲ့ရာသီဥတုမှာဆိုရင် အလုံပိတ်ကားထဲမှာ

အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်များလွန်းလို့
လူအများဟာ ခွေးလေးတွေကိုကားထဲမထားခဲ့ဖို့ မေတ္တာရပ်ခံချက်တွေ

social media တွေမှာ တင်ပြထားကြပါတယ်

ထိုအချက်တွေကို tesla ကား company က ဂရုပြုမိပြီး

ယခုလို မဖြစ်မနေကားတဲ့ထားခဲ့ရမယ့်
အခြေအနေတွေမှာ သခင်လည်း စိတ်ချစွာထားခဲ့နိုင်သလို
ခွေးကလေးတွေ ကြောင်ကလေးတွေလည်း

ကားထဲ သက်တောင့်သက်သာစောင့်ဆိုင်းနိုင်မယ့်

နည်းပညာအသစ်ကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်

ထိုနည်းပညာကို Dog Mode လို့အမည်ပေးထားပြီး

သခင်စျေးဝယ်မည့်အချိန်တွင် ထို Dog Mode ကို On ထားလိုက်ပါက ကားစက်ပိတ်ထားသော်လည်း

ကားအထဲတွင် ပြင်ပ အပူချိန်ကိုလိုက်ပြီး ချိန်ညှိပေးသော စနစ်ဖြစ်သည်

အပြင်အပူအချိန်အလိုက် အထဲတွက်သက်တောင့်သက်သာဖြစ်နိုင်မည့်

အအေးဓာတ်နှင့် oxygenကိုလုံလောက်စွာရရှိနိုင်အောင် ပြုလုပ်ပေးသည်

တိရစ္ဆာန် မွေးထားသော ပိုင်ရှင်များ အကြိုက်အလွန်တွေ့နေသော ကားလည်းဖြစ်ပါသည်
Plz Like and Share

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...