အမေရိကန်တွင် ဂျိုးဘိုင်ဒင်အား သမ္မတအဖြစ်ရွေးကောက်မှုသည် ဒေါ်နယ်ထရန့်နှင့် ၎င်း၏ သဘောထားကွဲစေမှုများကို စွန့်ပယ်ရုံသာမက အစိုးရအဖွဲ့နှင့် မူဝါဒကို ခေတ်ရေစီကြောင်းနှင့်အညီ နိုင်ငံရေးအမြင်မျှတစွာဖြင့် ချဉ်းကပ်မှုကို လက်ခံအားပေးမှုလည်း ဖြစ်စေခဲ့သည်။
ဘိုင်ဒင်သည် ကမ္ဘာ့ဇာတ်ခုံကို ၎င်း၏နေအိမ်ကဲ့သို့သဘောထားကာ လူအများနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ဆောင်ချက်များကို ပြသဖွယ်ရှိနေသည်။ သိသာထင်ရှားဆုံးအချက်မှာ သူသည် အမေရိကန်၏ မဟာမိတ်များနှင့် ဆက်ဆံရေး တိုးမြှင့်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်သည်။
ဘိုင်ဒင်သည် ကမ္ဘာကိုချဉ်းကပ်မည့် အမေရိကန်အစိုးရအဖွဲ့အား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို သိသာထင်ရှားစွာ တိုးမြှင့်သည့် အခန်းကဏ္ဍမှ ဆောင်ရွက်သွားမည် ဖြစ်သည်။
အတိုချုံးဆိုရလျှင် သူသည် စစ်အေးကာလပြီးကတည်းက အမေရိကန်သည် ကမ္ဘာတွင်မည်ကဲ့သို့ ပြုမူဆောင်ရွက်ခဲ့သည်ဆိုသည့် အချက်နှင့် ကိုက်ညီသည်ဆိုသည် ထက်ပိုလွန်နေသည့် ကမ္ဘာလုံးဆိုင်ရာအခန်းကဏ္ဍမှ ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိနေသည်။
ဘိုင်ဒင်သည် ဘာရက်အိုဘားမားအစိုးရလက်ထက်က နိုင်ငံခြားရေးမူဝါဒအတိုင်း လုပ်ဆောင်ဖွယ် ရှိနေသည်ဟု ယူဆရသော်လည်း အချို့အချက်များကိုသာ ဆက်လက်လုပ်ဆောင်နိုင်ပြီး အဓိကကျသည့် ပြောင်းလဲမှုများ ပြုလုပ်လိမ့်မည်ဖြစ်သည်။
အိုဘားမားနှင့် ထရန့်တို့သည် အမေရိကန်၏ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွင်အာရှ၏ အချက်အခြာကျမှုကို ထည့်သွင်းခဲ့ကြမည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့မတိုင်မီ ယခင်သမ္မတများသည်လည်း တူညီသည့် အကြောင်းပြချက်များဖြင့် အာရှကို ဦးစားပေးကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသည် ကမ္ဘာကြီး၏ ချက်ချင်း အကျိုးဖြစ်ထွန်းမှုရှိသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆယ်စုနှစ်များစွာအထိ ရှိလာမည် ဖြစ်သည်။
အိုဘားမားအတွက် အာရှအရေးကြီးသည်က အာရုံစိုက်ကြိုးပမ်းရန်အတွက် နေရာရွေးချယ်မှုဖြစ်သည်။
သဘာဝရင်းမြစ်ရှားပါးမှုက အာရှကို အလေးထားရန် ဘိုင်ဒင်က ရွေးချယ်ရမည်ဖြစ်သည်။ အခြားနေရာများတွင် အမေရိကန်ဆောင်ရွက်ချက်များကို နောက်ပြန်ဆုတ်မှုများ ရှိလာနိုင်သည်ဟုလည်း အဓိပ္ပာယ် ယူက ရနိုင်သည်။
ဘိုင်ဒင် ရင်ဆိုင်ရမည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဓိကမေးခွန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မည်ကဲ့သို့ချဉ်းကပ်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
ထရန့်လက်ထက်တွင် အမေရိကန်သည် အပြည့်အဝယှဉ်ပြိုင်သည့် ရပ်တည်ချက်ဖြင့် ရွေ့လျားခဲ့သည်။
၂၀၁၇ ခုနှစ် အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် တရုတ်သည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးအမြတ်ကို တစ်စထက်တစ်စ လျော့ပါးစေရန် ရည်ရွယ်ထားကြောင်းနှင့် အမေရိကန်သည် တရုတ်၏ အားထုတ်ကြိုးပမ်းမှုများကို ယှဉ်ပြိုင်ရန် နိုင်ငံ့အင်အား၏ ယန္တရားများကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
လက်တွေ့တွင်မူ ထရန့်၏ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒသည် တိကျပြတ်သားမှုမရှိဘဲ ရှေ့နောက် ညီညွတ်ခြင်းလည်း မရှိပေ။ ထရန့်ကိုယ်တိုင်သည်လည်း တရုတ်သမ္မတ ရှီကျင်းပင်နှင့် နှစ်မြို့ဖွယ်မရှိသည့် ဆက်ဆံရေးမျိုးကို လုပ်ဆောင်ခဲ့ပြီး သန်းနှင့်ချီသည့် ဝီဂါများကို အကျဉ်းစခန်းများတွင်ထိန်းသိမ်းခဲ့သည့် တရုတ်၏လုပ်ရပ်ကိုပင်အား ပေးထောက်ခံသည့်သဘောမျိုး ဖော်ပြခဲ့သည်။
ဘိုင်ဒင်၏လက်ထက်တွင်မူ တရုတ်နှင့် ယှဉ်ပြိုင်မှုနည်းလမ်းမှာ ပြောင်းလဲသွားနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည့် အနေအထားသို့ ရှိလာနိုင်သည်။ ဘိုင်ဒင်အနေနှင့် ကုန်သွယ်ရေးပဋိပက္ခကို သိသာထင်ရှားစွာ အပြောင်းအလဲ ပြုလုပ်မည်မဟုတ်ဘဲ နှစ်နိုင်ငံ စီးပွားရေး၊ အထူးသဖြင့် နည်းပညာ ကဏ္ဍများတွင် ကွဲပြားစွာ ဆက်လက်ရွေ့လျားနေမည်ဖြစ်သည်။
ထရန့်၏ ချဉ်းကပ်ပုံသည် အမေရိကန်၏ သြဇာနှင့် ဂုဏ်သိက္ခာကို လျော့ပါးစေခဲ့ပြီး၊ အန္တရာယ်များပြီး တည်ငြိမ်မှုမရှိသည့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အနေအထားတွင် ဘိုင်ဒင်၏ တုံ့ပြန်မှုများသည် မှန်ကန်မှုရှိမည် ဟုတ်၊ မဟုတ် စောင့် ကြည့်ရမည်ဖြစ်သည်။