တစ်ကြိမ်သတိပေးထားပီးလဲ အမှတ်မရှိသေးပဲ ထက်ပြီးခိုးဖွင့်နေတဲ့ The Myst နိုက်ကလပ်

တစ်ကြိမ်သတိပေးထားပီးလဲ အမှတ်မရှိသေးပဲ ထက်ပြီးခိုးဖွင့်နေတဲ့ The Myst နိုက်ကလပ်

Local News

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားတော့ The Myst Bar & Lounge Yangon နိုက်ကလပ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူပေါင်း ၈၀ ကျော် ဖမ်းစီးရမိခဲ့သည်ဟု သိရသည်။ ဖမ်းဆီးရသည့် အကြောင်းအရင်းမှာ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးကော်မတီမှ KTV, Bar, Night Club များ မဖွင့်လှစ်ရန် အမိန့်ထုတ်ထားသည်ကို ဖောက်ဖျက်သောကြောင့် ဖြစ်ပြီး ည ၁၂ နာရီမှ ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန်လဲ ဖြစ်နေသောကြောင့်ဖြစ်သည်။ထို့ကြောင့် နိုက်ကလပ်ပိုင်ရှင် နှင့်ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ နိုက်ကလပ်သို့ လာရောက်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃ဝ(က)ဖြင့် လည်းကောင်း ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

အရေးယူခံထားရသောလူများမှာ ဆိုင်ကိုလာရောက် စားသောက်သော customer ၈၃ ယောက်၊ ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့ဖြစ်သည်။ လာရောက်စားသောက်သော customer များအား ဥပဒေပုဒ်မ ၃၀ (က) နှင့် တရားစွဲထားပြီး အာမခံနှင့် နောက်နေ့မနတ်တွင် ပြန်လည်လွှတ်ပေးထားကြောင်း  ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို ပုဒ်မ ၂၅ နှင့်တရားစွဲဆိုထားပြီး အာမခံမပေးကြောင်း သိရှိရသည်။

ထို နိုက်ကလပ်သည် ကိုဗစ်ပထမလှိုင်းအတွင်း ပထမအကြိမ် အရေးယူ သတိပေးခံထားရပြီး ယခုအခါဖမ်းဆီးခြင်း သည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။ ယင်းအပြုအမူမှာ ဥပဒေကို မခန့်လေးစားလုပ်ရာကျကြောင်းကိုလဲ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နိုက်ကလပ်အား တရားဝင်လိုင်စင် ချပေးထားခြင်းမရှိကြောင်း၊ စည်ပင်တွင် စားသောက်ဆိုင် လိုင်စင်နှင့် အဖျော်ယမကာ လိုင်စင် CS ရယူပြီး ကလပ်ဖွင့်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို မလိုက်နာခြင်းမှာ နောက်ကွယ်တွင်တစ်ခုခုရှိနေသည်ဟု ထင်ရကြောင်း facebook လူမှုကွန်ရက်တွင် ဝေဖန်မှုများမြင့်တတ်ခဲ့သော ဖြစ်ရပ်များလဲရှိခဲ့ပြီး အတည်မပြုနိုင်သော သတင်းများအရ အာဏာရှင်ဟောင်းဦးသန်းရွှေ၏မြေးဖြစ်သူ ဖိုးလပြည့်(ခေါ်) နေရွှေသွေးအောင်၏ ရှယ်ယာ အများဆုံးပါဝင်သည်ဆိုသော ကောလဟာလများလဲ ထွက်ရှိခဲ့သည်။

ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ မိမိရဲ့ခံစားချက်တွေကို ကွန်းမန့်ဘောက်စ်ကနေ ဝေမျှပေးသွားဖို့ ဖိတ်ခေါ်ပါတယ်နော်။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...