ဟိုပုံးမြို့နယ်တွင် ငွေကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

Local News

နိုဝင်ဘာလ ၁၄ ရက်နေ့ အချိန်သတင်းထုတ်ပြန်ချက်အရ ဟိုပုံးမြို့နယ်တွင် ငွေကျပ် သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိသော စိတ်ကြွရူးသွတ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ- 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့် ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသောခဲရောင် မော်တော်ယာဉ် တစ်စီးမှာ ရှာဖွေစစ်ဆေးသည့်နေရာသို့မရောက်မီ မသင်္ကာဖွယ်ရပ်တန့်သွားသည်ကိုတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးမည်ပြုစဉ် Revo အမျိုးအစား မော်တော်ယာဉ်နှင့် Ford အမျိုးအစား မော်တော်ယာဉ်တို့ ထပ်မံရောက်ရှိလာပြီး အဆိုပါမော်တော်ယာဉ် ၃ စီးမှာ ဟိုတင့်ကျေးရွာ အတွင်းသို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိရေးအတွက် အဖွဲ့များခွဲ၍ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ဟိုပုံးမြို့အဝင် ဆီဆိုင်အနီး စိုင်းဝမ်းလျန်း မောင်းနှင်ပြီး စိုင်းဆန်ကို လိုက်ပါလာသည့် Platana အမျိုးအစား ခဲရောင်ယာဉ်အား စတင်ဖမ်းဆီးရမိပြီး ည ၇ နာရီခွဲ အချိန်ခန့်တွင် လွိုင်လင်-တောင်ကြီးကားလမ်း၊ မိုင်တိုင်(၁၀၁/ဝ)အနီးတွင် Ford အမျိုးအစား မော်တော်ယာဉ်အား ပိတ်ဆို့တားဆီးစဉ် နောက်ပြန်လှည့်မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မော်တော်ယာဉ်မှာ လမ်းဘေးလျှိုအတွင်းထိုးကျသွားပြီး ယာဉ်ပေါ်ပါသူ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့၍ အဆိုပါယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှဆာလာ အိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ,ဝဝဝ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဟိုပုံးမြို့အဝင် ရေထွက်အနီး၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မနန်းဆိုင်ထွေးနှင့် ၎င်း၏ခင်ပွန်း မောင်သန်း(ခ)ကျော်ခင် တို့အား Revo အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ စိုင်းယဉ်နှင့် စိုင်းနော်ခမ်း တို့ဖြစ်ကြောင်းသိရှိရသဖြင့် မနန်းဆိုင်ထွေး(၃၅)နှစ်၊ မောင်သန်း(ခ) ကျော်ခင်(၂၇)နှစ်၊ စိုင်းဝမ်းလျန်း(၂၀)နှစ်၊ စိုင်းဆန်ကို(ခ) စိုင်းကွမ်ခေး (၂၅)နှစ်၊ စိုင်းယဉ် (တိမ်းရှောင်)၊ စိုင်းနော်ခမ်း(တိမ်းရှောင်)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...