ကိုဗစ်ကာလ အလှုရှင် မရှိတော့လို့ နေ့စဉ် ဆွမ်းနပ်မှန်ရေးကို ရတတ်မအေး ဖြစ်နေကြရတဲ့ ဆရာလေးများ

Local News

သြဂုတ်လ ၁၆ ရက်နေ့ကနေပြီးတော့ စတင်ခဲ့တဲ့ တစ်ကျော့ပြန် ကိုဗစ်ဂယက်ကြောင့်ပဲ အများနည်းတူ အခက်အခဲတွေနဲ့

ရင်ဆိုင်နေရသူတွေထဲမှာ သာသနာ့ဘောင်အတွင်းက သီလရှင်တွေလည်း ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

နေ့စဉ်ဆက်တိုက် ထောင်ဂဏန်းနဲ့အထက်တွေ့ရှိနေဆဲ အတည်ပြုလူနာတွေနဲ့ Stay At Home အစီအစဉ်တွေကြောင့်ဘဲ

ယခင်ကလို လူတွေဆီ ဆွမ်းဆန်အလှူခံမထွက်နိုင်တော့တဲ့ဆရာလေးတွေဟာ နေ့စဉ်ဆွမ်းကိစ္စအတွက် လုံလောက်မှုမရှိဖြစ်ပြီးတော့

အလှူရှင်တွေမရှိတာကြောင့်ဘဲ စားရေးအတွက်ပူပန်နေရပြီလို့ ပုလဲမြို့သစ်မှာရှိတဲ့

ချမ်းမြေ့ရတနာ သီလရှင်စာသင်တိုက်က ကျောင်းထိုင်ဆရာလေး ဒေါ်ဒမ္မေသီက ပြောခဲ့ပါတယ်။

၁၀ နှစ်အောက်ကနေပြီးတော့ ၉၀ ကျော်အထိ သီလရှင်အပါး ၄၀ ရှိတဲ့ ဒီကျောင်းဟာ ကိုဗစ်ပထမလှိုင်းမှာ ဆရာလေးတွေကိုဇာတိမြို့တွေဆီ ပြန်လွှတ်ခဲ့ပေမယ့်လည်းထင်မှတ်မထားတဲ့ ဒုတိယလှိုင်းက ကာလရှည်လာသလိုဖြစ်ပြီး လူနေရပ်ကွက်တွေဆီ

အလှူခံထွက်လို့လည်း မရတော့တာကြောင့်ဘဲ အခုအချိန်မှာ သူတို့တွေဟာ

နေ့စဉ်ဆွမ်းကိစ္စအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။

အဲဒီကျောင်းဟာရှမ်းပြည်နယ်ကလာတဲ့ အသက် ၁၀ နှစ်ကနေ ၂၀ ကြားအရွယ်ရှိတဲ့ စစ်ဘေးရှောင်

သီလရှင်ငယ်လေးတွေကိုလည်း လက်ခံစာသင်ပေးနေတဲ့ကျောင်း ဖြစ်ပါတယ်နော်။

လူဦးရေများပြားတဲ့ သီလရှင်ကျောင်းတွေဟာ တစ်ယောက်ကူးစက်မှုစရင် အားလုံးကိုပျံ့နှံ့သွားမှာ

စိုးရိမ်ရတဲ့အတွက် ကျောင်းအပြင် အလှူခံမထွက်နိုင်ပေမယ့် တစ်ဖက်က စားသောက်စရိတ်၊ ဆေးဖိုး၊ မီတာခ စတဲ့ကုန်ကျမှုတွေက

ယခင်ကလိုပဲ ရှိနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သဟပုညကာရီ ကမ္မဋ္ဌာန်းကျောင်းက ဆရာလေးဆန္ဒာထေဝီက ပြောခဲ့တာပါ။

ဒီကျောင်းမှာ သီလရှင် ၆၂ ပါးရှိနေတာပါ။ အသက်အငယ်ဆုံးက ၅၀ ဝန်းကျင်ကစပြီး အသက် ၇၀ ကျော်ဆရာလေးအပါး ၂၀၊

၈၀ ကျော် ဆရာလေး ၅ ပါး သီတင်းသုံးနေတယ်လို့ ဆိုပါတယ် သူတို့ဟာ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင် ၄၈ ခုမှာ

သီးခြားစီနေထိုင်ကြပေမယ့်လည်း သက်ကြီးသီလရှင်တွေ ကျန်းမာရေးအတွက် အပြင်လူတွေနဲ့ ထိတွေ့မှုမရှိအောင်

ဝင်ပေါက်တွေကို ဦးဆောင်ဆရာလေး တွေကဘဲ သော့ခတ်ထားတာပါ

Leave a Reply