မဟာဗန္ဓုလပန်းခြံ ကို အကန့်အသတ်မရှိ ပိတ်ပြီ

မဟာဗန္ဓုလပန်းခြံ ကို အကန့်အသတ်မရှိ ပိတ်ပြီ

Local News

မဟာဗန္ဓုလပန်းခြံ ကို အကန့်အသတ်မရှိ ပိတ်လိုက်ပါပြီ။

ကိုဗစ် ၁၉ ကာလအတွင်းတွင် လူများဖြင့် အမြဲစည်ကားနေသော ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို

ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ပါသည်။ မဟာဗန္ဓုလပန်းခြံသည် ကိုဗစ်ကာလအတွင်း ပိတ်ခဲ့ခြင်းလုံးဝမရှိဘဲ

လူအများဖြင့် အမြဲစည်ကားနေသာနေရာဖြစ်သည်။ ယမန်နေ့တွင် ရန်ကုန်တိုင်းမှ တာဝန်ရှိသူများမှ လာရောက်စစ်ဆေး

ခဲ့ပြီးနောက် ယခုကဲ့သို့ ရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းဖြစ်သည်။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း

နေထိုင်သူများမှာလည်း မဟာဗန္ဓုလပန်းခြံတွင် လူအများလာရောက်လည်ပတ်မှုကြောင်း ကိုဗစ် ၁၉ ပြန့်နှံကာ

ကူးစက်မှုပိုမိုများပြားလာမည်ကို ကြောက်ရွံလျက်ရှိကြသည်။ ရန်ကုန်မြို့ရှိ တခြားသော လူအများလာရောက်နေကြသော

ကန်တော်ကြီးနှင့် အင်ယားကန်ဘောင်များကိုတော့ ပိတ်သိမ်းခြင်းမရှိသေးပါ။

ယခု မဟာဗန္ဓုလပန်းခြံကို ပိတ်လိုက်ခြင်းကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရှိရခြင်းဖြစ်သည်။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...