တင်ဝင်းလေး(ကြည့်မြင်တိုင်)
ရန်ကုန်မြို့တွင် ကားလမ်းပေါ်မှ ရထားလမ်းဖြတ်ကျော်သွားသည့် နေရာမှာ တစ်ခုတည်းသာရှိသည်။ ကြည့်မြင်တိုင်နယ်မြေနှင့် စမ်းချောင်းနယ်မြေထိစပ်ရာ အလယ်ရှိ ဗားကရာချောက်ကြီးပင် ဖြစ်သည်။
ဗားကရာချောက်ကြီးမှာ မူလကတည်းကရှိသော ချောက် ကြီးတစ်ခုဖြစ်သည်။ လူတို့မှ ဖန်တီးတူးဖော်ထားသော ချောက် မဟုတ်ပေ။ လိုအပ်ချက်အရ ဖြည့်ဆည်းပုံဖော်မှုအပိုင်းသာ ရှိခဲ့သည်။ ကြည့်မြင်တိုင်နယ်မြေသည် မူလကတည်းက လျှိုမြောင်၊ စမ်းချောင်း၊ ချောက်တို့ရှိခဲ့သည်။
ချောက်ကြီးပေါ်မှ ရထားလမ်းဖြတ်ကျော်တည်ဆောက်မှုမှာ ဆရာ မောင်မြတ်မွန်(ဆူးလေ)၏ ”ရွှေတိုင်ကောက်ကြောင်း” မှတ်တမ်းအရ ၁၈၆၉ ခုနှစ် ရန်ကုန်-ပြည်ရထားလမ်းဖောက်ခြင်းမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရထားလမ်းပိုင်းဖြစ်သည်။ ရထားလမ်းပိုင်းအရှည် ၁၆၁ မိုင် ရှိသည်ဟု သိရသည်။
မှတ်တမ်းအရ The Irrawaddy Valley State Railway Co. ကို ကန်ထရိုက်ပေး တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ အင်ဂျင်နီယာနှစ်ဦးမှာHume နှင့် Innisတို့ဖြစ်သည်။ ထို့ကြောင့် ရထားလမ်းအနီးတွင် ¤င်းတို့၏ အမည်ဖြင့် မှည့်ခေါ် ထားသော ဟုမ်းလမ်းနှင့် အင်းနစ်ဟူ၍ရှိခဲ့သည်။ ယခုအခါ ထိုလမ်းနှစ်လမ်းကိုပေါင်း၍ မြန်မာအမည်ဖြင့် ပန်းလှိုင်ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။
ယင်းရထားလမ်းဖောက်လုပ်ရာ လမ်းတစ်လျှောက်၌ အခက်အခဲဆုံးမှာ မွန်ဘာသာဖြင့် ”ဘာ့က်ရ်”ဟု ခေါ်သည့် ဗားကရာ ချောက်ကြီးပင်ဖြစ်သည်။
ရထားလမ်းအောက်မှ ကားလမ်းဖောက်ရာတွင်လည်း အဓိကပြဿနာမှာ ထူထပ်စွာပေါက်နေသည့် ခရာဆူးချုံပင်များ ကို ရှင်းလင်းရခြင်းနှင့် မြစ်ရေတိုးဝင်မှုပင် ဖြစ်သည်။ လှိုင်မြစ်နှင့် နီးသည့်အတွက် ရေဝင်၊ ရေထွက်ထိန်းရာတွင် ချောက်ကမ်းနှစ် ဖက်အား နံရံထိန်း Retainaing Wall မှာ ခိုင်ခံ့စွာ တည် ဆောက်ရသကဲ့သို့ ရေဆင်းအတွက် ကားလမ်း အောက်မှ လိုဏ်ဖောက်ရခြင်းပင်ဖြစ်သည်။
တစ်ဖန်ကားလမ်းဖောက်ခြင်းအား ဓာတ်ပုံမှတ်တမ်းတင် တစ်ခုဖြင့် သက်သေပြုရသော်.. စမ်းချောင်းမြို့နယ် အတုလာ ဓိပတိ မဟာမုနိသကျကိုးထပ်ကြီးဘုရားမှ ရှေးဟောင်းဓာတ်ပုံ မှတ်တမ်းတစ်ပုံအရ ချောက်တစ်ဖက် ဘုရားရှေ့ကားလမ်း ဟောင်းနှင့် ဘုရားရင်ပြင်မှာ တစ်သားတည်း တစ်ညီတည်းဖြစ် သည်ကို တွေ့မြင်ခဲ့ရခြင်းပင်ဖြစ်သည်။ ဓာတ်ပုံမှတ်တမ်းတွင် ရေးထိုးထားသည့် ခုနှစ် အရ ၁၉၂၆ ခုနှစ်ဖြစ်သည်။ ထို့ကြောင့် ချောက်လေးဖက်လေးတန် ကားလမ်းဖောက်ခြင်းမှာ ထိုခုနှစ် နောက်ပိုင်းကာလကပင်ဟု မှတ်ယူရမည်ဖြစ်သည်။
ရေဝင်၊ ရေထွက် တွက်ချက်မှုတွင် လှိုင်မြစ်ရေအတက်အကျ ကိုချိန်၍ ကားလမ်းအောက်တွင် လိုဏ်(မြောင်း)ကို ဖောက်ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ စာရေးသူ၏အဘိုး ဆလရ (ဆောက် လုပ်ရေး)၏ အဆိုအရ လှိုင်မြစ်ဘက်အခြမ်း လိုဏ်ခေါင်းအဝ၌ ဖွင့်ပိတ်ကြရသော သံတံခါးကြီးတစ်ခု ရှိသည်ဟု ဆိုခဲ့ဖူးသည်။
ဗားကရာချောက်မှ ကမ်းနားလမ်းဘက်သို့ သွားရာလမ်းမီး ပွိုင့်အနီး ကားလမ်းမအလယ်တွင် ချောက်အတွင်းသို့ ဆင်းနိုင် သည့် အပေါက်တစ်ခုရှိသည်။ သံလှေကားတစ်ခုတပ်ဆင်ထား သည်။ လွန်ခဲ့သော နှစ်နှစ် (၂ဝ၁၅) ခုနှစ်က အခါအခွင့်ကြုံ၍ စာရေးသူကိုယ်တိုင် ယင်းအပေါက်မှ ချောက်အတွင်းသို့ ဆင်းခဲ့ ဖူးသည်။ သံလှေကားလုံးဝမရှိတော့သဖြင့် ဝါးလှေကားလေးဖြင့် ဆင်းခဲ့ကြရသည်။
စာရေးသူဆင်းကြည့်သည့်အချိန်၌ မတ်တတ်ရပ် လက် တစ်ဆန့်တွင် အပေါ်နံရံကို ထိမိသည့်အနေအထားဖြစ်သည်။ ရေစုကန်အတွင်း၌ အမှိုက်များ မြင့်တက်လာခြင်းကြောင့်ဖြစ် သည်။ သို့မဟုတ်ပါက ယခုထက်နက်ရှိုင်းမည့်အနေအထားတွင် ရှိသည်။ အတွင်းပိုင်း၌ ကားလမ်း၏ လေးဖက်ဘေးတန် မြောင်း ငယ်အသီးသီးမှ စီးဝင်လာမည့်ရေများကို စုစည်းထားနိုင်သော ရေစုကန်ရှိသည်။ စည်ပင်မှ လမ်းတံတားအင်ဂျင်နီယာတစ်ဦး၏ပြောပြချက်အရ ရေစုကန်မှာ အကျယ် ၁ဝ ပေ၊ ရှစ်ပေရှိပြီး အနက် မှာ ခြောက်ပေရှိသည်ဟု သိရသည်။ ရေစုကန်ရေပြည့်မှသာ လိုဏ်ခေါင်းအတိုင်း ကမ်းနားဘက်သို့ ဆင်းသွားခြင်းဖြစ်သည်။
လိုဏ်ခေါင်းအရှည်မှာ ကမ်းနားလှိုင်မြစ်ဝအထိ ပေ ၁၂ဝဝ အရှည်ရှိပြီး အဝအကျယ်မှာ ငါးပေကျော်ရှိ သည်ဟု ဆိုသည်။
လိုဏ်ခေါင်းအား အင်္ဂလိပ်လက်ထက်က တည်ဆောက်မှုအတိုင်း အုတ်များဖြင့် ပိုက်လုံးသ္ဌာန် တည်ဆောက်ထားခြင်း ဖြစ်သည်ကို တွေ့ရသည်။
စမ်းချောင်းဘက်မှလာသော လိုဏ်ကို ”ဂ” ငယ်သ္ဌာန် အုတ်ဖြင့် စီထားသည်။ ကားလမ်းအပေါ်မှ ရေဆင်းပေါက်တို့မှာ အုန်းလက်သ္ဌာန်ရှိပြီး ယခုမီးပွိုင့်ထောင့်မှ အပေါက်လေးပေါက် မှာ ကလေးတစ်ယောက်ငုံ့၍ဝင်နိုင်သော အကျယ်အဝန်းဖြစ် သည်။ ရပ်ကွက်မှ ကလေးများ ဘောလုံးကစားရာမှ ယင်းလိုဏ် အတွင်းသို့ ဘောလုံးကျရောက်သွားသည့်အခါ ထိုအပေါက်မှ ဆင်းကောက်လေ့ရှိသည်ကို မှတ်မိသည်။
ယခုအခါ ခေတ်ကာလကြာပြီဖြစ်၍ အပေါက်မှာ ကျဉ်း မြောင်းသွားပြီဖြစ်သည်။ ထို့အပြင် ကမ်းနားလမ်းနှင့် ဗားကရာ လမ်းဆုံ ရာ လက်ဝဲဘက်ထောင့်၊ ယခုလက်ဖက်ရည်ဆိုင်အနီးတွင် လိုဏ်အတွင်းသို့ ဆင်းနိုင်သည်။ ခြောက်ပေပတ်လည်အပေါက် တစ်ခုရှိသည်ဟု ယင်းအင်ဂျင်နီယာပြောပြ၍ သိရသည်။
ယခုလက်ရှိ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းကပင် ”ကျွန်တော်တို့ ငယ်ငယ်ကလည်း ဒီချောက်ထဲကို ဆင်းခဲ့ရဖူး တယ်။ သံလှေကားလေးရှိတယ်။ တည်ဆောက်ထားတဲ့ခုနှစ် သက္ကရာဇ်ကို သြံ<ွကပ်ပြားနဲ့လောင်းပြီး ကပ်ထားတာရှိတယ်။ အခုအဲဒါတွေမရှိတော့ဘူးလို့တော့ ကြားတယ်”ဟု တွေ့ဆုံစဉ်က
အမှတ်တရပြောပြဖူးခဲ့သည်။
တစ်ဖန်ရထားလမ်းနှင့်ယှဉ်၍ ဓာတ်ရထားလမ်းတစ်ခုကို အင်္ဂလိပ်လက်ထက်ကပင် ချောက်ပေါ်မှ ဖြတ်သန်း၍ တည် ဆောက်ခဲ့သည်။ ထို့ကြောင့် ဗားကရာချောက်အပေါ်၌ ရထား လမ်းတစ်ခု၊ ဓာတ်ရထား လမ်းတစ်ခု၊ တံတား နှစ်ခု ယှဉ်တွဲ တည်ရှိခဲ့သည်။ အောက်ခြေထောက် တိုင်များကို သံဟင်္ဂလန်များဖြင့် တည်ဆောက် ခဲ့သည်။ သံဟင်္ဂလန်တစ်ခုပေါ်၌ တည်ဆောက် သည့် ခုနှစ်သက္ကရာဇ်ကို သြံ<ွကပ်ပြားဖြင့် ပုံဖော် ပြုလုပ်၍ ထားရှိသည်ကို တွေ့ခဲ့ဖူးသည်။ ချောက် အနီးတွင် နေထိုင်သည့် အသက် ၈၅ နှစ် ရှိပြီ ဖြစ်သော အဘ ဦးဘချိုကပင် မှတ်မှတ်သားဖြင့် တိကျစွာပြန်ပြောပြခဲ့သည်။ ထိုသြံ<ွကပ်ပြားပေါ် မှ ခုနှစ်မှာ ၁၉၁၃ ခုနှစ်ဟု ဆိုခဲ့သည်။ ယခု ထိုဓာတ်ရထားလမ်းမှာ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလနောက်ပိုင်း တပ်မတော်အစိုးရ လက်ထက် တွင် ဖျက်သိမ်းခဲ့သည်။ လက်ရှိရထားလမ်း တစ်ခုသာလျှင် ကျန်ရှိတော့သည်။
ယခုအခါ ဗားကရာချောက်ကျော် ရထား လမ်းနှင့် ကားလမ်းတည်ဆောက်မှု သက်တမ်း မှာ နှစ် ၁ဝဝ ကျော်ကာလသို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ရေဝင်၊ ရေထွက် ရေနုတ်မှု အလွန် ကောင်း နေဆဲပင်ဖြစ်သည်။ တည်ဆောက်မှု စနစ်မှာ နောင်လာနောက်သားများအတွက် အတုယူစရာအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ် သည်။
သို့အတွက် ခေတ်အဆက်ဆက်မှ ထိန်းသိမ်း စောင့်ရှောက်လာမှုအပြင် ယနေ့လွှတ်တော် သက်တမ်း၌ ပြီးခဲ့သော စက်တင်ဘာ ၂၉ ရက်က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာပင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ”ဗားကရာချောက်ကြီးမှာ ယခုအခါ ယိုယွင်း ပျက်စီးလျက်ရှိပြီး အပေါ်ယံမှ ကပ်ထားသော ဘိလပ်မြေများ ကွာကျလျက်ရှိကာ အမြင်မတင့် တယ်ကြောင်း၊ ဖြတ်သန်းနေသည့်ယာဉ်များ အတွက် အ္တရာယ်ရှိ၍ မြို့အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပအောင် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ” မေးမြန်းမှုအပေါ် မြို့တော်ဝန် ဦးမောင်မောင်စိုးက ”မည်မျှပင် ရေကြီးကြီး တည်ဆောက်ထားတဲ့စနစ် ကောင်းမွန်တဲ့ အတွက် ရေမကျန်ကြောင်း၊ စည်ပင်ကို ဒုက္ခ မပေးသောချောက်ကြီး” ဖြစ်ကြောင်း အမွှမ်းတင် ပြောကြားခဲ့ပေသည်။
ဖြေကြားပြီး နောက်တစ်ရက်မှပင် အစပြု၍ ဗားကရာ ချောက်ကြီးအား ပြန်လည်ပြုပြင် အလှဆင်နေပြီ ဖြစ်သည်။ ခေတ်တစ်ခေတ်၏ သမိုင်းအမွေအနှစ်အဖြစ် ရှိနေဆဲဖြစ်သော ဗားကရာချောက်ကြီးအား သက်ဆိုင်ရာဌာန များတင်မက အနီးပတ်ဝန်းကျင် ရပ်ကွက် ဒေသခံ ပြည်သူများကပါ ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။